◾ စာစုံဖတ်

စာရေးမယ့်သူဟာ စာစုံဖတ်ဖို့ လိုတယ်။ အမြင်မတူတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေကို ရှာဖတ်ဖို့ လိုတယ်။ စာရေးမယ့်သူဟာ တစ်ဖက်ဖက်မှာ အကြောင်းအရာအားဖြင့်၊ အထူးပြုထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း စုံစုံလင်လင် တို့ထိထားဖို့ လိုတယ်။ အထူးပြုအသိနဲ့ ယေဘုယျအသိကို ကြားချ ပေါင်းစပ်နိုင်ဖို့ လိုတယ်။ အတွေးထောင့်တွေဟာ တစ်ဖက်တည်းက စီးဆင်းနေရင် စာတွေက မကောင်း တတ်ဘူး။ အထွေထွေစာဖတ်ပရိတ်သတ်ကိုလည်း ဆွဲဆောင် ညှို့ငင်နိုင်ဖို့...

◾ ဖတ်ခြင်း

ဖတ်သူက စာကို ဖတ်တဲ့နေရာမှာ၊ အခြေခံ (၂) မျိုးခွဲခြားကြည့်နိုင်တယ်။ ၁) စာကို ဖတ်တာ၂) ကလောင်ကို ဖတ်တာ ◾ စာကို ဖတ်တာ စာကိုဖတ်တယ်ဆိုတာ၊ စာကိုပဲကြည့်တယ်။ ကလောင်ကို မကြည့်ဘူး။ ကလောင်က ဘယ်လိုကလောင်ပဲဖြစ် ဖြစ်၊ ဘယ်လိုလူကပဲ ရေးရေး။ ကလောင်ကို စိတ်မဝင်စားဘူး။ ကလောင်ကို အာရုံမပြုဘူး။ စာကိုသာ အာရုံပြု တယ်။...

စာတောထဲ မျက်စိလည်ကြပါစေ…

မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်နှစ်ကုန်ပိုင်း၊ နိုဝင်ဘာလမှာပဲ ကျနော် စာဖတ်ခြင်းဓလေ့နဲ့ လက်ထပ်နိုင်ခဲ့တယ်။ ကျနော့် ဆယ်ကျော်သက်ဘဝကို ကျနော် အမှတ်ရနေမိတယ်။ ကျနော် ကိုယ်တိုင် စာဖတ်ခြင်းအလေ့ကို စွဲစွဲမြဲ မြဲဖြစ်လာတော့၊ စာနဲ့ပတ်သက်ပြီး “ဆရာ” ရှာခဲ့တယ်။ အထူးသဖြင့်ကတော့ ကျနော့် စာဖတ်ခြင်းအလေ့ကို ပိုပြီး ခိုင်မာအားကောင်းအောင် လမ်းညွှန်နိုင်မယ့် “mentor” တစ်ယောက်ယောက်လိုချင်ခဲ့တယ်။ ကံအကြောင်း မသင့်လို့ ကျနော့်မှာ...

စာကိုလက်နဲ့ဖတ်

လက်နဲ့ စာဖတ်တာက၊ ကြေညက်သော စာဖတ်နည်းပါပဲ။ • ကိုယ့်ခန္ဓာကိုယ်ထဲ၊ • ကိုယ့် ဦးနှောက်ထဲ၊ • ကိုယ့်နှလုံးသားထဲ…. ကို တစိမ့်စိမ့် စိမ့်ဝင်ပျံ့နှံ့နည်းနဲ့ စာဖတ်ခြင်းပါပဲ။ Audio ကျနော် စာသမားဖြစ်လာတဲ့ အခါမှာ၊ စာဖတ်နည်း တော်တော်များများကို သုံးကြည့်တယ်။ အကောင်းဆုံး စာဖတ်နည်းရယ်လို့ မရှိပါဘူး။ ကိုယ်နဲ့ ကိုက်တဲ့ စာဖတ်နည်းက အကောင်းဆုံးပါပဲ။ သို့ပေမယ့်၊...