စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်

• ကျနော် စိတ်သန့်ချင်တယ် • ကျနော် စိတ်လုံချင်တယ် အလုပ်တစ်ခုကို လုပ်နေတိုင်း၊ အလုပ်တစ်ခုကို လုပ်ပြီးသွားတိုင်း ကျနော့်ကို ကျနော် ပြန်ပြန်မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီ့မေးခွန်းက စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုဖြစ်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးမှုရှိရဲ့လား…. ဆိုတဲ့ မေးခွန်း။ ကျနော်ကိုယ်တိုင် အလုပ်တစ်ခုခုကနေ အကျိုးရလဒ်တစ်ခုခုကို ခံစားမိတိုင်း ဒီရလဒ်နဲ့ ငါဟာ ထိုက်တန်ရဲ့ လားလို့ ကိုယ့်ကိုယ်ကို ခဏ...