▄ ဗမာ့အာဏာဓလေ့

ဗမာတွေဟာ အာဏာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ ဘယ်လိုတိမ်းညွှတ်ချက်မျိုးတွေ ရှိနေပါသလဲ။ လူ့အဖွဲ့ အစည်းဟာ လူတစ်ဦးချင်းစီနဲ့ စုပေါင်းထားတဲ့ အသိုက်အမြုံကြီးဖြစ်ပါတယ်။ လူတစ်ဦးချင်းစိတ်ရဲ့ စိတ်နေ ဓာတ်ခံအားလုံးရဲ့ အပေါင်းအစုဟာ လူမှုဓလေ့ဖြစ်လာပါတယ်။ နိုင်ငံရေးဓလေ့ဖြစ်လာပါတယ်။ ယဉ်ကျေးမှု ဓလေ့ဖြစ်လာပါတယ်။ ဗမာတွေရဲ့ လူမှုနိုင်ငံရေးယဉ်ကျေးမှုဓလေ့တွေကို နားလည်ဖို့ လိုပါတယ်။ ခေတ်သစ် နိုင်ငံရေးလေ့လာချက်မှာ၊ ဒီအကြောင်းအရာကို အရေးတကြီး နားလည်ဖို့ လိုပါတယ်။ အထူးသဖြင့် နိုင်ငံရေး...