မြန်မာ့လူမှုကော်စေး
လူမှုအရင်းလို့ပဲ ခေါ်ခေါ်၊ လူမှုကော်စေးလို့ပဲ ခေါ်ခေါ် မြန်မာတွေရဲ့ ဓလေ့ယဉ်ကျေးမှုထဲမှာ အချင်းချင်း ရိုင်းပင်း ကူညီတတ်မှုဟာ အကျပ်အတည်းကာလအတွင်းမှာ၊ သိသိသာသာ ထိထိရောက်ရောက် အကျိုးသက်ရောက်မှု ပြုနေပါတယ်။ လူမှုအရင်းကို (Social Capital) လို့ အနက်ပြန်တယ်။ လူ့အသိုင်းအဝိုင်းထဲမှာ အချင်းချင်းအကြား အပြန်အလှန် ရိုင်းပင်းကြမှုဖြစ်ပါတယ်။ ဒါဟာ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ လူအချင်းချင်းအကြား ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက...