နိုင်ငံရေးဥပါဒါန်အစွဲ

မြန်မာ့နိုင်ငံရေးဓလေ့ကို ဆန်းစစ်တဲ့အခါမှာ၊ လူထုရဲ့နိုင်ငံရေးစိတ်ကို သရုပ်ခွဲလေ့လာရမယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ - မြန်မာတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ အတော်များများ ဖြစ်ပျက်နေတာကို တွေ့မြင်နေရတဲ့ကိစ္စကို ပြောချင် ပါတယ်။ နိုင်ငံရေးအစွဲအလမ်းတွေ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးဥပါဒါန်အစွဲတွေလို့ ပြောရင်လည်း ရပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအစွဲအလမ်းစိတ်တွေကို သရုပ်ခွဲကြည့်ရင် ဆင်တူကြောင်းကွဲတွေ အတော်များများတွေ့ရပါတယ်။ မြန်မာတွေရဲ့စိတ်ထဲမှာ မသဲမကွဲဘဲ ရောထွေးတည်ရှိနေတဲ့နိုင်ငံရေးစိတ်အခံတွေ လို့...