စခရင်နဲ့ စက္ကူပေါ်က ရာခိုင်နှုန်းများ

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ (၁၃)။ လွန်ခဲ့သော (၆) လကျော်လောက်က၊ “စာဖတ်သူ စစ်တမ်း” တစ်ခု ကျနော် ကောက်ခံခဲ့ပါတယ်။ မေးခွန်းအားလုံးကို ဖြေဆိုတဲ့သူ စုစုပေါင်း (၆၆၇) ယောက် ရှိပါတယ်။ ‘စာဖတ်သူစစ်တမ်း’ မှာ မေးတဲ့ မေးခွန်း နံပါတ် (၆) နဲ့ (၉) အတွက် တွေ့ရှိချက်တချို့ကို တင်ပြချင်တယ်။...

ကျနော် ဘာကြောင့် စာရေးသလဲ

★ ကျနော် ဘာ့ကြောင့် စာရေးသလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို မေးတဲ့အခါ၊ အဖြေတွေ အများကြီး ထွက်လာ တယ်။ အဖြေဆိုတာထက် အကြောင်းပြချက်တွေ အများကြီး ရှိတယ်လို့ ပြောရင် ပိုမှန်မယ်။ အကြောင်းပြချက်တွေ ခပ်များများ ရှိအောင်လည်း ကျနော် ကိုယ်တိုင် ရှာဖွေ တည်ဆောက်ထားတယ်။ “ထောက်ထားတယ်” လို့ ပြောရင် ပိုမှန်မယ်ပေါ့။ ဘာလို့လဲဆိုတော့ …...

ကိုငြိမ်းချမ်းရေးတဲ့ စာ

အခုတလော စိတ်ထဲ ရှိနေတာက ကိုမင်းသေ့စာတွေ စကားတွေ နဲ့ ကိုတေဇာဆန်း တို့စကားတွေ စာတွေပဲ။စာငတ်နေတဲ့ ကာလမို့ အင်တာနက် သုံးခွင့်ရရင် ရသလို စာအုပ်တွေ လိုက်တောင်းရ၊ စာအုပ်တွေရှာရ နဲ့ ကို သတင်းတွေကို ကူး ပြီး စတည်းချတဲ့နေရာရောက်မှာဖတ်ရတယ်၊ အင်တာနက်တစ်ခါခါ သုံးရဖို့ မလွယ်ကူတဲ့ အခြေနေမျိုးမှာ နေရတော့ အင်းလေ လွယ်တဲ့အခါ ရှိလာလိမ့်မပေါ့။...

လူမှုနိုင်ငံရေးဝေဖန်ချက် ဆောင်းပါးများ

ကျနော် ရေးတာ လူမှုနိုင်ငံရေးဝေဖန်ချက်ဆောင်းပါးတွေ အများစုပါ။ စာပေရေးရာတွေ ပါဝင်တယ်။ ဒါကလည်း လူမှုပြုပြင်ပြောင်းလဲရေးကို စာပေအားဖြင့် ကျေးဇူးပြုဖို့၊ ရည်မျှော်တာပဲဖြစ်ပါတယ်။ ကျနော်ရေးတဲ့စာတွေက ဘောဂဗေဒနယ်ကို မကူးပါဘူး။ စီးပွားရေးနယ်ကို မတို့ထိပါဘူး။ အနည်းအကျဉ်း ပါတာတော့ ရှိတယ်။ အကယ်၍ စီးပွားရေးလို့ ပြောရင်လည်း၊ နေ့စဉ် လူမှုဘဝတွေရဲ့ စားဝတ်နေရေးကိစ္စတွေပဲ ထည့်သွင်းရေးသားပါတယ်။ မက်ခရိုစီးပွားရေးတွေ၊ မိုက်ခရိုစီးပွားရေးတွေဘက်ကို ကျနော် မသွားပါ။...

စာအုပ်တွေကြားက အကျဉ်းသား

လူငယ်ဆယ်ကျော်သက်ဘဝမှာ၊ စာအုပ်တွေကို အရူးအမူးဖြစ်ခဲ့စဉ်က တွေးခဲ့ဖူးတဲ့ အတွေးတစ်ခုရှိတယ်။ အဲသည့် အတွေးကို၊ ဆရာ ဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများ ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီးရခဲ့တာ။ အကယ်၍များ ထောင်ကျခဲ့ရင် စာအုပ်တွေနဲ့သာ အကျဉ်းချလိုက်ပေါ့တော့…လို့ တွေးမိတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိတ်ဆွေတွေ နဲ့ အတူအကျဉ်းကျရတာ အဆိုးတွေထဲက အကောင်းပေါ့။ စာအုပ်တွေဟာ အခုအချိန်အထိ ကျနော့် မိတ်ဆွေ၊ ကျနော့်သူငယ်ချင်းအရင်းအဖြစ်...

▄ စု – တု – ပြု … မှသည်

ပုံစာ - ကျနော် နေ့စဉ်ရေးတဲ့ဆောင်းပါးတွေကို စာရင်းသွင်းထားပုံ တစ်စိတ်တစ်ပိုင်း (၂၀၂၁ အောက်တိုဘာ နှစ်ပတ်အတွင်း) ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတုန်းက ရန်ကုန် ပန်မြန်မာမှာ၊ ကျနော့်ရဲ့ စာအုပ်မိတ်ဆက်ပွဲလုပ်ပါတယ်။ စာဖတ်သမားသို့ ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ငါးအုပ်မြောက်ထုတ်ဝေတဲ့စာအုပ်ဖြစ်ပါတယ်။ အဲသည့်စာအုပ်မိတ်ဆက်ပွဲမှာ၊ ဒဿနိကဗေဒ ပါမောက္ခ ဒေါက်တာ ဆန်းထွန်း (စာရေးဆရာ - ဆန်းထွန်းသောင်) က...

▄ စာမေးပွဲကျတဲ့ကောင်။

• အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့တော့ ဘယ်ရမလဲ။• အကောင်းတွေ လုပ်ရင်း အကောင်းတွေ စုလာကာ အကောင်းဆုံးတွေ ဖြစ်လာကြသည်။ မှတ်မှတ်ရရ။ ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝက ဖြစ်ပါသည်။ အဲသည့်တုန်းက ကျနော် စာတို ပေစတွေ လျှောက်ဖတ်ခါစ။ စာဖတ်ရကောင်းမှန်း သိလာသည့် ဆယ်ကျော်သက်ဘဝ။ စာကို အငမ်းမရ စဖတ် နေသည့်အချိန်။ ဘယ်စာအုပ်မဆို ဝါးမြို ကြိတ်ချေလိုက်မည်ဟု...