အရေးပါ အရာရောက်ချင်သူတွေ

အင်ဒီရာဂန္ဒီ ပြောတဲ့စကားလေးတစ်ခု သွားသတိရတယ်။ “လူနှစ်မျိုးရှိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူ တဲ့လူတွေ။ ပထမအမျိုးအစားထဲမှာ ပါပါစေ။ အဲဒီမှာ အပြိုင်အဆိုင် သိပ်မရှိဘူး” တဲ့။ စကားက သိပ်ရိုးရှင်းပါတယ်။ နေရာတိုင်း၊ ဌာနတိုင်း၊ နယ်ပယ်တိုင်း၊ အခြေအနေတိုင်း၊ အချိန်အခါတိုင်းမှာ တွေ့လေ့တွေ့ထရှိတဲ့ လူ့စရိုက် တချို့ ဖြစ်ပါတယ်။ ကျနော်ကတော့ ဖြန့်ကျက်တွေးမိတယ်။ အလုပ်လုပ်တဲ့လူတွေနဲ့ အမှတ်ယူတဲ့လူတွေ…တဲ့။ ဘယ်သူတွေ အလုပ်လုပ်နေသလဲ။ဘယ်သူတွေ...

တကယ့်ပညာရှင်

https://www.youtube.com/watch?v=_8kGEJ2fAKo&t=1s ပညာရှင်စရိုက်နဲ့ နိုင်ငံရေးသမားစရိုက် ဘာကွာသလဲဆိုတာ၊ ခဏ ခဏ သရုပ်ခွဲကြည့်မိတယ်။ တချို့ ပညာရှင်အကျင့်အကြံတွေ့ရတယ်။ ဒါပေမယ့် တကယ့်ပညာရှင်စစ်စစ် ဖြစ်မလာဘူး။ တချို့ နိုင်ငံရေးဝါသနာပါ တယ်။ ဒါပေမယ့် ပညာရှင်စစ်စစ် ဖြစ်လာတယ်။ နိုင်ငံရေးသမားနဲ့ ပညာရှင်တစ်ယောက်ရဲ့ မူလဗီဇတွေမှာ၊ ထပ်နေတဲ့ စရိုက်တွေ ရှိလိမ့်မယ်။ ဒါပေမယ့် တချို့နေရာတွေမှာ သွင်သွင်ကွဲပြားတာတွေ့ရတယ်။ အထင်အရှား ကွဲပြားတဲ့အချက် တချို့ကို...

အလိုက်ကန်းဆိုး သိပါ

မြန်မာပြည်ပညာရေးက ကောင်းကောင်း မပေးနိုင်တဲ့ ဘဝအတွက် အလိုအပ်ဆုံးအရာ တချို့ကို၊ ကိုယ့်ဘာသာ ကိုယ် ဖြည့်ကျင့်ရမယ်လို့ ယူဆပါတယ်။ မြန်မာပြည် ပညာရေးက ဘာကို ကောင်းကောင်းမပေးနိုင်သလဲ။ ဘဝ အတွက် အလိုအပ်ဆုံးဆိုတာ ဘာမို့လို့လဲ။ ကိုယ့်ဘာသာ ဖြည့်ကျင့်ရမယ်ဆိုတော့ ဘယ်လို ဖြည့်မလဲ။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေ တူနိုင်မယ် မထင်ပါ။ ဒီနေရာမှာ အရင်းခံ အကျဆုံး၊...

ရက္ခိုင့်အမျိုးသားရေးညှို့ဓာတ်

• ရခိုင်တွေဟာ သူတို့ရဲ့ အမျိုးသားရေးကို ဘယ်လို တည်ဆောက်နေပါသလဲ။• ဒါဟာ လေ့လာစရာ အကွက်အကွင်းတစ်ခုဖြစ်သလို၊ ဆက်လက်လေ့လာပြီး ကျယ်ပြန့်စွာ ဆက်လက် လုပ်ဆောင်ရမယ့် အရာလို့လည်း ယူဆပါတယ်။ • ရခိုင်တွေဟာ၊ ရက္ခိုင့်နိုင်ငံတော်အိပ်မက်ကို ပီပီပြင်ပြင် မက်နေကြတယ်ဆိုရင်တော့ - အမျိုးသားရေး ညှို့ဓာတ်ကို အင်အားကြီးအောင်တည်ဆောက်ရေးလုပ်ငန်းတွေကို အတွင်းစည်းမှာ လုပ်ကောင်း လုပ်နေနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ • ဒီနေရာမှာ...

▣ မြန်မာစာပေအရေးအသား ကွေ့ကြီး (၄) ကွေ့

လျှောက်ရိုး လျှောက်စဉ်ကို မလျှောက်၊ ဖောက်ပြီး လျှောက်ခဲ့သူတွေဟာ လမ်းသစ်ကို ထွင်ရလို့ ခြုံနွယ်ပိတ်ပေါင်း ခုတ်ထွင်ရှင်းလင်းပြီး လမ်းဖောက်ရတယ်။ လမ်းဖောက်ရင်း လမ်းသစ်လျှောက်ပေမယ့်၊ ရှောရှောရှုရှုတော့ မဟုတ်ဘူး။ ဆူးခြစ်ခံရတယ်။ ဆူးညှောင့်ခလုတ်ထိုးမိ၊ တိုက်မိတယ်။ သို့သော်လည်း လျှောက်ချင်သူအဖို့ ဖောက်ရင်း လျှောက်တော့ ခရီးပေါက်ခဲ့တာပါပဲ။ • စာရေးတယ်ဆိုတာလည်း သတ္တိအများကြီးလိုတယ်။ အယူအဆတစ်ခု အတွေးအခေါ် တစ်ခုကို ပြောလိုက် တဲ့အခါမှာ...

မြန်မာတွေ အမှတ်သည်းခြေရှိတယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား

• မြန်မာပြည်က အာဏာရှင်တွေရဲ့ နိဂုံးကို ပြန်ပြောင်းကြည့်မိပါတယ်။ အထူးသဖြင့်…. ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေ တို့ အကြောင်း။ •(၁) မြန်မာတွေရဲ့စရိုက်က ခံပြင်းစိတ်၊ အတေးအမှတ်ကြီးတဲ့စရိုက်၊ မခံချင်စိတ်၊ အမှတ်သညာကြီးတဲ့စိတ် အားကြီးတယ်လို့ ထင်ချင်စရာ ရှိပေမယ့်၊ တကယ်တော့ အချိန်ကြာလာရင် အဲသည်လိုမျိုးစိတ်တွေ အားပျော့သွားပြီး ခွင့်လွှတ်နားလည်ပေးတဲ့စိတ်တွေ ရှိတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဗမာ့စရိုက်နဲ့ပတ်သက်ပြီး ကျနော် ဆောင်းပါးတွေ...

▄ ရူးခွင့် ထူးခွင့်

• သူများတကာ မလုပ်နိုင်တာ လုပ်နိုင်ရင် တော်တယ်လို့ ခေါ်တယ်။ တော်တဲ့သူတွေ မလုပ်နိုင်တာကို လုပ်နိုင်ရင် ထူးချွန်တယ်လို့ခေါ်တယ်။ တော်ခြင်းနဲ့ ထူးချွန်ခြင်းဟာ ဒီလိုအနက်ကွဲပြားပါတယ်။ လူ့အဖွဲ့အစည်းထဲမှာ တော်တဲ့လူတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ထူးချွန်တဲ့သူ များများစားစားတော့ မရှိတတ်ဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက် ထူးပြီ၊ ချွန်ပြီဆိုရင် ပတ်ဝန်းကျင် ရဲ့ တုံ့ပြန်မှုတွေဟာ မတူတတ်ဘူး။ ဒါက...

မြန်မာ့လမ်းပွင့်

Myanmar-Open-Road-by-Min-ThaytDownload လမ်းဆုံလမ်းခွကိုရောက်နေတဲ့ မြန်မာပြည်ဟာ ရွေးချယ်မှုမှန်ဖို့ လိုတယ်။ ရွေးစရာလည်း များများ ရှိထားဖို့ လိုတယ်။ မြန်မာပြည်အတွက် ကဏ္ဍတိုင်းမှာ ရွေးစရာတွေ မှန်နေဖို့ လိုတယ်။ ကျနော်တို့မှာ ရွေးစရာရှိသလား။ ရွေးတတ်ရဲ့လား။ ဘာကို ရွေးမလဲ။ မေးခွန်းနိုင်နိုင်မေးနိုင်မှ ဖြစ်မယ် ထင်တယ်။ အဓိက စကားလုံးတချို့ကို ကျနော် ချရေးကြည့်ပါမယ်။ • တက်ကြွသော နိုင်ငံသား (Active...

နောက်ကြည့်မှန်

မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈ - ၁၉၈၈) ကျော်ဝင်း စာအုပ္အညႊန္း ဖွင့်သောစိတ်နှင့် သမိုင်းကို ချည်းကပ်သော စာအုပ်များကား၊ မြန်မာ့စာပေတွင် ခပ်ရှားရှား။ သူသန်ရာ သန်ရာ၊ ကိုယ်သန်ရာ သန်ရာဖြင့် ချည်းကပ်ပြီးရေးသော၊ အတ္တနောမတိ အတိပြီးသော သမိုင်းများမှာမူ ပေါများလှ၏။ အထူးသဖြင့်၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနှင့် ဂိုဏ်းဂဏ အစွဲကြီးသော မြန်မာ့နိုင်ငံရေး၌ ပို၍ပင် အပမှီလှ၏။ အကြောင်းမှာ၊ ပညာအသိုင်းအဝိုင်းနှင့်...

တို့တိုင်းပြည်

ဒီခေါင်းစဉ်ကို ဆရာဇော်ဂျီရဲ့ကဗျာခေါင်းစဉ်ကို ယူလိုက်တာဖြစ်ပါတယ်။ ဆရာဇော်ဂျီရဲ့ကဗျာဟာ မြန်မာ ပြည်သူတွေနဲ့ မဝေးပါဘူး။ ကျောင်းသင်ရိုးပြဌာန်းစာအုပ်တွေမှာလည်းပါခဲ့တယ်။ ဆရာဇော်ဂျီရဲ့စာပေတွေ ကိုယ်တိုင်က အခုအချိန်ထိ၊ စာပေနယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေဖြန့်ချိလို့ကောင်းတုန်း။ ဆရာဇော်ဂျီ ရဲ့ စာအုပ်တွေကလည်း အခုထက်ထိ ပုံနှိပ်နေရဆဲ… ရောင်းတန်းဝင်နေဆဲ…။ ဆရာဇော်ဂျီလို့ ပြောရင် တော်တော်များများက၊ ‘ဗေဒါလမ်း’ ကဗျာတွေကို သိကြတယ်။ ထို့အတူပဲ “သင်သေ သွားသော်” ကဗျာကို...