အခန်း (၃) ဖြတ်သန်းရမှု

နွယ်နှင့်အနေဝေးခဲ့သော နေ့ရက်များသည် များပြားခဲ့ပါသည်။ ဤသို့သော နေ့ညများသည်ကိုလည်း ပြင်းထန် ဖြတ်သန်းခဲ့ရသည်။ ဤဒုက္ခတရားသည် ဘယ်ဆီက လာပါသနည်း။ ချစ်ခြင်းမေတ္တာသည် ဒုက္ခတရားကို မွေးဖွား သည်ဟု ဆိုလျှင် ကျနော် မယုံကြည်နိုင်ပါ။ လိင်မှုကိစ္စသည် ဒုက္ခဖြစ်ခြင်း အစစ်အမှန်ဖြစ်ပါရဲ့လား။ ဤသို့ ပြောရလောက်အောင်လည်း နွယ်နှင့်ကျနော့်အကြားမှာ လိင်တပ်မက်မှု ရမ္မက်ပြင်းထန်လွန်းခဲ့သည် မဟုတ်ပါ။ သိမ်မွေ့သော သံယောဇဉ် တုပ်နှောင်ခဲ့မှုများတော့ ရှိခဲ့ပါသည်။...

အခန်း (၂) ဖော်ကျူး တမ်းတမှု

“ကိုယ် မင်းနဲ့ ဝေးနေစဉ် အချိန်တွေမှာ သီချင်းတွေ နားထောင်ဖြစ်တယ် နွယ်” “သဘာဝကို ရေးဖွဲ့ထားတဲ့ ခင်မောင်တိုးနဲ့ စိုင်းထီးဆိုင်သီချင်းတွေက ပိုများပါတယ်” “နင့်နင့်နဲနဲ ဖြစ်တဲ့ အင်္ဂလိပ်သီချင်းတချို့လည်း နားထောင်ဖြစ်တယ်” “မင်းလိုတော့ အင်္ဂလိပ်သီချင်းတွေကို သိနားလည် နှံ့စပ်လို့ မဟုတ်ပါဘူး” “သီချင်းတွေနားထောင်ရင် ငါ့မှာ ဦးနှောက် မရှိတော့ဘူး” “နှလုံးသားပဲ ရှိတော့တယ်” “ဂီတမှာ ဘာသာစကား မရှိဘူး…....

အခန်း (၁) ဖွင့်ဟသီကုံးမှု

အိပ်မရသည့် ညများကို ကျနော်ဖြတ်သန်းခဲ့ပါသည်။ နွယ်နှင့် ကျနော် ဝေးကွာခါစ အချိန်ကဖြစ်ပါသည်။ ဝေးကွာခြင်းကို ယောင်လို့တောင် မတွေးဝံ့ခဲ့သည့် ကာလများတွင်မှ ကျနော်နဲ့ နွယ်တို့ ဝေးကွာခြင်းဖြစ်စဉ် ကို ကြုံခဲ့ရသည်။ ဝေးကွာခြင်းသည် အတိုင်းအတာ မရှိ။ ပေတံ မရှိ။ စံမရှိ။ အရာ အားလုံး ဗလာနတ္ထိ။ ချစ်ခြင်း နှင့် မုန်းခြင်းများကို မပြောလိုပါ။ အကြောင်းတရားတို့သည်...