▄ ဒီမိုကရေစီဉာဏ်သက်ရင့်လာပြီလား…..

• နိုင်ငံရေးသင်ပုန်းကြီး• ဒီမိုကရေစီ ကကြီး ခခွေး နှင့်• အခြေခံ နိုင်ငံရေးဖတ်စာ။ အသက်ကြီးလာတာနဲ့အမျှ၊ သတိထားနေရတဲ့ကိစ္စ ရှိပါတယ်။ အဲဒါကတော့ အသက်ကြီးပြီး လူကြီးဖြစ်မလာတဲ့ ကိစ္စဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ အသက်နံပါတ်ကြီးလာပေမယ့် စိတ်သက်ရင့်မလာခြင်းကိစ္စဖြစ်ပါ တယ်။ အသက်ကြီးပြီး သူငယ်နာမစင်တာတွေလည်း ရှိပါတယ်။ ဒဿနပါမောက္ခ ဟာရီအိုဗာစထရိက “လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့လူကြီးတွေပဲဖြစ်တယ်” လို့ ရေးခဲ့ဖူးပါတယ်။ ရင့်ကျက်တယ်ဆိုတာ...

▄ အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု

အတိုက်အခံပါတီကောင်း စကားလုံး ဝေါဟာရအတွဲအစပ်ကို စဉ်းစားကြည့်စေချင်ပါတယ်။ “အတိုက်အခံ” “ပါတီကောင်း”။ အတိုက်အခံ ပါတီတိုင်းဟာ မကောင်းပါဘူး။ နောက်မှီးဆွဲပါတီတိုင်းဟာလည်း မကောင်းပါဘူး။ ထိုနည်းလည်းကောင်းပဲ အတိုက်အခံလုပ်တိုင်းကလည်း မကောင်းပါဘူး။ အမြဲတမ်းလိုလို လက်ညှိုးထောင်ခေါင်းငြိမ့်နေတာကလည်း မကောင်းပါဘူး။ ပါတီစုံစနစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ထွန်းလာမှာပါလဲ။ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြန်မာပြည်ဟာ ပါတီစုံစနစ်ကို စလိုက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ဲ ကြုံခဲ့ရတော့၊ ပါတီစုံလွန်းမှာကို ကြောက်နေရ တဲ့အနေအထားဖြစ်ပါတယ်။ အကြောင်းအကျိုး၊ အကန့်အသတ်၊...

▄ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု

လူ့အဖွဲ့အစည်း၏ ပါဝါ လူ့အဖွဲ့အစည်းဆိုတာ လူတစ်ဦးချင်းအနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။• လူတစ်ဦးချင်းစီမှာ ပါဝါရှိသလား။• လူတွေ စုပေါင်းဖွဲ့တည်လိုက်မှ ပါဝါရှိသလား။ ဒီမေးခွန်းနှစ်ခုကို တစ်ခုဆီ ဖြည်ကြည့်ဖို့ လိုပါတယ်။ ပထမ မေးခွန်းက စဖြည်ကြစို့။လူတစ်ဦးချင်းစီမှာ ပါဝါရှိသလား။ ကိုယ်ကျင့်နဲ့ အသိဉာဏ်ပညာကို ကိုယ့်ကိုယ်ကို သေချာပြင်ဆင်လေ့ကျင့်ထားသူမှာ ပါဝါရှိပါတယ်။ လူတိုင်း ဟာ ပါဝါရှိတယ်လို့ မပြောချင်ပါဘူး။ ပါဝါမဲ့လူသားတွေ တစ်ပုံကြီးရှိပါတယ်။ လူဟာ...

လက်သီးမျိုးဆက်မှ လက်ချောင်းမျိုးဆက်သို့

• နှင်းရည်တစက် အိပ်မက်တသက် (Political Drama) • အောင်မိုးဝင်း ။ • ၂၀၁၉ ၊ ဇွန်လ ၊ ရန်ကုန်လမ်းမများစာပေ။ မြန်မာပြည်ပညာရေးကို ဖျက်ဆီးခဲ့တဲ့သူတွေအထဲမှာ အစိုးရတင် သာမကဘူး။ နာမည်ပြီး စာရေးဆရာ တချို့ပါ ပါနေပါတယ်။ ဒီလူတွေက သူတို့ကြိုက်နှစ်သက်တဲ့သူဆိုရင် နတ်ဘုရားနီးပါးပဲ။ ကျန်တဲ့လူတွေအားလုံးကို ဗီလိန် လုပ်ပစ်တယ်။ ကိုအောင်မိုးဝင်းက သူ့ရဲ့ဆောင်းပါး...