နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ကွ

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးစာပေတွေ လေ့လာဖတ်ရှုဆည်းပူးနေတဲ့ လူငယ်ချာတိတ်တွေကို ပြောချင်တယ်။ ခင်ဗျားတို့တတွေ နိုင်ငံရေးအဘိဓာန်တွေ နာနာရှာဖတ်ပါ။ နိုင်ငံရေးအဘိဓာန်လို့ ပြောတဲ့နေရာမှာလည်း တစ်အုပ်ကောင်းကိုင်ထားစရာ ရှားတယ်။ ဆိုင်ရာဆိုင်ရာ နယ်ပယ်အလိုက် အဘိဓာန်ကောင်းတွေ၊ ဝေါဟာရရှင်းလင်းချက်စာအုပ်တွေ ရှိတယ်။ ဒါတွေကို သေချာစုစည်းပြီး ဂရုတစိုက်လေ့လာပါလို့ ပြောချင်တယ်။ သီအိုရီအားလုံးရဲ့ အခြေခံက စကားလုံးတွေပဲ။ ဒီနေရာမှာ အဓိကစကားလုံးတွေ (Key Words) တွေလို့ ပြောချင်တယ်။ ...

ဆရာအလုပ်ဆိုတာ

ဆရာ အလုပ် လုပ်နေပြီး၊ ပညာကို ဟန်ဆောင်ပန်ဆောင်ချစ်တယ်ဆိုရင်၊ ဆရာ အဖြစ်နဲ့ မထိုက်တန်သူလို့ပဲ ဆိုလို့ရပါမယ်။ စာသင်ရတဲ့ အလုပ်က မလွယ်ပါ။ ကိုယ်ကိုယ်တိုင် စာသင်တဲ့ နယ်ပယ်ထဲ၊ ထဲထဲဝင်ဝင် ရောက်လာလေလေ၊ စာသင်တဲ့ အလုပ်အပေါ်မှာ ပိုပြီး တာဝန်ကြီးတယ်လို့ ခံယူလာဖြစ်လေလေ ဖြစ်လာတယ်။ စာသင်တဲ့ အလုပ် က၊ တစ်ကိုယ်လုံး နဲ့ လုပ်ရတယ်။ စာသင်ဖို့အတွက်၊...