သီချင်းထဲက ဒဿန                                 

  ★ သီချင်းတွေနဲ့ နေ့တိုင်းလိုလို ကျနော် ထိတွေ့တယ်။ ကျနော်က တေးရေးဆရာတစ်ယောက်တော့ မဟုတ်ဘူး။ တေးသံရှင် အဆိုတော်တစ်ယောက်လည်း မဟုတ်ဘူး။ ဝါသနာရှင် သီချင်းသီဆိုသူလည်း မဟုတ်ဘူး။ ဒါပေမယ့် နေ့စဉ် ကျနော့် နှလုံးကြည်မွှေ့ဖို့အတွက်၊ ထိတွေ့ဖြစ်နေတာက ဂီတနဲ့ သီချင်းတွေ။ သီချင်း​​တွေက ကျနော့် အတွေး အခေါ်ကိုလည်း သယ်ဆောင်ခေါ်ငင်ပေးတယ်။ ကျနော့် ခံစားချက်ကိုလည်း နှိုးဆွပေးတယ်။...

ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ

★ လက်ရှိ ပစ္စုပ္ပန်အတွက် ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ပြိုလဲပြီလားလို့ မေးခွန်းထုတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်စွဲအားကြီးတဲ့ ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ကြီးစိုးနေတာ မဆန်းပါဘူး။ ယခင်ကလည်း ကြီးစိုးတယ်။ ယခုလည်း ကြီးစိုးတယ်။ မဟာခေါင်းဆောင်ကြီးဝါဒ နောက်ကွယ်မှာ၊ ပေါ်ပြူလစ်ဇင်လို့ခေါ်တဲ့ အများကြိုက် (တနည်း) လူပိန်းကြိုက်ဝါဒ ရှိနေတတ်တယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် လို့၊ မြန်မာစကားမှာ ရှိတယ်။...

သံဃဿ ဒေမ

ကျနော် မူလတန်းကျောင်းသားဘဝ။ (၃) တန်း (၄)တန်း အရွယ်လောက်တုန်းက မနက်ခင်းအချိန် အိမ်ရှေ့ ဘုန်းကြီး ရဟန်းတွေ ဆွမ်းခံကြွရင် ဆွမ်းထွက်ထွက်လောင်းခဲ့ရတယ်။ တခါတရံလည်း ဆွမ်းချည်းသပ်သပ်ပဲ လောင်းလှူနိုင်တယ်။ တခါတရံလည်း ဆွမ်းဟင်းခွက် လောင်းနိုင်တယ်။ နည်းနည်း အမေ့ဆီမှာ ငွေပိုငွေလျှံလေး နည်းနည်း ပိုတယ်လျှံတယ်ဆိုရင်၊ အမေက ဆွမ်းရော၊ ဟင်းရော နှစ်မျိုးလောင်းခိုင်းလေ့ ရှိတယ်။ မိသားစုရဲ့ ဝင်ငွေ...

ဆောင်းပါးရှည်များ စုစည်းမှု (PDF Free Download)

Armed-Struggle-by-Min-ThaytDownload Ethnic-Leaders-Open-Letter-Download Ye-Htuts-Book-review-by-Min-ThaytDownload Two-Factors-of-CHINA-by-Min-ThaytDownload Tatmadaw-and-Burmese-Nationalism-by-Min-Thayt-1Download Road-to-Development-in-China-by-Min-ThaytDownload Rakhines-Nationalism-by-Min-ThaytDownload Open-Letter-by-Min-ThaytDownload New-Map-of-Burma-by-Min-ThaytDownload Min-Thayt-Case-Study-of-Comparative-Politics-Military-Coup-7-Nov-2021Download China-approach-on-Myanmar-Spring-by-Min-ThaytDownload China-Myanmar-Comparative-article-by-Min-ThaytDownload Aung-San-Suu-Kyi-as-Symbolism-by-Min-ThaytDownload Araken-Dream-by-Min-ThaytDownload Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022-1Download Yangon-Government-to-Naypyidaw-by-Min-ThaytDownload Kyaw-Wins-Books-List-by-Min-ThaytDownload

မဟာဂန္ဓာရုံဆရာတော်၏ သွန်သင်ချက်

လွန်ခဲ့တဲ့ (၈) နှစ်လောက်က ဖြစ်မယ်။ ၂၀၁၃ ခုနှစ်လောက်ကပေါ့။ စာကြည့်တိုက်မှူးလုပ်ရင်း၊ စာအုပ်တွေကို မွှေပြီး ဖတ်ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ။ မှတ်မှတ်ရရ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ အဆိုအမိန့် စာအုပ်ကလေး။ အင်္ဂလိပ် - မြန်မာ တွဲလျက်ပေါ့။ အဲသည့်စာအုပ်ပါးပါးကလေးထဲက ဆရာတော်ကြီး မိန့်မှာချက် တွေကို မှတ်စုစာအုပ်ထဲမှာ အတော်များများ ကူးမှတ်ထားတယ်။ အခုလည်း ပြန်ပြန် ဖတ်မိတယ်။...

နေ့သစ်မှာ မျှော်လင့်ခြင်းအသစ်တွေ

ဆရာမြသန်းတင့်က ပြာပုံထဲက နိုးထလာတဲ့ ဖီးနစ်ငှက်လိုလို့ တင်စားပြီး မန္တလေးကို ဖွဲ့ခဲ့ဖူးတယ်။ မန္တလေးဟာ ကမ္ဘာစစ်ဒဏ်ကြောင့် ပြာပုံဖြစ်ခဲ့ပေမယ့်၊ အလျင်အမြန်ပဲ ပြာပုံထဲက ထမြောက်ပျံသန်းလာနိုင်ကြောင်း၊ မန္တလေးမြို့ရဲ့ အားမာန်ကို ဖွဲ့ဆိုခဲ့တယ်။ ထို့နောက် စစ်ဘေးဒဏ်ကို ရှောင်တိမ်းဖို့ စစ်ကိုင်းတောင်၊ စစ်ကိုင်းချောင်၊ စစ်ကိုင်း - မင်းဝံတောင်ရိုးထဲမှာ အလျှိုလျှိုခိုလှုံနေကြတဲ့ မန္တလေးသူ၊ မန္တလေးသားတွေဟာ မြို့မတီးဝိုင်းနဲ့ အတူ ပြည်တော်ဝင်လာခဲ့ပုံကို...

ယုံကြည်စိတ်ချရမှု

ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့တဲ့သူ အတော်များများကို တွေ့ဖူးမပေါ့။ ဘယ်လောက်ပဲ တော်တော်၊ ဘယ်လောက်ပဲ ထက်မြက် ထက်မြက်ပါစေ။ ဒီလူတစ်ယောက်ဟာ မယုံရဘူး၊ စိတ်မချရဘူးဆိုရင် ဘယ်လို တာဝန်မျိုးကို ပေးရဲတော့မလဲ။ ခရီးတစ်ခုကို သွားသည် ဖြစ်စေ။ အလုပ်တစ်ခုကို လုပ် ဖို့ ဖြစ်စေ။ ဒီလူဟာ မယုံရဘူးဆိုရင် ဘယ်လို ဖြစ်ပါတော့မလဲ။ ကိုယ်နဲ့ တစ်ဖွဲ့တည်း၊ တစ်အုပ်စုတည်းမှာ ကြုံဖူးကြမပေါ့။...

ဗမာ့စိတ်နေစိတ်ထား

ဗမာတွေထဲမှာ တွေ့ရလေ့ရှိတဲ့ စိတ်နေစိတ်ထားလေးတွေကို ထပ်ပြီး တင်ပြချင်ပါသေးတယ်။ အဘိဓမ္မာလို ခန့်ငြားတဲ့စကားလုံးတွေမှာ ပျော် ဗမာတွေဟာ အဘိဓမ္မာကို သိပ်နှစ်ခြိုက်တတ်၊ သိပ်ခံတွင်းလိုက်တတ်တယ်လို့ - သမိုင်းပညာရှင် ဒေါက်တာ မောင်မောင်ကြီးက ဆိုပါတယ်။ အထူးသဖြင့်၊ စာလာပေလာ ကျမ်းဂန်လာလို့ ဆိုရင် အထင်ကြီးတတ်ကြတယ်။ တချိန်က ဗမာပြည်မှာ အဘိဓမ္မာငြင်းခုန်ပွဲတွေ သိပ်ခေတ်ထခဲ့ဖူးတယ်လို့ ဆိုတယ်။ တကယ်တော့ ဗမာတွေဟာ အဘိဓမ္မာနဲ့...

▣ ဖေ့ဘုတ်ခ် ဆိုတာ ပန်းခြံလား

ဖေ့ဘုတ်ခ် (FACEBOOK) ဆိုတာ ပန်းခြံလားလို့ မေးလိုက်တော့ အမေးခံရသူရဲ့ အမြင်မှာ၊ သစ်ပင်ပန်းမန်တွေ စုံလင်ဖူးပွင့်နေတဲ့ ပဒေသစုံပန်းခင်းကြီးကို သွားမြင်လိမ့်မယ်။ သို့တည်းမဟုတ် နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ၊ သစ်ခွပန်းတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးကို သွားမြင်မိမယ်။ အနီးစပ်ဆုံးတော့ ကိုယ်ရောက်ဖူးခဲ့တဲ့ ကြည်နူးဖွယ် ပန်းခြံလေး၊ ပန်းခင်းလေးတွေကို ပြေးမြင်မိကြလိမ့်မယ်။ ကောင်းတဲ့အာရုံ၊ ကြည်လင်တဲ့အာရုံ၊ ငြိမ်းချမ်းတဲ့အာရုံ၊ အေးမြတဲ့အာရုံဓာတ်ကို စွဲလမ်းသူအဖို့ ဒီလို...

▣ ရှက်တတ်မယ်ဆိုရင်

• လူမိုက်တို့အလယ်မှာ အမိုက်ကန်းနိုင်ဆုံးသူက ပွဲလယ်တင့်မပေါ့။• ဒါပေမယ့် လူကြီးလူကောင်းတို့ အသိုင်းအဝန်းမှာ လူမိုက်ကန်းဟာ ဘယ်လိုလုပ် ပွဲလယ်တင့်မလဲ။• သူယုတ်တို့အလယ်မှာ အယုတ်မာနိုင်ဆုံးသူက လူရာဝင်မှာပေါ့၊ လူတောတိုးမှာပေါ့၊ လူယုတ်တို့ပွဲမှာ တင့်မပေါ့။• လူကြီးလူကောင်းတို့ အလယ်မှာတော့ လူယုတ်မာက ဘယ်လိုလုပ် ပွဲလယ်တင့်မလဲ။ ချောင်ကုတ်နေရမှာပေါ့၊ ပထုတ်ခံရမှာပေါ့၊ လျစ်လျူရှုခံရမှာပေါ့။ …………..@ …….. @ ………@ • ကျနော်တို့...