▄ အတိုက်အခံ နိုင်ငံရေးယဉ်ကျေးမှု

အတိုက်အခံပါတီကောင်း စကားလုံး ဝေါဟာရအတွဲအစပ်ကို စဉ်းစားကြည့်စေချင်ပါတယ်။ “အတိုက်အခံ” “ပါတီကောင်း”။ အတိုက်အခံ ပါတီတိုင်းဟာ မကောင်းပါဘူး။ နောက်မှီးဆွဲပါတီတိုင်းဟာလည်း မကောင်းပါဘူး။ ထိုနည်းလည်းကောင်းပဲ အတိုက်အခံလုပ်တိုင်းကလည်း မကောင်းပါဘူး။ အမြဲတမ်းလိုလို လက်ညှိုးထောင်ခေါင်းငြိမ့်နေတာကလည်း မကောင်းပါဘူး။ ပါတီစုံစနစ်ဟာ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ထွန်းလာမှာပါလဲ။ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြန်မာပြည်ဟာ ပါတီစုံစနစ်ကို စလိုက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ဲ ကြုံခဲ့ရတော့၊ ပါတီစုံလွန်းမှာကို ကြောက်နေရ တဲ့အနေအထားဖြစ်ပါတယ်။ အကြောင်းအကျိုး၊ အကန့်အသတ်၊...