အလံတော်အောက်က နေ့စွဲများ

ကျနော့် အတွက်၊ နိုင်ငံရေးအရ၊ ဒေသစာရီ ကြွရသည့် ကာလများက၊ တဖြည်းဖြည်း များပြားလာသည်။ ဒီမိုက ရေစီ ကို ချစ်သည်၊ မြတ်နိုးသည် ဆိုသည်မျိုးထက်၊ ဆင်ခြင်တုံတရားဖြင့် ယှဉ်သော နိုင်ငံရေး အခင်းအကျင်း ဖြစ်စေလိုခြင်းက၊ ကျနော့် ဆန္ဒဖြစ်သည်။ အညာဒေသ၊ မြေလတ်ဒေသ၊ တောင်ပေါ်ဒေသ၊ မြစ်ဝကျွန်းပေါ်၊ မြန်မာပြည်အောက်ပိုင်း၊ စသည်ဖြင့် မြို့နယ်ပေါင်း ၄၀ နီးပါးလောက်ကို၊...

အဖေ အောင်ဆန်း သမီး အောင်ဆန်း

အဖေ အောင်ဆန်း၏ ရည်မှန်းချက်မှာ၊ မြန်မာပြည်သူများ သူ့ကျွန်လက်အောက်မှ လွတ်မြောက်ရေးဖြစ်သည်။ သမီးအောင်ဆန်း၏ ရည်မှန်းချက်မှာ၊ ယခင်က စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး။ ယခု အထွေထွေ တရား မျှတမှုမှသည် ပြည်သူ့ ဘဝ လွတ်လပ်ရေး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ၊ တော်လှန်ခွင့်သာရပြီး အုပ်ချုပ်ခွင့်မရခဲ့သူဖြစ်သည်။ သမီးအောင်ဆန်းမှာမူ၊ တော်လှန် ခွင့်လည်းရ အုပ်ချုပ်ခွင့်လည်း ရသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရပ်ခြား အနောက်တက္ကသိုလ်ကြီး...

လွှတ်တော် အမတ်

ဘယ်သူ အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးဘူး။ ဘယ်လို အုပ်ချုပ်တယ်ဆိုတာ အရေးကြီးတယ်။ နိဒါန်း မြန်မာနိုင်ငံဟာ တော်လှန်ရေးချည်းပဲ လုပ်နေရလို့ နိုင်ငံတည်ဆောက်ရေးကို ဦးမတည်နိုင်ခဲ့တာကြာလှပြီ။ ဗြိတိသျှကို တော်လှန်ရ၊ ဂျပန်ကိုတော်လှန်ရ၊ အချောင်သမားဝါဒကို တိုက်ထုတ်ရ၊ ဆိုရှယ်လစ်စနစ်ဆိုးကို တော်လှန်ရ၊ စစ်အာဏာရှင်ကို ပုန်ကန်ရနဲ့ တည်ဆောက်ရေးဆိုတာ တစ်ဝဲလည်လည် ဖြစ်နေခဲ့တာကြာခဲ့ပြီ။ ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အသွင်ကူးပြောင်းကြမယ်လို့ ဆိုပြီး ဖွင့်သင့်တာဖွင့်၊...

သတင်းစာဆရာ နှင့် နိုင်ငံရေးသမား

သတင်းစာဆရာ နှင့် နိုင်ငံရေးသမား… အပြန်အလှန် ထိန်းထိန်းညှိညှိ…. နိုင်ငံရေးသမားက၊ ဆင်လိုပဲ။ အရေထူတယ်။ တော်ရုံနဲ့ ပြုတ်မနူးဘူး။ စုန်းပြူးလို့တော့ မပြောချင်ပါဘူး။ ဒီစကားက၊ နားထဲဝင်တာ နုပ်လို့။ ပြီးတော့၊ ကန့်လန့်ကြီး ဝင်သွားတော့… အဝင်ဆိုးတယ်။ စာနယ်ဇင်းဆိုတာ၊ ကလောင်နဲ့ အုပ်ချုပ်တဲ့ အစိုးရလို့ ဆရာကြီး လူထုစိန်ဝင်း ရေးတာ ဖတ်ဖူးတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကို၊ စတုတ္ထမဏ္ဍိုင်လို့ ဆိုကြတယ်...

နိုင်ငံရေးသမားလို့ ခံယူသူများအတွက်၊ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးလိုက်ခြင်း….

နိုင်ငံရေးသမားဟာ ကိုယ့်လုပ်ရပ်ကို ကိုယ် ကြောင်းကျိုးဆင်ခြင်ရမယ်။ နိုင်ငံရေးသမားတစ်ယောက် အာဏာ ရှိလာပြီဆိုရင်၊ သူ့လုပ်ရပ်ဟာ သူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး။ အများနဲ့ ဆိုင်လာ ပြီ။ အများကို သက်ရောက်လာနိုင်ပြီ။ ဒ့ါကြောင့် နိုင်ငံရေးလုပ်နေသူအဖို့၊ သူ့လုပ်ရပ်တွေကို သာမန်လူတစ် ယောက်ထက် ပိုပြီး ကြောင်းကျိုးဆင်ခြင်မှု လုပ်နိုင်ရမယ်။ ဒါမှ လူ့အဖွဲ့အစည်းအတွက် ကောင်းသော အကျိုး ရလဒ်ကို ဖန်တီးထားနိုင်မယ်။...

နိုင်ငံရေးသမား

နိုင်ငံရေးသမားအတွက် ကျောင်းရှိသလား…. အာဏာရဖို့အတွက် ရည်ရွယ်ပြီး လုပ်တဲ့ နိုင်ငံရေးသတ္တဝါတိုင်းကို နိုင်ငံရေးသမားလို့ ယေဘုယျသတ်မှတ်လို့ ရပါတယ်။ နိုင်ငံရေးသမားတစ်ယောက်အတွက် လေ့လာစရာ၊ သင်ယူစရာ ကွင်းဟာ ဘာဖြစ်နိုင်ပါသလဲ။ နိုင်ငံရေးသမားတစ်ယောက်အဖို့ လူ့အရေးအရာကိစ္စတိုင်းဟာ လေ့လာသင်ယူစရာတွေချည်းပါပဲ။ လူနဲ့ ဆက်စပ်နေတဲ့ မြေကိစ္စတွေဟာ လေ့လာစရာတွေချည်းပါပဲ။ လူနဲ့မြေကို ပေါင်းထားတဲ့ နိုင်ငံ့အရေးအရာကိစ္စ တွေဟာ လေ့လာသင်ယူစရာတွေ ဖြစ်ပါတယ်။ လူနဲ့မြေကြီးကိစ္စတွေကို စီမံခန့်ခွဲတဲ့ အစိုးရကိစ္စ၊...

ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား မဖြစ်ထွန်းရခြင်း အကြောင်းအရင်းများ

နိုင်ငံရေးသမားလို့ ပြောရင်၊ လူ့အသိုင်းအဝိုင်းက နှုတ်ခေါင်းရှုံ့ချင်ကြသည်။ အကြောင်းမှာ နိုင်ငံရေးသည် အညစ်အထေးလို့ မြင်လို့ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးလို့ ပြောရင် မျက်လုံးပြူးကြသည်။ နိုင်ငံရေးသည် ကြောက်စရာလို့ မြင်လို့ ဖြစ်မည်။ တချို့ကလည်း နိုင်ငံရေးဟုပြောလျှင် မျက်နှာလွှဲသွားကြသည်။ နိုင်ငံရေး သည် ကိုယ်နှင့်မဆိုင်ဟု တွက်ချက်ပုံရသည်။ လူ့အသိုင်းအဝိုင်းက နိုင်ငံရေးအပေါ် မြင်ပုံ အမျိုးမျိုးရှိသည်။ နိုင်ငံရေးဆိုသည်မှာလည်း မျက်နှာစာပေါင်းစုံ ရှိနေသည်သာ။...