▄ စာရေးကြတဲ့ လူတွေ

တကယ်တော့ စာရေးတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့် စာရေးခြင်းရဲ့ နောက်ကွယ်က စိတ်ဓာတ်ကတော့ အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က ရည်ရွယ်ချက်က အရေးကြီးတယ်။ စာရေးခြင်းနောက်ကွယ်က စာရေးသူရဲ့ စေတနာဟာ အရေးကြီးလာတယ်။ စိတ်ဓာတ်၊ စေတနာနဲ့ ရည်ရွယ်ချက်။ ဘာ့ကြောင့် စာရေးသလဲ… စာရေးဖြစ်အောင် တွန်းအားပေးတဲ့အရာတွေက ဘာဖြစ်နိုင်ပါသလဲ။ အမျိုးမျိုးဖြစ်နိုင်တယ်။ အများအပြားဖြစ် နိုင်ပါတယ်။ စာဖတ်များလာရင်း၊ စာရေးချင်စိတ်ဖြစ်လို့ စာရေးမိတယ်။ ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့...

ယောင်ဝါးလူ့အဖွဲ့အစည်း (အသံထွက်ဆောင်းပါး)

ဤဆောင်းပါးကို မြန်မာ့လမ်းပွင့် စာအုပ်ထဲ၌ ထည့်သွင်း ပုံနှိပ်ထား၍မိတ်ဆွေ မစိန့်ဇာနည်လင်းက အသံထွက်ဖတ်ရှုထားပါသည်။ https://www.youtube.com/watch?v=NmoV7ktjszA

ပြောဆိုဆုံးမရလွယ်ခြင်း

သီချင်းပဲဖြစ်ဖြစ် တရားတစ်ပုဒ်ဖြစ်ဖြစ် ကျနော် ကြိုက်ရင် ထပ်ခါထပ်ခါ ခဏ ခဏ နားထောင်နေမိတတ်တာ ကျနော့်အကျင့်ဖြစ်ပါတယ်။ ထပ်ခါထပ်ခါ နာဖြစ်တဲ့တရားတွေမှာ ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ နန္ဒာမာလရဲ့ တရားတွေလည်းပါတယ်။ သီတဂူဆရာတော်ရဲ့တရားတွေလည်းပါတယ်။ ဆရာတော်ဦးဇောတိက ရဲ့ တရားတွေလည်းပါပါတယ်။ ပါချုပ်ဆရာတော်ကြီးရဲ့ မေတ္တာသုတ်အနှစ်ချုပ်တရားကို ကျနော် ဆယ်ကြိမ် မက နားထောင်ဖြစ်တယ်။ အဲဒီ့အထဲမှာ မေတ္တာသုတ်အကြောင်း ရှင်းလင်းရင်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်...