▄ သမိုင်းလေ့လာချက် အမြင်

မြန်မာ့သမိုင်းလေ့လာချက်နဲ့ပတ်သက်ပြီးတော့၊ စာအုပ်တစ်အုပ်အဖြစ် ဖြစ်ဖြစ်မြောက်မြောက်ရေးသားနိုင်ဖို့၊ ကျနော် အားထုတ်နေပါတယ်။ အထူးသဖြင့်၊ မြန်မာ့ခေတ်သစ်သမိုင်းကို ကျနော် ပိုစိတ်ဝင်စားတယ်။ ခေတ်သစ် သမိုင်းဆိုတာဟာ ၂၀ ရာခုခေတ်တစ်လျှောက်လုံးဖြစ်ထွန်းလာတဲ့ မြန်မာ့သမိုင်းကိုဆိုလိုတာဖြစ်ပါ တယ်။ သမိုင်းဟာ နယ်ပယ်၊ ကဏ္ဍအားဖြင့် ကျယ်ပြောပါတယ်။ ကျနော် ပိုအာရုံစိုက်တဲ့အပိုင်းကတော့၊ နိုင်ငံရေးသမိုင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ ဆက်စပ်ပြီးတော့၊ ယဉ်ကျေးမှု/ဓလေ့/စရိုက်တွေကို စိတ်ဝင်စားလာပါတယ်။ ဒီလိုနဲ့ဆက်စပ်လေ့လာပြီး စာအုပ်စာစောင်တွေ ရှာဖတ်ပါတယ်။ ဖတ်ရင်းနဲ့...