ငါ့မေးခွန်း

ကိုယ့်အကြောင်း ကိုယ်ပြန်သိဖို့ မေးခွန်း (၆) ခု မေးလိုက်တယ်။ • စာပေအပေါ်မှာ ငါ ရိုးသားရဲ့လား။ • စာရေးခြင်းအလုပ်မှာ ငါ တစိုက်မတ်မတ် အားထုတ်ရဲ့လား။ • စာဖတ်ခြင်းနဲ့ ဝမ်းစာအမြဲတမ်း ဖြည့်နေလား။ • လူ့လောကကြီးမှာ မျက်စိကိုဖွင့် နားကိုစွင့်ပြီး မပြတ်စူးစမ်းနေသလား။ • စာပေ ဖြန့်ချိချန်ရစ်ထားမှုမှာ အတ္တပါးရဲ့လား။ • လွတ်လပ်တဲ့စိတ်နဲ့...

ကျနော် မေးမယ်

အောင်မြင်မှုအကြောင်း ခင်ဗျား ဘယ်လောက်နားလည်သလဲ… အောင်မြင်မှုအကြောင်း နားမလည်ချင်ဘူး။ ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ အောင်မြင်မှုဆိုတာ ကို အများတကာတွေ အသိအမှတ်ပြုမှုနဲ့ တိုင်းတာကြလွန်းလို့ နားမလည်ချင်တော့တာ။ အများတကာဆိုတာ က အမျိုးမျိုးဖြစ်နိုင်တယ် မဟုတ်လား။ သူတို့တိုင်းတံပေတံတွေကလည်း အဖုံဖုံများလို့နေတယ်မလား။ ဒါ့ကြောင့် အများအသိအမှတ်ပြုခံရအောင် လုပ်တယ်ဆိုတာ အရှုးကို လင်လုပ်နေရသလိုဖြစ်နေတယ်။ ဘယ်သူ့ အသိအမှတ်ပြုမှုကို လိုချင်တာလဲ။ ဘယ်လောက်အသိအမှတ်ပြုခံချင်တာလဲ။ အသိအမှတ်အပြုမခံရရင် အလုပ်...

သူတို့ သူတို့…. သူတို့

စာပေနဲ့ အနုပညာအလုပ်ဟာ လူတွေရဲ့နှလုံးသားကို ညှို့ငင်ပြီး လုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။ လူတွေရဲ့နှလုံး သားကို ညှို့ငင်ပြီး လုပ်ရတဲ့အလုပ်ဖြစ်လို့၊ အနုပညာ ဖန်တီးသူဟာ နှလုံးသားအရည်အသွေးလိုတယ်။ နှလုံး သားအရည်အသွေး နိမ့်တဲ့လူဟာ စာပေ အနုပညာကို ဖန်တီးရင် ရေရှည် မအောင်မြင်နိုင်ဘူး။ ရေရှည် မပေါက် မြောက်နိုင်ဘူး။ လူအများရဲ့ နှလုံးသားမှာ ရေရှည် မစွဲထင်နိုင်ဘူး။ လူတော်တော်များများရဲ့ နှလုံးသားကို အား...

တို့မျိုးဆက်

တို့မျိုးဆက်ဟာ ပညာတတ်အောင်သင်ကြရမယ်။ တကယ့်ပညာတတ်ဖြစ်အောင် ကြိုးစားရမယ်။ မကျက်တကျက် ပေါင်မုန့်တွေ ဖြစ်လို့ မရဘူး။ ပညာသင်တဲ့အခါမှာ လောက်လောက်လားလားဖြစ်ဖို့ လိုတယ်။ အပေါ်ယံ ရှပ်သိတယ်ဆိုတာ ဘာမှ အလုပ်မဖြစ်ဘူး။ မြည်တွန်တောက်တီးတတ်တာ ပညာ မဟုတ်သေးဘူး။ ကြားဖူးနားဝနဲ့ ရမ်းတုပ်တတ်တာ ပညာမဟုတ်သေးဘူး။ သူများ ပြောတာ ကြားပြီး ပြန်ပြောပြနိုင်တာ ပညာ မဟုတ်သေးဘူး။ ပညာသင်တယ်ဆိုတာ အသုံးချမှု တန်ဖိုးလည်း...

လက်နဲ့တွေးပါ

• တွေးရင် လက်နဲ့တွေးပါ။ • စိတ်ကူးယဉ်ရင် လက်နဲ့စိတ်ကူးယဉ်ပါ။ ဒီလို ပြောလိုက်လို့ ဖတ်ရသူမှာ ကြောင်တောင်တောင် ဖြစ်သွားနိုင်ပါတယ်။ မဖြစ်ပါနဲ့။ မဖြစ်ပါနဲ့။ လက်နဲ့ တွေး လို့ရသလား၊ လက်နဲ့ စိတ်ကူးယဉ်လို့ ရသလား လို့ မေးချင်နေပြီမလား။ တချို့ပါးရည်နပ်ရည်ရှိသူကတော့ ချက် ချင်းသိပါလိမ့်မယ်။ လက်နဲ့တွေးပါ။ လက်နဲ့စိတ်ကူးယဉ်ပါ။ ကိုယ့်အတွေးကို အတွေးအဖြစ်နဲ့သာ မထားလိုက်ပါနဲ့။ အတွေးကို...

ကိုယ်က,စ

Academic Weekly Journal တွင် ၊ ဖော်ပြပါရှိပြီး ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။ ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းက၊ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက စာတွေနဲ့ စပြီး ရင်းနှီးခဲ့တယ်။ ဆရာတော် ရေးခဲ့ဖူးတဲ့ စာတွေက ကျနော့်ကို လွှမ်းမိုးတယ်။ တော်တော်တော်များများသော မိန့်ဆိုချက်တွေဟာ နှုတ်ထဲကနေ အလွတ်ရွတ်နိုင်လောက်တဲ့အထိ စွဲလန်းခဲ့တယ်။ ဆရာတော်က အခုလို ရေးတယ်။...