◾ စာစုံဖတ်

စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့...

◾ ဖတ်ခြင်း

ဖတ်သူက စာကို ဖတ်တဲ့နေရာမှာ၊ အခြေခံ (၂) မျိုးခွဲခြားကြည့်နိုင်တယ်။ ၁) စာကို ဖတ်တာ၂) ကလောင်ကို ဖတ်တာ ◾ စာကို ဖတ်တာ စာကိုဖတ်တယ်ဆိုတာ၊ စာကိုပဲကြည့်တယ်။ ကလောင်ကို မကြည့်ဘူး။ ကလောင်က ဘယ်လိုကလောင်ပဲဖြစ် ဖြစ်၊ ဘယ်လိုလူကပဲ ရေးရေး။ ကလောင်ကို စိတ်မဝင်စားဘူး။ ကလောင်ကို အာရုံမပြုဘူး။ စာကိုသာ အာရုံပြု တယ်။...

စာကြီးပေကြီးတွေ ကိုင်ပါ

ငယ်တုန်းရွယ်တုန်းမှာပဲ စာကြီးပေကြီးတွေ ဖတ်ကြပါ။ ငယ်ရွယ်စဉ်အချိန်နဲ့ စာဖတ်ခြင်းဆိုတာမှာ ကျနော့်အတွက် လက်တို့ ပြောစရာတစ်ခုရှိပါတယ်။ အခြေခံ စာဖတ် ခြင်းအတွက် ရည်ရွယ်ချက် (၂) ခု ရှိတယ်လို့ ဆိုပါတယ်။ “တူးပီ” “2P” လို့ခေါ်တဲ့ ဦးတည်ချက်နှစ်ခုဖြစ်ပါ တယ်။ စာဖတ်ရင် Pleasure လို့ခေါ်တဲ့ ဖတ်ရင်းနဲ့ ပျော်နေဖို့ လိုသလို၊ Purpose ခေါ်တဲ့ ဖတ်ရင်းနဲ့...

စာတောထဲ မျက်စိလည်ကြပါစေ…

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ...

ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ

ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါ ဖေမြင့် စာအုပ္အညႊန္း ကွန်ဖြူးရှပ်က ပြောဖူးသည်။ မြုပ်နှံခြင်း မရှိတဲ့သူက အကျိုး အမြတ်ကို မခံစားနိုင်ဘူး…. တဲ့။ ဘယ်မှာ မြုပ်နှံရမှာလဲ။ ဘယ်မှာ မြုပ်နှံရမှာလဲ။ မြုပ်နှံတယ် ဆိုတာ ဘာလဲ။ ကျွန်တော် ငယ်စဉ်က ကြားဖူးခဲ့သည်မှာ ရွှေအိုးကို မြေကြီး ထဲမှာ သိမ်းဆည်းမြုပ်နှံသည်ကိုပင် နားလည်ခဲ့သည်။ မြုပ်နှံ ခြင်းဖြင့် ဘာရနိုင်မှာလဲ။...

များများဖတ်ဖို့ထက် နာနာဖတ်ဖို့

တချို့စာတွေက၊ မျက်လုံးနဲ့ ဖတ်ရုံနဲ့ မရဘူး။ လက်နဲ့ ဖတ်မှရမယ်။ လက်နဲ့ ဖတ်တယ်ဆိုတာ၊ လိုင်းသား၊ မျဉ်းသား၊ ခရေပွင့်ပြ၊ မှတ်စုထုတ်၊ မှတ်ချက်ရေး… စတာတွေကို ပြောတာ ဖြစ်ပါတယ်။ စာအုပ်တွေ ဖတ်တဲ့နေရာမှာ၊ များများ ဖတ်ဖို့ထက်၊ နာနာဖတ်ဖို့ကိုပဲ တိုက်တွန်းချင်တယ်။ ဒါ… ကျနော့် စာဖတ်သက်တစ်လျှောက်လုံးမှာ၊ ကျနော် ရခဲ့တဲ့ နည်းပဲ။ များများဖတ်ဖို့လည်း မလိုဘူးလား...