▄ အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု

အတိုက်အခံပါတီကောင်း စကားလုံး ဝေါဟာရအတွဲအစပ်ကို စဉ်းစားကြည့်စေချင်ပါတယ်။ “အတိုက်အခံ” “ပါတီကောင်း”။ အတိုက်အခံ ပါတီတိုင်းဟာ မကောင်းပါဘူး။ နောက်မှီးဆွဲပါတီတိုင်းဟာလည်း မကောင်းပါဘူး။ ထိုနည်းလည်းကောင်းပဲ အတိုက်အခံလုပ်တိုင်းကလည်း မကောင်းပါဘူး။ အမြဲတမ်းလိုလို လက်ညှိုးထောင်ခေါင်းငြိမ့်နေတာကလည်း မကောင်းပါဘူး။ ပါတီစုံစနစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ထွန်းလာမှာပါလဲ။ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြန်မာပြည်ဟာ ပါတီစုံစနစ်ကို စလိုက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ဲ ကြုံခဲ့ရတော့၊ ပါတီစုံလွန်းမှာကို ကြောက်နေရ တဲ့အနေအထားဖြစ်ပါတယ်။ အကြောင်းအကျိုး၊ အကန့်အသတ်၊...

▄ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု

လူ့အဖွဲ့အစည်း၏ ပါဝါ လူ့အဖွဲ့အစည်းဆိုတာ လူတစ်ဦးချင်းအနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။• လူတစ်ဦးချင်းစီမှာ ပါဝါရှိသလား။• လူတွေ စုပေါင်းဖွဲ့တည်လိုက်မှ ပါဝါရှိသလား။ ဒီမေးခွန်းနှစ်ခုကို တစ်ခုဆီ ဖြည်ကြည့်ဖို့ လိုပါတယ်။ ပထမ မေးခွန်းက စဖြည်ကြစို့။လူတစ်ဦးချင်းစီမှာ ပါဝါရှိသလား။ ကိုယ်ကျင့်နဲ့ အသိဉာဏ်ပညာကို ကိုယ့်ကိုယ်ကို သေချာပြင်ဆင်လေ့ကျင့်ထားသူမှာ ပါဝါရှိပါတယ်။ လူတိုင်း ဟာ ပါဝါရှိတယ်လို့ မပြောချင်ပါဘူး။ ပါဝါမဲ့လူသားတွေ တစ်ပုံကြီးရှိပါတယ်။ လူဟာ...

▄ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်နိုင်ပါ့မလား

ဆရာကြီး ဒဂုန်တာရာရဲ့ သွန်သင်ချက်မှာ၊ “ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ နိုင်ငံရေး” ဆိုတာပါတယ်။ ဒါဟာ နာမည်ကျော် အဆိုအမိန့်အဖြစ် တည်ရှိနေတယ်။ ထိုနည်းလည်းကောင်းပဲ နိုင်ငံရေးနယ်ပယ်မှာ၊ နိုင်ငံ ရေးသတ္တဝါတချို့ ကိုးကားပြောဆိုကြတယ်။ ဒါပေမယ့် အင်မတန် နည်းပါတယ်။ နိုင်ငံရေးစာရေးသားတဲ့ ကလောင်တွေထဲကတောင်၊ ဒီအဆိုအမိန့်ကို နှစ်နှစ်ခြိုက်ခြိုက်ကိုးကား ရေးသားတာ နည်းပါးပါတယ်။ ထားတော့။ ဒီနေရာမှာ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့...

▄ နိုင်ငံရေးလေ့လာမှု အစ

မြန်မာပြည်မှာ၊ နိုင်ငံရေးဘာသာရပ်ကို တက္ကသိုလ်အဝန်းအဝိုင်းမှာ လွတ်လွတ်လပ်လပ် လေ့လာခွင့်ရတာ ၊ သိပ်မကြာသေးပါဘူး။ ဒါတောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ရင် သိပ်များများစားစား မဟုတ်သေးပါဘူး။ စစ်အစိုးရခေတ်မှာ၊ နိုင်ငံရေးကို တက္ကသိုလ်မှာ လေ့လာခွင့် မရှိ။ ရှိတဲ့ နိုင်ငံတကာဆက်ဆံရေးလို ဘာသာရပ် မျိုးမှာတောင်၊ လေ့လာမှု အကန့်အသတ်၊ ကျမ်းရေးမှု အကန့်အသတ်တွေကြားမှာ ရှင်သန်လာခဲ့ရတာဖြစ်ပါ တယ်။ နိုင်ငံတကာနဲ့ လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်...

အမျိုးဝါဒ

Race-Ideology-by-Min-ThaytDownload အမျိုးသားရေးနဲ့ ဘာသာရေးကို တွဲပြီးပြောကြပါတယ်။ ကိုလိုနီခေတ်မှာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုကို စတင်လိုက်တာက အမျိုး ဘာသာ သာသနာ ပညာ လှုပ်ရှားမှုဖြစ်ပါတယ်။ သို့ပေမယ့် နိဒါန်းအစမှာ ပါခဲ့တဲ့ ပညာဟာ ဘယ်နေရာမှာ ပြုတ်ကျကျန်ရစ်ခဲ့လည်း မသိပါ။ သည့်နောက်ပိုင်း အမျိုးသားရေးနဲ့ ပတ်သက်ပြီး ပြောကြရေးကြတဲ့ရေးသားပြောဆိုချက်တွေမှာ အမျိုးသားရေးနဲ့ ဘာသာရေးကို ဇောင်းပေးတွဲဖက်တာတွေ့ရ တယ်။ • အမျိုးသားရေးတာဝန်…. ဘာသာရေးတာဝန်တွေ...

နိုင်ငံရေးမိတ်ဆက်

နိုင်ငံရေးအကြောင်း ယေဘုယျ မိတ်ဆက် သင်ကြားချက်အတွက်၊ ပြင်ဆင်ထားသော ဟောပြောပို့ချမှု Power Point File ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ၊ ပြင်ဆင်ထားပါသည်။ Download လုပ်၍ လေ့လာနိုင်ပါသည်။ Introduction-to-PoliticsDownload

နိုင်ငံရေးသမားလို့ ခံယူသူများအတွက်၊ အိုးရွဲ့ကို စလောင်းရွဲ့နှင့် ဖုံးလိုက်ခြင်း….

နိုင်ငံရေးသမားဟာ ကိုယ့်လုပ်ရပ်ကို ကိုယ် ကြောင်းကျိုးဆင်ခြင်ရမယ်။ နိုင်ငံရေးသမားတစ်ယောက် အာဏာ ရှိလာပြီဆိုရင်၊ သူ့လုပ်ရပ်ဟာ သူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်တော့ဘူး။ အများနဲ့ ဆိုင်လာ ပြီ။ အများကို သက်ရောက်လာနိုင်ပြီ။ ဒ့ါကြောင့် နိုင်ငံရေးလုပ်နေသူအဖို့၊ သူ့လုပ်ရပ်တွေကို သာမန်လူတစ် ယောက်ထက် ပိုပြီး ကြောင်းကျိုးဆင်ခြင်မှု လုပ်နိုင်ရမယ်။ ဒါမှ လူ့အဖွဲ့အစည်းအတွက် ကောင်းသော အကျိုး ရလဒ်ကို ဖန်တီးထားနိုင်မယ်။...