အင်တာဗျူး

ကိုမျိုးဇင်က မေးတယ်။ ကျနော်က ဖြေတယ်။ ဒီလိုနဲ့ အင်တာဗျူး တစ်ပုဒ် ထွက်လာတယ်။ ၁) မင်းသေ့ ဖြစ်လာပုံကို ပြောပြပေးပါအုံး။ မင်းသေ့ ဖြစ်လာပုံကတော့ တက္ကသိုလ်ကျောင်းသားဘဝ အစက စတယ်လို့ ပြောလို့ရမယ်။ တက္ကသိုလ်ရောက် တော့ တက္ကသိုလ်ပညာရေးကို အများကြီးမျှော်လင့်တယ်။ ဒါပေမယ့် ကိုယ်မျှော်လင့်သလို ဖြစ်မလာဘူး။ ကိုယ် မျှော်လင့်တာက ဒီတက္ကသိုလ်ကျောင်းကြီးဟာ ငါ့ကို တကယ့်ပညာတတ်...