လှိုင်းနဲ့ လူငယ်

၂၀၂၃ ဩဂုတ် ၂၈ ၊ ဗန်ကူးဘား ကနေဒါ။ အပျိုး။ တချိန်တုန်းက စတိုင်သစ်မဂ္ဂဇင်းမှာ ဖော်ပြထားခဲ့တဲ့ ကျော်ဝင်းရဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖြစ်ခဲ့တယ်။ ဒီဆောင်းပါးကို ပြန်ဖတ်မိချိန်မှာ နှစ်ပေါင်း (၂၀) ရှိခဲ့ပြီဆိုတာကို သတိချပ်စေချင်ပါတယ်။ (စတိုင်သစ်၊ ဧပြီ ၂၀၀၃) ဖြစ်ပါတယ်။ စိန်ခေါ်ကြသူများ စာအုပ်မှာ ပြန်လည်ဖော်ပြတာတွေ့ရတယ်။ လူငယ် အကြောင်းရေးထားတဲ့အပိုင်း။ ခေါင်းစဉ်က...

စာပေ – နိုင်ငံရေး – တော်လှန်ရေး

စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံလား။ စာပေဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ မဟုတ်ဘူး။ နိုင်ငံရေးကလည်း စာပေရဲ့ လက်အောက်ခံ မဟုတ်ဘူး။ စာပေနဲ့ နိုင်ငံရေးဟာ ဘယ်သူ့ ဘယ်သူမှ လက်အောက်ခံ လုပ်ဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်ရပ်ခံတဲ့ဘက်မှာ ဩဇာကြီးအောင် လုပ်ချင်ကြတယ်။ ဒီတော့ နိုင်ငံရေးက စာပေကို လက်အောက်ခံသဘော မြင်လာတာတွေ ရှိတယ်။ အတိတ်သမိုင်းဖြတ်သန်းမှုကို...

ရေမကြည်ရင် ကြည်အောင် ၊ မြက်မနုရင် နုအောင် 

ဘဝမှာ ရှင်သန်ဖို့အတွက် စကားပုံသုံးခုနဲ့ အကြုံးဝင်အောင် ဖော်ပြလို့ ရတယ်။  (၁) ရေကြည်ရာ မြက်နုရာ ရှာ (၂) တစ်ရွာမပြောင်း သူကောင်း မဖြစ် (၃) သေချင်တဲ့ ကျား တောပြောင်း  ဒဿန (၁)  ရေမကြည်ရင် ကြည်အောင်  မြက်မနုရင် နုအောင်  လူတွေဟာ ကမ္ဘာဦးအစကတည်းက — တိရိစ္ဆာန်တွေလို ရေကြည်ရာ မြက်နုရာ လှည့်လည်ရှာဖွေစားသောက် ပြီး...

ဇဝေဇဝါတိုင်းပြည် 

သောက်မှန်းကန်းမှန်းမသိဘူး…. အမှတ်သည်းခြေမရှိဘူး… ဆိုတာ တို့နိုင်ငံမှ အစစ်။ တကယ့် အစစ်။ လွမ်းစရာ ရှိရင် နာစရာနဲ့ ဖြေ…တဲ့။ ငါတို့ ငယ်ငယ်တုန်းက အမေတို့ အဖေတို့ ပြောဖူးတာ ခဏ ခဏ ကြားဖူးတယ်။ တို့ လူမျိုးက မာနကြီးတယ်ဆိုပေမယ့် အသိဉာဏ်လည်း သိပ်ပြီး တိမ်တယ်။ ဒီတော့ ဟိုလှည့်ဒီလှည့်နဲ့ ရောချလိုက် ရင် မျောသွားရော။...

ဝပြည်နယ်ကိစ္စ

ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်က ဘာလဲဆိုတာကို တစ်ချက် ပြန်လေ့လာသင့်တယ် ထင်တယ်။ မြန်မာပြည်မှာ – ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်အစိုးရရယ်လို့ ပေါ်လာပေမယ့် ပြည်နယ်အစိုးရတွေမှာ ဗဟိုအစိုးရ (တနည်း) ပြည်ထောင်စုအစိုးရရဲ့ လက်တံခြေတံတွေအောက်က မလွတ်ပါဘူး။ ၂၀၁၀ - ၂၀၂၀ အတွင်းမှာ တစ်စုံတစ်ရာ လွတ်လပ်သောလုပ်ပိုင်ခွင့် ရှိခဲ့တယ်လို့ ပြောနိုင်ပေမယ့် လက်တွေ့မှာ ဗဟိုဦးစီးစနစ်ရဲ့ ဘောင်ထဲမှာသာ ရှိခဲ့ပါတယ်။...

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

မနေ့က - “အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးတပ်ဦးလား (သို့တည်းမဟုတ်) စင်ပြိုင်အစိုးရလား” ဆိုတဲ့ ဆွေးနွေးပွဲတစ်ခုမှာ၊ ဝိုင်းဝန်းဆွေးနွေးချက်တွေ နားထောင်ဖြစ်ခဲ့တယ်။ ဒီဆွေးနွေးပွဲမှာ၊ ကြားရတဲ့ သဘောထားတွေနဲ့ ကျနော့် ထင်မြင်ယူဆချက်ကို ပေါင်းစပ်ပြီးတော့ အနီးစပ်ဆုံးထင်ဟပ်နိုင်တဲ့ ပုံတစ်ခုကို ချဆွဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ အခု ဖော်ပြထားတဲ့ပုံ ထွက်လာပါတယ်။ သဘောမညီမှု​တွေ ရှိနိုင်သည့်တိုင်၊ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်နေသူတွေရဲ့ အများစုထင်မြင်ယူဆချက်ကို ထင်ဟပ်နိုင်လိမ့်မယ်လို့...

မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာမျဉ်း (အတက် – အကျ)

Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022Download စမှတ်။ ၁၃၀၀ ပြည့်အရေးတော်ပုံ မြန်မာ့တပ်မတော်ကို စတင်သန္ဓေတည်ပေးလိုက်တာကတော့၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု နိုင်ငံရေး လှိုင်းကြီးနေနေတဆင့် ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံဟာ၊ အမျိုးသားရေးသမိုင်းမှာ အထင်ကရ နိုင်ငံရေး လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ အရေးတော်ပုံကို ဖြတ်သန်းရင်း၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေအကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ “အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက်ပြတ်ပြတ်သား သားတော်လှန် တွန်းလှန်နိုင်ဖို့အတွက်ဆိုရင် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခု မလွဲမသွေရှိရမယ်”...

၂၀၂၂ ခုနှစ်ထဲ စစ်ရေးရလဒ် ထွက်ပါ့မလား

စိုးရိမ်စရာတွေ ရေးမိရင် ခွင့်လွှတ်ပါ။ ၁။ မြေပြင်အခြေအနေတွေအရ အထိနာမှုတွေများလာရင်၊ အချင်းချင်း ပြစ်တင်တာ၊ ဆဲဆိုတာ၊ စိတ်ပျက်တာတွေ ရှိလာတတ် ကြပါတယ်။ အဲသည့်အထဲမှာ အဆိုးဆုံးကတော့ တရားခံရှာတာဖြစ်ပါတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်ဆိုပြီးတော့ အချင်းချင်း ပြစ်တင်မောင်းမဲတာတွေ များလာတတ်ပါတယ်။ ဒါတွေဟာ အတွင်းစည်းထဲက ယုံကြည်မှုအချင်းဝက်ကို ပိုပြီး တိုအောင် ဖြတ်တောက်နေတယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသမားတွေနဲ့ စစ်ဗိုလ်တွေဟာ ယုံကြည်မှုကို...

အရေးတော်ပုံနှင့် အရေးတော်ပုံတပ်သား

ဝိဒူရသခင်ချစ်မောင် ပြောခဲ့ဖူးတဲ့ စကားကိုပဲ ဋီကာချဲ့ပြီး တွေးမိပါတယ်။ “စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီဘောင် ကျုံ့တယ်” ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒါကို အပြန်ပြန်အလှန်လှန် သဘောနက်ချဲ့ပြီး ကောက်ယူရင်၊ “ဒီမိုကရေစီ ဘောင်ကို ကျယ်အောင် ချဲ့မှ၊ စစ်ဘောင် ကျုံ့မယ်” ဆိုတာကို တွေ့ရပါတယ်။ လက်တွေ့အနေအထားအရ၊ စစ်ဘောင်ကျယ်လာတာကို ကြည့်ရင်၊ ကျနော်တို့ဟာ ဖြတ်သန်းခဲ့တဲ့ လတ်တလောအတိတ်ကာလမှာ ဒီမိုကရေစီ...

ကာရန် မပျက်ကြေး

၈၈ အရေးတော်ပုံမှာ၊ အလှကဗျာတွေရေးတဲ့ ကဗျာစာဆို။ တော်လှန်ရေးစာဆို တစ်ယောက်ဖြစ်လာခဲ့။ အဲဒါ ဘယ်သူလဲ။ တင်မိုး ဖြစ်ပါတယ်။ တင်မိုးဖြစ်ပါတယ်။ ကဗျာစာဆို တင်မိုး၊ တော်လှန်​သောစာဆို တင်မိုး။ ၁၉၈၈ ဒီမိုကရေစီလူထုအရေးတော်ပုံဖြစ်ပြီး (၁၀) နှစ်အကြာမှာ စစ်အာဏာရှင်တော်လှန်ရေးရလဒ်ဟာ ဇာတ်မျောကြီး ဖြစ်ခဲ့တယ်။ ဒါကို ကဗျာစာဆို တင်မိုးက မချိတင်ကဲနဲ့၊ လူထုကို ကဗျာနဲ့ ပုတ်နှိုးခဲ့ဖူးတယ်။ ဒီကဗျာက...