စာပေ၊ အနုပညာ ဖန်တီးခြင်း

အထူးသဖြင့် စာပေနဲ့ အနုပညာနယ်။ အောင်မြင်တယ် / မအောင်မြင်ဘူးဆိုတဲ့ ကြားမှာ စည်းလေး ခပ်ပါးပါးပဲ ခြားတယ်လို့ ထင်တယ်။ ဒါက ကျနော့် ရှုမြင်ချက်ပါ။ အဲသည့်ဟာက ဘာလဲဆိုတော့၊ တစ်ခုကောင်း နှစ်ခုကောင်း ဖန်တီးပြီး ရပ်သွားတာပဲ။ စာပေမှာပဲ ဖြစ်ဖြစ်၊ အနုပညာမှာပဲ ဖြစ်ဖြစ် တကယ့် ပရိသတ်ရှေ့ကို ဒေါင်းဒေါင်းပြေး ရောက်လာပြီး နှစ်ပေါင်းများစွာကတည်းက လက်ခံမှုလည်း...

▄ ပါရမီစက်ဝန်း

အခုဖော်ပြထားတဲ့စက်ဝန်းကို - ပါရမီစက်ဝန်း လို့ နာမည်ပေးချင်တယ်။ စက်ဝန်းရဲ့ အလယ်တည့်တည့်မှာ - တစိုက်မတ်မတ် ဆိုတဲ့ စကားလုံးကို တွေ့ပါလိမ့်မယ်။ တစိုက်မတ်မတ် လုပ်ခြင်း ဆိုတာ ပါရမီဖြစ်ခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်။ တစိုက်မတ်မတ် လုပ်ခြင်းဆိုတာ ဇွဲနပဲနဲ့ ထပ်ခါထပ်ခါ လုပ်ခြင်း၊ ကြိမ်ဖန်များစွာ လုပ်ခြင်း၊ ထပ်ဖန်တလဲလဲ ဖြည့်ကျင့်နေခြင်း၊ ဆည်းပူးနေခြင်း၊ လေ့ကျင့်နေခြင်း စတဲ့အနက်သဘောတွေ ပါဝင်ပါတယ်။...

ရူးခွင့်မရှိတဲ့ တိုင်းပြည်

မြန်မာတွေဟာ ရူးသွပ်တာနဲ့ ရူးမိုက်တာကို မခွဲတတ်ဘူး။ ရူးသွပ်တယ်ဆိုတာ အရူးအမူးကို ပြောတာ။ ရူးမိုက်တယ်ဆိုတာ သောက်ပေါကို ပြောတာ။ ဒါပေမယ့် ရူးတယ်ဆိုတာကို မြန်မာတွေတော်တော်များများက လုံးချတယ်။ ဒီကောင် အရူး လို့ ပြောရင် ဘာအရူးမှန်း သေချာ မကြည့်ဘူး။ ဒီကောင် သောက်ပေါ၊ ရူးကြောင်ကြောင်၊ ပေါချောင်ချောင်၊ ဂေါက်တောက်တောက်၊ ဘုဂလန့်၊ ရူးကြောင်မူးကြောင်၊ သူငယ်နာ မစင်တဲ့ကောင်၊...

ဖန်ပုလင်းထဲက မျိုးစေ့တွေ

ခင်ဗျား ဖန်ပုလင်းထဲမှာ မျိုးစေ့တွေ ရှိတယ်။ ဘာမျိုးစေ့လည်းတော့ ကျနော် မသိဘူး။ ကျနော် ယုံကြည်နေတာက ခင်ဗျားက မွေးလာကတည်းက ခင်ဗျား လက်ထဲမှာ ဖန်ပုလင်းတစ်လုံးကိုင်ပြီး မွေးလာတယ်ဆိုတာပဲ။ အဲသည့် ဖန်ပုလင်းကြည်ကြည်လေးထဲမှာလည်း ခင်ဗျား ဘဝ ဘဝက စုဆောင်း ထုံမွှမ်းလာခဲ့တဲ့ အထုံဗီဇကောင်းတွေနဲ့ ကျေးဇူးပြုထောက်ပံ့ထားတဲ့ မျိုးစေ့ တစ်ခုမက ပါလာတယ်ဆိုတာပဲ။ အဲဒါကိုတော့ ကျနော် ယုံတယ်။...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

ကျနော် မေးမယ်

အောင်မြင်မှုအကြောင်း ခင်ဗျား ဘယ်လောက်နားလည်သလဲ… အောင်မြင်မှုအကြောင်း နားမလည်ချင်ဘူး။ ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ အောင်မြင်မှုဆိုတာ ကို အများတကာတွေ အသိအမှတ်ပြုမှုနဲ့ တိုင်းတာကြလွန်းလို့ နားမလည်ချင်တော့တာ။ အများတကာဆိုတာ က အမျိုးမျိုးဖြစ်နိုင်တယ် မဟုတ်လား။ သူတို့တိုင်းတံပေတံတွေကလည်း အဖုံဖုံများလို့နေတယ်မလား။ ဒါ့ကြောင့် အများအသိအမှတ်ပြုခံရအောင် လုပ်တယ်ဆိုတာ အရှုးကို လင်လုပ်နေရသလိုဖြစ်နေတယ်။ ဘယ်သူ့ အသိအမှတ်ပြုမှုကို လိုချင်တာလဲ။ ဘယ်လောက်အသိအမှတ်ပြုခံချင်တာလဲ။ အသိအမှတ်အပြုမခံရရင် အလုပ်...

စင်္ကာပူ အောင်မြင်ရခြင်း၏ အဓိက အကြောင်း (၄) ရပ်

Success of Singapore (PDF)Download ဒီဆောင်းပါးဟာ နိုင်ငံတည်ဆောက်ရေးနဲ့လည်း သက်ဆိုင်တယ်။ ဖွံ့ဖြိုးမှုဗေဒနဲ့လည်း သက်ဆိုင်တယ်။ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို တည်ဆောက်တယ်ဆိုတာကိုလည်း အကျဉ်းသဘောပြထားတယ်။ တိုတောင်းတယ်။ ကျစ်လစ်တယ်။ ထိထိမိမိရှိတယ်။ လိုရင်းကိုသာ ရေးသားတင်ပြထားတယ်။ ဖတ်ရတာ မအီဘူး။ ဒီလို ရှင်းလင်းတဲ့ အရေးအသားနဲ့ နိုင်ငံရေးစာပေတွေ ထွက်လာရင် သိပ်ကောင်းမှာပဲလို့ မှတ်ချက်ပြုမိပါတယ်။ အကြောင်းလေးပါး စင်္ကာပူနိုင်ငံနှင့်ပက်သက်သော...