အတိတ်လွမ်းဝေဒနာ နှင့် အနာဂတ်အကြောင်း စနစ်တကျ ပြောကြစို့

ကျနော်တို့ ကိုယ်၌က ကိုယ့်ကိုယ်ကို ပြန်ပြန်ကြည့်တဲ့ အကျင့်ကလေးတွေ မွေးထားမှ ကောင်းမယ်လို့၊ ယူဆတယ်။ မိမိကိုယ်ကိုပြန်ကြည့်တဲ့အခါမှာ၊ အတွင်းပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ အပြင်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ရုပ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ နာမ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ ရတဲ့ အပိုင်းကို ကြည့်တာ...

အနာဂတ်စီမံကိန်း      

      လူနဲ့ တိရိစ္ဆာန် အကြား ကွာခြားချက်တွေ အများကြီး ရှိပါတယ်။ အဲသည့်ထဲက အဓိက တစ်ခုကို ပြောချင်ပါတယ်။ “စဉ်းစားနိုင်စွမ်း” လို့ ပြောရပါလိမ့်မယ်။ လူနဲ့ တိရိစ္ဆာန်အကြား ကွာခြားချက်တွေမှာ၊ စဉ်းစားနိုင်စွမ်းဟာ လူရယ်၊ တိရိစ္ဆာန်ရယ်ဆိုတာကို လုံးဝပေါင်းစည်းလို့ မရအောင် စည်းခြားထားတဲ့အချက်ဖြစ်ပါတယ်။ ဒီနေရာမှာ အချိန် ကာလကို စဉ်းစားနိုင်စွမ်း ဆိုတာကို ပြောချင်ပါတယ်။ လူ...

▄ အနာဂတ်ဝါဒီတစ်ယောက်၏ မေးခွန်းများ

ဒီဆောင်းပါးဟာ အနာဂတ်ဝါဒီတစ်ယောက်ရဲ့ စဉ်းစားချက်ဖြစ်ကောင်းဖြစ်မှာပါ။ သို့တည်းမဟုတ် အနာဂတ် ဝါဒီတစ်ယောက်ရဲ့ စိုးရိမ်သောကလည်း ဖြစ်ကောင်းဖြစ်မယ်။ သို့မဟုတ် အနာဂတ်ဝါဒီတစ်ယောက်ရဲ့ မေးခွန်း များလည်းဖြစ်ကောင်းဖြစ်မယ်။ ဘယ်လောက်ထိ စဉ်းစားမလဲ ကျနော်တို့ခေတ်၊ ကျနော်တို့ မျိုးဆက်၊ ကျနော်တို့လူ့အဖွဲ့အစည်းထဲမှာ အနာဂတ်အကြောင်းကို စဉ်းစားတဲ့သူ ဘယ်လောက်လောက်ရှိနိုင်မယ် ထင်ပါသလဲ။ အနာဂတ်အကြောင်းကို စဉ်းစားတာဟာ လက်တစ်ကမ်းက မနက်ဖြန်အကြောင်းကို စဉ်းစားရုံနဲ့ မရပါဘူး။ လာမယ့်နှစ်အတွက် စဉ်းစားရုံနဲ့လည်း...

သမိုင်းအမြင်နဲ့ အတိတ် အနာဂတ်ကိစ္စ

သမိုင်းဟာ အတိတ်ဖြစ်ပါတယ်။ သမိုင်းဟာ အတိတ်က ကိစ္စဖြစ်ပါတယ်။ အတိတ်ကို အာရုံပြုပါများတဲ့အခါမှာ အနာဂတ်ဟာ ရှေ့မရောက်တော့ဘူး။ သမိုင်းဆိုင်ရာကိစ္စတွေကို စာအုပ်တွေထဲနေ လေ့လာတယ်။ လူတွေထဲကနေလေ့လာတယ်။ သမိုင်းအမြင်တွေ ဟာ သိပ်ဆန်းကြယ်တယ်။ အတွေ့အကြုံရှိတဲ့လူတွေ၊ ဖြတ်သန်းမှု ရှိခဲ့တဲ့လူတွေ၊ စာဖတ်ပေဖတ်ရှိတဲ့လူတွေ၊ ကိုယ့်လူ့အသိုင်းအဝိုင်းကို အမှုမဲ့အမှတ်မဲ့မနေဘဲ ဂရုတစိုက်ကြည့်တတ်တဲ့လူတွေဆီက ရတဲ့သမိုင်းအမြင်ဟာ အမြင်သစ်တွေကို ရတယ်။ မြင်ထားပြီးသားအရာတွေဟာ ပိုလို့ ပုံပေါ်လာတယ်။ အဆက်အစပ်တွေကို...

လူ၊ လူ့ပယောဂ နဲ့ အနာဂတ်ရေး

လူ့ပယောဂလို့ ပြောတဲ့နေရာမှာ ထပ်မံခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။ လူလို့ ပြောတာဟာ ခြုံငုံပြီး ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ လူဆိုတဲ့နေရာမှာ ဘယ်လိုလူလဲလို့ ထပ်မေးစရာ ရှိပါတယ်။ အမေးရှိရင် အဖြေပေါ်လာရ ပါတယ်။ လူဆိုတာ မြန်မာနိုင်ငံအတွင်းက လူ။ မြန်မာနိုင်ငံအတွင်းက လူတွေက အများကြီးပဲ။ ဒါတွေကို ထပ်ခွဲခြားရင် အလွှာလိုက်ပေါ်လာမယ်။ အကန့်လိုက် ပေါ်လာမယ်။ အလျားလိုက်ပေါ်လာမယ်။ အစုလိုက် အကွက်လိုက်...

လူ့အဖွဲ့အစည်းနဲ့ လူ့ပယောဂ

ဝေါဟာရပုဒ်ခွဲ မတူကွဲပြားတယ်လို့ ပြောနေတဲ့ လူ့အဖွဲ့အစည်းကို မြန်မာပြည်မှာတွေ့ရပါတယ်။ ဒီနေရာမှာ ဝေါဟာရပုဒ်ခွဲ နှစ်ခုတွေ့ရပါတယ်။ မတူခြင်း နဲ့ ကွဲပြားခြင်း ဆိုတဲ့ စကားလုံး နှစ်လုံးဖြစ်ပါတယ်။ မတူခြင်းကို ဆန်းစစ်ကြည့် ရအောင်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဓလေ့စရိုက်၊ ဘယ်သမိုင်းကြောင်း၊ ဘယ်နယ်မြေ အနေအထားက ထပ်တူကျနေပါသလဲ။ ထပ်တူကျတယ်ဆိုတာ ရှိပါသလား။ နိုင်ငံနဲ့ချီပြီး စဉ်းစားကြည့်ပါ။ မရှိနိုင်ပါဘူး။...

မြန်မာသစ် ၊ မြန်မာဟောင်း

ခေတ်သည် ရွေ့လာသည်။ ခေတ်သည် ပြောင်းလာသည်။ ရွေ့ခြင်း၊ ပြောင်းခြင်း၏ နောက်ကွယ်တွင် အသစ် အဟောင်း၏ အားပြိုင်မှုကို တွေ့ရသည်။ အသစ်သည် ဘာလဲ။ အဟောင်းသည် ဘယ်လိုလဲ။ အဟောင်းနှင့် အသစ်ကို ပုံဖော်ကြည့်ရန် လိုသည်။ အသစ်သည် ဘယ်လောက် သစ်နိုင်ပြီလဲ။ အဟောင်းသည် ဘယ်လောက် ဟောင်းသွားပြီလဲ။ သမိုင်း သမိုင်းကို ပြန်ကြည့်လျှင်၊ မြန်မာသည် ခေတ်အမျိုးမျိုး...

ဂျင်းနိုင်ငံ ၊ ဇော်ကန့်လန့်နိုင်ငံ ၊ ဘဲလို နိုင်ငံ

ဗုဒ္ဓအဆုံးအမနဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ ယဉ်ကျေးသိမ်မွေ့တဲ့နိုင်ငံ…တဲ့။ ကမ္ဘာကလူတွေကို မြန်မာဟာ ဘာဘာသာကို ကိုးကွယ်သလဲလို့ မေးရင်၊ ဗုဒ္ဓဘာသာလို့ တော်တော်များများ ဖြေကြလိမ့်မယ်။ မြန်မာပြည်က လူတွေကလည်း ပြောတယ်။ တို့ဟာ ငယ်ငယ်လေးကတည်းက ဗုဒ္ဓအဆုံးအမ နဲ့ ကြီးပြင်းလာတဲ့ နိုင်ငံ…တဲ့။ အင်မတန် ယဉ်ကျေးသိမ်မွေ့တယ်။ သဒ္ဓါတရားထက်သန်တယ်။ ရက်ရောတယ် လို့ ပြောကြတယ်။ မြန်မာပြည်ကို ရွှေမြန်မာလို့လည်း ပြောကြတယ်။...