လက်နက်ကိုင်ပဋိပက္ခတွင်းက စာပေပြဿနာ

အခုတွေ့ရတဲ့ စာပေပြဿနာ။ အခုလူတွေကြားထဲမှာ ပြောပြောဆိုဆို ရှိနေတဲ့ ပြဿနာ တစ်ရပ်ရှိပါတယ်။ စာရေးဆရာတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ မူတည်ပြီး၊ ဝေဖန် စောကြောကြတဲ့ကိစ္စပါ။ ဒီဆွေးနွေးချက်ဟာ စဉ်းစားဖွယ်ရာ ဖြစ်အောင် တင်ပြတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကို အခြေမပြုပါ။ အကြောင်းအကျိုးသင့်လို့ စာပေနဲ့ တော်လှန်ရေးအကြား ထိပ်တိုက်တိုးမှု အကြောင်း ပြောချင်တာဖြစ်ပါတယ်။ ဒီနေရာမှာ စာပေနဲ့ တော်လှန်ရေးအကြား ထိပ်တိုက်တိုးမှုလို့ သုံးတယ်၊ ပဋိပက္ခလို့...

စာပေအနုပညာဖန်တီးရှင်နှင့်အတူ

တချို့က အဆင်းလှ တချို့က အဆင်းမလှ အမှတ်မရှိ ၊ လမ်းမရှိ ၊ ကီလီဗောတံတား အားလုံး ငြိမ်ပါ မီးစုံဖွင့်မယ် အိပ်နေရင် ည ၊ နိုးနေရင် နေ့ သောက်တော့ ဒူးယား နေတော့ ချုံကြား ဝတ်တော့ မလေးရှား ခေါင်းမော့လိုက်တော့မင်း ၊ ခေါင်းငုံ့လိုက်တော့ သူ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့...

သံချေးတက်လူ့အဖွဲ့အစည်း

ဒီဆောင်းပါးဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း တရိပ်ရိပ်ကြီးထွားလာတဲ့ ဆင်းရဲ - ချမ်းသာကွာဟမှု အကြောင်းအရင်းတွေကို နိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တချို့နဲ့ ဆက်စပ်ပြီး ရေးသားဖော်ပြထားတဲ့ဆောင်းပါး တစ်ပုဒ်ဖြစ်ပါတယ်။ ၁။ မြန်မာ့လူ့အဖွဲ့အစည်းမှာ၊ ဆင်းရဲ - ချမ်းသာကွာဟမှု တဖြည်းဖြည်းနဲ့ ကြီးမားလာတာကို ခံစားလာရပါတယ်။ ယေဘုယျအားဖြင့် ကြည့်ရင် ၂၀၂၁ စစ်အာဏာသိမ်းမှုမတိုင်ခင်တုန်းကလည်း မြန်မာ့နိုင်ငံမှာ လူတန်းစားကွာဟမှု (တနည်း) ဆင်းရဲ...

ပြည်တွင်းစစ် နဲ့ မြန်မာပြည်

၂၀၂၃ ဩဂုတ် ၂၉ ၊ ဗန်ကူးဘား ကနေဒါ။ ဆောင်းပါးအကျဉ်းချုပ်။။ ဒီဆောင်းပါးဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အလွယ်တကူ ရပ်တန့်ပြီးဆုံးနိုင် ဖွယ် မရှိကြောင်း ရေးသားတင်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဤအဆိုကို ထောက်ခံတင်ပြရမှာ၊ ဆောင်းပါးရှင်ဟာ အကြောင်းပြချက် (၄) ရပ်နဲ့ ပြဆိုရှင်းလင်းထားပါတယ်။ မြန်မာပြည်မှာ၊ ပြည်တွင်းစစ်က လုံးဝ ပြီးပြီးပြတ်ပြတ် ဖြစ်ဖို့ ခဲယဉ်းတယ်။ ကာလရှည်ကြာ...

⦿ မြန်မာပြည်လက်နက်ကိုင်နိုင်ငံရေးအထာ

မနေ့က ကျနော့် အစ်ကိုနဲ့ စကားပြောရင်း၊ တချို့ ပြောဖြစ်တဲ့ စကားတွေ ရှိတယ်။ တချို့က ထင်နေကြတယ်။ ဒီပွဲကို အနိုင် / အရှုံးရယ်လို့ သိပ်ပြောကြတာပဲ။ ကျနော်ကတော့ သူ့ကို ပြောတယ်။ ဒါက လက်ဝှေ့ပွဲလို မဟုတ်ဘူး။ ဒီတော့ အနိုင် အရှုံးရယ်လို့ ပြောလို့ မရဘူး။ ဘယ်သူ့ ဘယ်လို အားသာလာသလဲ၊ ဘယ်သူက...

ရှေ့နောက် ညီကြရအောင်

အကျပ်အတည်းကြားမှာ တတ်နိုင်သရွေ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကြိုးစားကြရမယ်လို့ ထင်ပါတယ်။ လူတွေ ကြည့်ရတာ စိတ်တွေ ကစဉ်ကလျားဖြစ်နေတာ သိပ် သိသာလွန်းနေတယ်။ လူတွေဟာ ကိုယ်လုပ်တဲ့ အလုပ်နဲ့ ကိုယ်ပြောတဲ့အရာတွေ မညီမညွတ်ဖြစ်နေရုံတင်မကဘူး၊ သိပ်မကြာခင်က ပြုမူပြောဆိုလိုက်တဲ့ အရာနဲ့ အခုပြောနေ လုပ်နေတဲ့အရာဟာ ဖီလာဆန့်ကျင်ဘက်လို ဖြစ်နေတာတွေ့ရတယ်။ ရှေ့နောက် မညီဘူး။ လူဟာ အမြဲတမ်းလိုလိုတော့ ရှေ့နောက် ဘယ်ညီနိုင်မပါ့မလဲ။ သို့သော်လည်း...

အတိတ်လွမ်းဝေဒနာ နှင့် အနာဂတ်အကြောင်း စနစ်တကျ ပြောကြစို့

ကျနော်တို့ ကိုယ်၌က ကိုယ့်ကိုယ်ကို ပြန်ပြန်ကြည့်တဲ့ အကျင့်ကလေးတွေ မွေးထားမှ ကောင်းမယ်လို့၊ ယူဆတယ်။ မိမိကိုယ်ကိုပြန်ကြည့်တဲ့အခါမှာ၊ အတွင်းပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ အပြင်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ရုပ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ နာမ်ပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ မရတဲ့ အပိုင်းကို ကြည့်တာ ရှိလိမ့်မယ်။ ထိတွေ့ကိုင်တွယ်လို့ ရတဲ့ အပိုင်းကို ကြည့်တာ...

အမျိုးသားညီညွတ်ရေးမျိုးစေ့ ပျိုးခဲ့ပါ

        လက်မှုပညာသည်တစ်ယောက်က အလုပ်ကောင်းကောင်းလုပ်တော့မယ်ဆိုရင် ပထမဆုံး သူ့ကိရိယာ တန်ဆာပလာတွေကို ထက်ရှအောင် လုပ်ရမယ်… လို့ ကွန်ဖြူးရှပ်က ပြောခဲ့ဖူးတယ်။ နွေဦးတော်လှန်ရေးဟာ သီးသီးသန့်သန့်ကာလတစ်ခုယူပြီး လက်နက်ကိရိယာတွေကို ထက်ရှအောင် သွေးယူချိန်၊ မရခဲ့ပါဘူး။ အကြမ်းမဖက်နည်းနဲ့ အာဏာဖီဆန်ရင်း၊ အခြေအနေက လက်နက်ကိုင်လမ်းစဉ်ဆီ တွန်းပို့ခံရလို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်တဲ့အခါမှာ လည်း၊ ရေကန်အသင့် ကြာအတင့် ပြင်ဆင်ထားတာမျိုး မရှိ။...