မြန်မာလူ

မြန်မာပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို သွားနေတယ်။ မြန်မာပြည်ဟာ အသွေးအရောင်စုံလို့၊ အပေါက်အစပ်များနိုင်ပါတယ်။ နိုင်ငံရေးကိစ္စဆိုတာ အများကိစ္စဖြစ်တယ်။ အများနဲ့လုပ်ရတဲ့ကိစ္စဖြစ်လို့၊ အလုပ် မတွင်တာတွေ၊ အလုပ်မဖြစ်တာတွေ၊ ရုပ်ပြသဘောဖြစ်သွားတာတွေ ဖြစ်လေ့ရှိတယ်။ အထင်တွေ၊ အမြင်တွေ၊ အယူအဆတွေက အရမ်းကာရောပြောတာတွေ၊ ရမ်းတုပ် မှန်းတုပ်တာတွေ၊ နားစွန်နားဖျားကြားတာတွေ၊ ကောလဟလတွေအပေါ် အခြေပြုတာတွေ များလာရင် ဒီမိုကရေစီသွားရာလမ်းဟာ မဖြောင့်ဘူး။ မဖြူးဘူး။ ကွေ့နေမယ်။ ဝေ့နေမယ်။ နောက်ပြန်ဝိုက်သွားနိုင်တယ်။...