▄ ကမ်ပိန်း (Campaign)

အင်တာနက်၊ အွန်လိုင်းကြောင့် လူမှုလှုပ်ရှားမှုတွေဟာ ခပ်သွက်သွက်နဲ့ ခပ်စိပ်စိပ်ဖြစ်လာတာတွေ့ရတယ်။ သွက်လာသလို၊ စိပ်လာသလို အပျံ့ကျယ်မှုနှုန်းကလည်း မြင့်လာတယ်။ များလာတယ်။ ကျယ်လာတယ်။ ရိုက်ခတ်မှုဟာ လူ့အဖွဲ့အစည်းတွင်းက မွတ်သိပ်မှုအခံ အားပြင်းနေရင် သက်ရောက်မှု အားကြီးတယ်။ ကမ်ပိန်း တွေ၊ လှုံ့ဆော်မှုတွေ၊ နှိုးဆော်မှုတွေဟာ ခေတ်သစ်မှာ တော်လှန်ရေးပုံစံနဲ့ ဦးတည်သွားတတ်တယ်။ ဒါပေမယ့် ခေတ်ရဲ့သဘောအတိုင်း ဖြစ်လွယ်ပျက်လွယ်များတယ်။ ကမ်ပိန်းတစ်ခုချင်းစီဟာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ...