အရှိ ပကတိကို မြင်နိုင်ဖို့

★ ဖြစ်ရပ် ပြဿနာတွေကို စိတ်အာသာဖြေချည်းကပ်နေရုံနဲ့ ပြဿနာတွေဟာ ပြေလည်သွားမှာ မဟုတ်ပါ။ အရှိ ပကတိကို မြင်အောင် ကြည့်ပြီး၊ အဖြေရှာဖို့ လိုပါတယ်။ အရှိတရားကို မြင်အောင် မကြည့်ဘဲနဲ့၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အဖြေကို မတွေ့နိုင်ပါ၊ မရှာနိုင်ပါ။ အဖြေအတွက် ပထမဆုံးလုပ်ရမှာကတော့၊ အရှိ ပကတိကို မြင်အောင် ကြည့်ဖို့ ဖြစ်ပါတယ်။ အသိမြင်ကွင်း ကျယ်ရင်...