ရာဇပုလ္လင် ၊ စက္ကူဘုရင် စခရင် ဘုရင်မ

(စာ၊ စာရေးဆရာ၊ စာပေ၊ စက္ကူ ၊ စခရင်) စာပေကိစ္စကို ပြောရင်၊ ရေးသူဘက်ကလည်း အရေးကြီးတယ်။ ဖတ်သူဘက်ကလည်း အရေးကြီးတယ်။ ရေးသူ ဆိုတာ ထုတ်လုပ်သူဖြစ်တယ်။ ဖြန့်ချိသူဖြစ်တယ်။ ရောင်းချသူဖြစ်တယ်။ ဖတ်သူကတော့ စားသုံးသူဖြစ်တယ်။ လက်ခံသူဖြစ်တယ်။ ဝယ်ယူသူဖြစ်တယ်။ ဘောဂဗေဒမှာတော့၊ supply side နဲ့ demand side ဆိုပြီး ပြော တယ်။...