ရူးခွင့်မရှိတဲ့ တိုင်းပြည်

မြန်မာတွေဟာ ရူးသွပ်တာနဲ့ ရူးမိုက်တာကို မခွဲတတ်ဘူး။ ရူးသွပ်တယ်ဆိုတာ အရူးအမူးကို ပြောတာ။ ရူးမိုက်တယ်ဆိုတာ သောက်ပေါကို ပြောတာ။ ဒါပေမယ့် ရူးတယ်ဆိုတာကို မြန်မာတွေတော်တော်များများက လုံးချတယ်။ ဒီကောင် အရူး လို့ ပြောရင် ဘာအရူးမှန်း သေချာ မကြည့်ဘူး။ ဒီကောင် သောက်ပေါ၊ ရူးကြောင်ကြောင်၊ ပေါချောင်ချောင်၊ ဂေါက်တောက်တောက်၊ ဘုဂလန့်၊ ရူးကြောင်မူးကြောင်၊ သူငယ်နာ မစင်တဲ့ကောင်၊...