ငါတို့ ချမ်းသာတယ်

ငါတို့မှာ ပေါနေတာ အကြံတွေပဲ။ အလုပ်လုပ်မယ့်သူတွေတော့ မပေါဘူး။ လုပ်ချင်သူစိတ်ရှိသူအဖို့၊ လုပ်ရမယ့် အလုပ်တွေက ရှိပါတယ်။ ဒါပေမယ့် ဘာတွေ လုပ်ရမလဲဆိုတာကို လူတွေ မကြည့်တာ ခက်တယ်။ မကြည့်တော့ မမြင်ဘူး။ မြင်ရင်လည်း မမြင်ချင်ယောင်ဆောင်တယ်။ မမြင်ချင်ယောင်ဆောင်တာ ကောင်းတယ်။ မမြင်ဘူး ဆိုတော့ မလုပ်ရတော့ဘူးပေါ့။ အိပ်ချင်ယောင်ဆောင်တဲ့သူက အနိုးရခက်တယ်လေ။ ငါတို့ မနိုးတာမဟုတ်ပါဘူး။ အိပ်ချင်ယောင်ဆောင်နေကြတာပါ။ သိပ်မပင်ပန်း၊...