အတိတ်လွမ်းဝေဒနာ နှင့် အနာဂတ်အကြောင်း စနစ်တကျ ပြောကြစို့

ကျနော်တို့ ကိုယ်၌က ကိုယ့်ကိုယ်ကို ပြန်ပြန်ကြည့်တဲ့ အကျင့်ကလေးတွေ မွေးထားမှ ကောင်းမယ်လို့၊ ယူဆတယ်။ မိမိကိုယ်ကိုပြန်ကြည့်တဲ့အခါမှာ၊ အတွင်းပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ အပြင်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ရုပ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ နာမ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ ရတဲ့ အပိုင်းကို ကြည့်တာ...

တို့တိုင်းပြည်တော့ ပျက်တော့မယ် ထင်တယ် 

သတ္တဝါတို့ ဆင်းရဲခြင်း၏ မူရင်းအကြောင်းဖြစ်သော မနာလိုမှု “ဣဿာ” နှင့် ဝန်တိုမှု “မစ္ဆရိယ” ကိုသာ ပယ်ရှားနိုင်မည်ဆိုလျှင် ဤလောကသည် များစွာ နေချင့်စဖွယ်ကောင်းသော ဒေသမွန်တစ်ခု ဖြစ်ပေ လိမ့်မည်။ (ဦးရွှေအောင်၊ ဓမ္မပဒ ၊ အပ္ပမာဒဝဂ်၊ စာ ၃၆၉)  နေ့စဉ် ကိုယ့်စိတ်ကို တတိတိ ထိုးနှက်နေတာ တစ်ခု ရှိတယ်။ စိုးရိမ်ချက်။ စိုးရိမ်ချက်။...

တရားသေသမား နှင့် မုချဝါဒီ

လူ့အဖွဲ့အစည်းထဲမှာ တည်ရှိတဲ့ အကြောင်းခြင်းရာတွေကို ပုံဖော်ရှင်းလင်းတင်ပြတဲ့အခါမှာ၊ တစ်မျိုးတည်း၊ တစ်ထောင့်တည်း၊ နည်းနာတစ်ခုတည်း၊ ချည်းကပ်မှုပုံစံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘောဟာ၊ ရှုပ်ထွေးတယ်၊ ကျယ်ပြန့်တယ်။ နက်နဲတယ်။ စုံစုံလင်လင် များများပြားပြား ရှိတယ်။ ထိုနည်း လည်းကောင်း ထွေထွေထူးထူးလည်း ရှိတယ်။ အထူးသဖြင့် လူမှုဓလေ့နဲ့ လူမှုယဉ်ကျေးမှု ထုံးတမ်းတွေရဲ့ သိမ် မွေ့တဲ့အပိုင်းတွေ ပါလာတာဖြစ်ခြင်းကြောင့်၊ မြင်ရ...

အဆဲပြီးဆေး 

နတ္ထိလောကေ အနိန္ဒိတော လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူး။  လုပ်သင့်လုပ်ထိုက်တာတွေကို၊ မဖဲ့မစောင်း လုပ်နေဖို့ လုပ်နိုင်ဖို့ “မြေကြီးကဲ့သို့” ကျင့်ရမယ် လို့ နားလည်ပါ တယ်။ မဟာပထဝီမြေကြီးဟာ သူ့အပေါ်မှာ ပန်းတွေ ပွင့်လို့ မာန မတက်ပါဘူး။ သူ့အပေါ် မစင်တွေ ယိုချလို့ လည်း ဒေါသမထွက်ပါဘူး။ ချီးမွမ်းခြင်းတွေကို မာန မတက်သလို၊ ကဲ့ရဲ့ခြင်းတွေအပေါ်မှာလည်း ဒေါသမထွက်...

ဆရာ – ဒကာ စီမံချက်ဖြင့် သိမ်းသွင်းခံလိုက်ရသော ဘုန်းကြီးများ

စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းမှာ၊ plan နဲ့ လုပ်တာ၊ အစီအစဉ်နဲ့ စနစ်တကျ လုပ်တာ၊ စီမံချက်နဲ့ လက်တွေ့ကျကျ လုပ်တာမျိုးကို တွေ့ရတယ်။ မိမိလိုချင်တဲ့ အရာကို မစ်ရှင်တစ်ခုလို သဘောထားပြီး အဆင့်လိုက် အဆင့်လိုက် အလွှာလိုက် အလွှာလိုက် လက်တွေ့ကျကျ အကောင်အထည်ဖော်တာမျိုးကို စစ်တပ်က လုပ်လေ့ရှိတယ်။ အုပ်ချုပ်ရေးအာဏာနဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က ဦးစီးချုပ်ကိုင်ပြီးနောက်ပိုင်း နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း...

ပြည်သူသာလျှင် အဓိက — တဲ့၊ ဟုတ်ရဲ့လား

ပြည်သူသာလျှင် အဓိက— တဲ့။  မှန်ပါတယ်။ မှန်ပါတယ်။ ယေဘုယျတွေ ပြောရင်တော့ မှန်တာပေါ့။ ဒါပေမယ့် ဘယ်လို ပြည်သူလဲဆိုတာတော့ ရှိသေးတယ်။ ပိုလို့ တိတိကျကျ ပြောရမယ်။ ပြည်သူဆိုတဲ့ စကားလုံးက သိပ် ယေဘုယျဆန်ပါတယ်။ ပြည်သူ - လူထု။ ကြိုက်တာပြော။ ပြည်သူဆိုတဲ့ စကားလုံး၊ လူထုဆိုတဲ့ ဝေါဟာရကို ကွန်မြူနစ်လည်း သုံးခဲ့တာပဲ။ ဆိုရှယ်လစ်လည်း...

မယဉ်ကျေးတဲ့ အရိုင်း မြန်မာ

မြန်မာပြည်ဟာ —-  စုံလင်သော အဘိဓမ္မာ မထွန်းကား။ ဆွေးနွေးငြင်းခုန် အဖြေရှာခြင်းဓလေ့ မထွန်းကား။ သိပ္ပံပညာ နှင့် သိပ္ပံအမြင် မထွန်းကား။ ဝေဖန်ပိုင်းခြားဆန်းစစ်သော ပညာ မထွန်းကား။  မြန်မာပြည်မှာ —  အာဏာဓလေ့သာ ထွန်းကားတယ်။ အကွဲအပြဲသမိုင်းသာ ထွန်းကားတယ်။ လက်နက်နည်းသာ ထွန်းကားတယ်။ တရားသေ တစ်ဇောက်ကန်းတွေသာ ထွန်းကားတယ်။  လူ့အဖွဲ့အစည်း သမိုင်း ကမ္ဘာ့ကြီးရဲ့ သမိုင်းဇာတ်ကို လေ့လာကြည့်တဲ့အခါ၊ ပညာရေးထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေမှာ ဘယ်လို တွေ့ ရသလဲ။...

မာနနိုင်ငံတော်

ပညာယ န ဘဝေ ဌာနံ ပုထုဇဉ်လူမိုက်တို့၏ ဘဝ၌ ပညာ၏ ပြဋ္ဌာန်းမှုမည်သည် မရှိ။  ဆင်ခြင်တုံတရားနဲ့ ပညာ ကြီးမှူးခြင်း မရှိတဲ့ လူ့အဖွဲ့အစည်းဟာ- အမှားသစ်တွေကိုလည်း ထပ်ခါ ထပ်ခါ ပြုကြ တယ်။ အမှားဟောင်းတွေကိုလည်း ထပ်ဖန်တလဲလဲ ပြန်ကျော့ မှားယွင်းတတ်ကြတယ်။ ပညာ - သတိ နဲ့ ဆင်ခြင်တုံတရားဟာ တို့တိုင်းပြည်ရဲ့ အဖြေပဲလို့ ယေဘုယျခြုံပြောရင်၊...

တေဇာစန်း (သို့မဟုတ်) နွေဦးနိဒါန်း

နာမည်ကအရင်းက တေဇာစန်း။ ကျနော်နဲ့ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဆုံဖြစ်တယ်။ စဆုံဖြစ်တဲ့အချိန်တုန်းက မန္တလေး​၊ သူ စတည်းချတဲ့အိမ်မှာ။ ပထမဆုံးတွေ့လိုက်ရတာ စာအုပ်ပုံတွေကြားထဲမှာ။ စာအုပ်တွေက များလွန်းလို့ အိမ်အောက် တမံသလင်းပေါ်မှာပဲ ဟိုတစ်စ ဒီတစ်စ ပုံလျက်သား။ သူ့အစုနဲ့ သူတော့ ရှိတယ်။ စာအုပ်ပုံတွေ ကြားမှာ တမင်ခွေထိုင်နေ ထိုင်နေတဲ့သူက တေဇာစန်း။ ဝတ်ထားတာက ပုဆိုး...

လက်ကြောတင်းပါစေ

★ အသက်ငယ်ရွယ်စဉ်မှာပဲ၊ အလုပ်လုပ်တာနဲ့ပတ်သက်ပြီး ခေါင်ထဲမှာ သံမှိုစွဲသလို စွဲဝင်နေတဲ့ စကားလုံးတစ်လုံး ရှိခဲ့ပါတယ်။ အဲသည့်စကားလုံးက “လက်ကြောတင်းအောင် လုပ်” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ငယ်စဉ်မှာ အိမ်မှာ အိမ်မှုကိစ္စထက် ပိုလွန်တဲ့ အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ အရွယ်နဲ့မလိုက်အောင် ပင်ပန်းတဲ့ အလုပ်တွေကို လုပ်ခဲ့ ရတော့၊ “ငါဟာ သူများတွေလောက် ကံမကောင်းဘူး” လို့ ခံစားခဲ့ရဖူးပါတယ်။ သို့သော်လည်း...