ဟာသဉာဏ်ရွှင်တဲ့ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်

ခင်ဗျား နံဘေးနားမှာ၊ ဟာသဉာဏ်ရွှင်တဲ့လူတစ်ယောက်လောက် ရှိနေရင် သိပ်ကောင်းမယ်။ ဒါဟာ ဒီနေ့ ဒီခေတ် အခြေအနေမှာ ကံကောင်းတယ်လို့တောင် ပြောနိုင်တဲ့ အရာ။ ဟာ…. ဘာလို့လဲ၊ ဘာ့ကြောင့်လဲလို့ ခင်ဗျား မေးချင် မေးလိမ့်မယ်။ ဟုတ်တယ်။ မေးရပါလိမ့်မယ်။  အခြေအနေအရပ်ရပ်က အကျပ်အတည်းနဲ့ ကြုံတွေ့နေတယ်။ ခင်ဗျား နေ့စဉ် ကြားနေ၊ တွေ့နေ၊ မြင်နေရတဲ့ အရာ အားလုံးဟာ...

ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ

ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင် ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ လူအဆင့်မှာ မရှိတော့ပါဘူး။ (ဦးဇောတိက၊ လွတ်လပ်သောစိတ်၊ ၂၀၀၆ ၊ စာ ၇၈) လွတ်လပ်သောစိတ် စာအုပ်ဟာ ကျနော့်ဘဝရဲ့ ရာခိုင်နှုန်းအတော်များများကို လွှမ်းမိုးပြုပြင်ခဲ့တဲ့ စာအုပ်ဖြစ်ပါ တယ်။ လွတ်လပ်မှုနဲ့ ဆက်စပ်တွေးခေါ်ရတဲ့ ရွေးချယ်ခွင့်ဆိုတာကို ကျနော် ရှာဖွေခဲ့တယ်။ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း…တဲ့။ရွေးချယ်တာကို မလုပ်ရင်….တဲ့။လူ့အဆင့်မှာ မရှိတော့ဘူး….တဲ့။...

လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား

★ ကျနော်တို့ ငယ်စဉ်ကလေးဘဝတုန်းက၊ လူကြီးသူမတွေ ဆုံးမဖူးတဲ့စကားတွေထဲမှာ အမှတ်ထားခဲ့ရတာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက၊ ဟဲ့ခလေး….“ လူ့အောက်ကျို့လို့ လူပိမသေဘူး” တဲ့။ မြန်မာ့လူမှုဓလေ့ထုံးစံမှာ၊ လူအချင်းချင်းကြားမှာ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ထောင်လွှားမှု မလုပ်ဖို့၊ မာန မထောင်လွှားဖို့နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ သွန်သင်တာလို့ နားလည်ရပါတယ်။ သို့သော်လည်း ဒါဟာ ငယ်စဉ်ကလေးဘဝမှာ၊ ကျနော်တို့ကို ရိုကျိုး တတ်အောင်...

ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ

★ လက်ရှိ ပစ္စုပ္ပန်အတွက် ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ပြိုလဲပြီလားလို့ မေးခွန်းထုတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်စွဲအားကြီးတဲ့ ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ကြီးစိုးနေတာ မဆန်းပါဘူး။ ယခင်ကလည်း ကြီးစိုးတယ်။ ယခုလည်း ကြီးစိုးတယ်။ မဟာခေါင်းဆောင်ကြီးဝါဒ နောက်ကွယ်မှာ၊ ပေါ်ပြူလစ်ဇင်လို့ခေါ်တဲ့ အများကြိုက် (တနည်း) လူပိန်းကြိုက်ဝါဒ ရှိနေတတ်တယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် လို့၊ မြန်မာစကားမှာ ရှိတယ်။...

လူ့အောက်ကျို့ဖို့ သင်ကြားခံရဖူးသလား

ကျနော်တို့ ငယ်စဉ်ကလေးဘဝတုန်းက၊ လူကြီးသူမတွေ ဆုံးမဖူးတဲ့စကားတွေထဲမှာ အမှတ်ထားခဲ့ရတာတွေ ရှိတယ်။ အဲသည့်ထဲက တစ်ခုက၊ ဟဲ့ခလေး….“ လူ့အောက်ကျို့လို့ လူပိမသေဘူး” တဲ့။ မြန်မာ့လူမှုဓလေ့ထုံးစံမှာ၊ လူအချင်းချင်းကြားမှာ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ထောင်လွှားမှု မလုပ်ဖို့၊ မာန မထောင်လွှားဖို့နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ သွန်သင်တာလို့ နားလည်ရပါတယ်။ သို့သော်လည်း ဒါဟာ ငယ်စဉ်ကလေးဘဝမှာ၊ ကျနော်တို့ကို ရိုကျိုး တတ်အောင် လုပ်ပေးလိုက်တာ၊...

မြန်မာပြည်ဆိုသည်မှာ

ကျနော်ဟာ စာရေးတဲ့အခါ၊ လက်ရှိဖြစ်ပျက်နေတဲ့ လူ့အဖွဲ့အစည်းအကြောင်းကို မြင်ကွင်းကျယ်ကျယ်နဲ့ ပိုမြင်နိုင် ဖို့ ဘယ်လို interpretation လုပ်ရမလဲ၊ ဘယ်လို အနက်ပြန်ရမလဲဆိုတာကို ခဏ ခဏ စဉ်းစားခန်းထုတ်လေ့ရှိပါ တယ်။ ဘာသာရေးဘက်ကနေ လှည့်ပြီး ရေးသားတယ်။ နိုင်ငံရေးဒေါင့်ကနေ ကြည့်ပြီး ရေးတယ်။ လူသားဒေါင့် ကနေ ရပ်ခံပြီး ရေးတယ်။ သင့်၏ မသင့်၏ ဆိုတဲ့ ဒေါင့်၊...

သံဃဿ ဒေမ

ကျနော် မူလတန်းကျောင်းသားဘဝ။ (၃) တန်း (၄)တန်း အရွယ်လောက်တုန်းက မနက်ခင်းအချိန် အိမ်ရှေ့ ဘုန်းကြီး ရဟန်းတွေ ဆွမ်းခံကြွရင် ဆွမ်းထွက်ထွက်လောင်းခဲ့ရတယ်။ တခါတရံလည်း ဆွမ်းချည်းသပ်သပ်ပဲ လောင်းလှူနိုင်တယ်။ တခါတရံလည်း ဆွမ်းဟင်းခွက် လောင်းနိုင်တယ်။ နည်းနည်း အမေ့ဆီမှာ ငွေပိုငွေလျှံလေး နည်းနည်း ပိုတယ်လျှံတယ်ဆိုရင်၊ အမေက ဆွမ်းရော၊ ဟင်းရော နှစ်မျိုးလောင်းခိုင်းလေ့ ရှိတယ်။ မိသားစုရဲ့ ဝင်ငွေ...

နေ့သစ်မှာ မျှော်လင့်ခြင်းအသစ်တွေ

ဆရာမြသန်းတင့်က ပြာပုံထဲက နိုးထလာတဲ့ ဖီးနစ်ငှက်လိုလို့ တင်စားပြီး မန္တလေးကို ဖွဲ့ခဲ့ဖူးတယ်။ မန္တလေးဟာ ကမ္ဘာစစ်ဒဏ်ကြောင့် ပြာပုံဖြစ်ခဲ့ပေမယ့်၊ အလျင်အမြန်ပဲ ပြာပုံထဲက ထမြောက်ပျံသန်းလာနိုင်ကြောင်း၊ မန္တလေးမြို့ရဲ့ အားမာန်ကို ဖွဲ့ဆိုခဲ့တယ်။ ထို့နောက် စစ်ဘေးဒဏ်ကို ရှောင်တိမ်းဖို့ စစ်ကိုင်းတောင်၊ စစ်ကိုင်းချောင်၊ စစ်ကိုင်း - မင်းဝံတောင်ရိုးထဲမှာ အလျှိုလျှိုခိုလှုံနေကြတဲ့ မန္တလေးသူ၊ မန္တလေးသားတွေဟာ မြို့မတီးဝိုင်းနဲ့ အတူ ပြည်တော်ဝင်လာခဲ့ပုံကို...

အဆုံးသတ်တိုက်ပွဲကို မျှော်ကြည့်ခြင်း

တော်လှန်ရေးကာလကိုလည်း စိုးရိမ်တယ်။ တော်လှန်ရေးလွန်ကာလရောက်ခဲ့သည်ရှိသော်၊ တော်လှန်ရေးအလွန် ကာလကိုလည်း စိုးရိမ်တယ်။ ဘာလို့ စိုးရိမ်တာတွေချည်းပဲ ရေးတာလဲ၊ ပြောတာလဲ။ အပျက်သဘောလား။ မဟုတ်ပါ။ တော်လှန်ရေးတောင် အောင်အောင် မနည်းလုပ်နေရတာ တော်လှန်ရေးလွန် ကာလကို တွေးပြီး စိတ်ပူနေမိသေးတယ်၊ မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတာ လိုမျိုး ဖြစ်နေပြီ။ မဟုတ်ပါ။ မဟုတ်ပါ။ တတ်နိုင်သရွေ့ အခင်းအကျင်းတွေကို...

ဗမာ့စိတ်နေစိတ်ထား

ဗမာတွေထဲမှာ တွေ့ရလေ့ရှိတဲ့ စိတ်နေစိတ်ထားလေးတွေကို ထပ်ပြီး တင်ပြချင်ပါသေးတယ်။ အဘိဓမ္မာလို ခန့်ငြားတဲ့စကားလုံးတွေမှာ ပျော် ဗမာတွေဟာ အဘိဓမ္မာကို သိပ်နှစ်ခြိုက်တတ်၊ သိပ်ခံတွင်းလိုက်တတ်တယ်လို့ - သမိုင်းပညာရှင် ဒေါက်တာ မောင်မောင်ကြီးက ဆိုပါတယ်။ အထူးသဖြင့်၊ စာလာပေလာ ကျမ်းဂန်လာလို့ ဆိုရင် အထင်ကြီးတတ်ကြတယ်။ တချိန်က ဗမာပြည်မှာ အဘိဓမ္မာငြင်းခုန်ပွဲတွေ သိပ်ခေတ်ထခဲ့ဖူးတယ်လို့ ဆိုတယ်။ တကယ်တော့ ဗမာတွေဟာ အဘိဓမ္မာနဲ့...