မြန်မာ့တပ်မတော်၏ ဂုဏ်သိက္ခာမျဉ်း (အတက် – အကျ)

Analysis-on-Myamars-Tatmadaw-by-Min-Thayt-2022Download စမှတ်။ ၁၃၀၀ ပြည့်အရေးတော်ပုံ မြန်မာ့တပ်မတော်ကို စတင်သန္ဓေတည်ပေးလိုက်တာကတော့၊ အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု နိုင်ငံရေး လှိုင်းကြီးနေနေတဆင့် ဖြစ်ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံဟာ၊ အမျိုးသားရေးသမိုင်းမှာ အထင်ကရ နိုင်ငံရေး လှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ အရေးတော်ပုံကို ဖြတ်သန်းရင်း၊ မြန်မာ့နိုင်ငံရေးအင်အားစုတွေအကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးလမ်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ “အင်္ဂလိပ်နယ်ချဲ့ကို ထိထိရောက်ရောက်ပြတ်ပြတ်သား သားတော်လှန် တွန်းလှန်နိုင်ဖို့အတွက်ဆိုရင် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ခု မလွဲမသွေရှိရမယ်”...

ဧကစာရီကျင့်နေသော စစ်ကောင်စီ

အိမ် မသာ လို့ဧည့် မလာလာတဲ့ ဧည့်သည် လူမိုက်နှယ်ဧည့်မျှော် လူပါးဧည့်လာ ရှားဟွန်ဆန်နဲ့သာ ညား။ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအစမှာ၊ စစ်ကောင်စီဟာ သံခင်းတမန်ခင်း ရှေ့တန်းစစ်မြေပြင်မှာ အောင်နိုင်ဖို့ ကြိုးစားမှု ပြင်းပြခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း ထင်သလောက် မလွယ်ကူတာကို တွေ့ရတဲ့အခါ၊ စစ်ကောင်စီရဲ့ နောက်ဆုံးကျည်တောင့်ဖြစ်တဲ့ ရုရှားဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကလို၊ တရုတ်နဲ့တောင် စီးစီးပိုးပိုး...

မြန်မာ့နွေဦးတော်လှန်ရေးထီးရိပ်အောက်က စစ်ရေးတပ်ပေါင်းစု

စဉ်းစားချက် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးပဋိညာဉ်အောက်မှာ အကျိုးစီးပွား ပဋိပက္ခသစ်တွေ မဖြစ်ထွန်းဖို့တည်ဆဲ အကျိုးစီးပွားပဋိပက္ခတွေ ရှိနေရင်လည်း စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းအပေါ် ဆွဲတင်ရင်း ဘေးထွက်ဆိုးကျိုးနည်းစွာ ကိုင်တွယ်နိုင်ဖို့မြန်မာ့နွေဦးတော်လှန်ရေး ထီးရိပ်အောက်မှာ ဖက်ဒရယ်လိုလားသော လူမျိုးစုလက်နက်ကိုင်အဖွဲ့အားလုံး ခြေစုံရပ်နိုင်ကြဖို့အလုပ်ဖြစ်တဲ့ စစ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ဖို့၊စစ်ရေးတပ်ပေါင်းစုလည်း လူမျိုးစုခေါင်းဆောင်တွေ တညီတညွတ်တည်းဦးဆောင်မယ့် နိုင်ငံရေးခေါင်းဆောင်မှုထီးရိပ်တစ်ခုတည်းအောက် ရောက်ရှိစေဖို့၊တည်ဆဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်ရေးတပ်ပေါင်းစုရဲ့ ခေါင်းဆောင်မှုအောက်မှာ ထိထိရောက်ရောက်သွတ်သွင်းဦးဆောင်ဖို့နဲ့ စစ်ရေးခေါင်းဆောင်မှု ပေးဖို့ ၊ စစ်ရေးအကူအညီတွေ...

လက်နက်ကိုင်လမ်းစဉ်သည် ဖောင်ကဲ့သို့

၁။ “ဒီမိုကရေစီဟာ သေနတ်ပြောင်းဝကနေ မထွက်”ဆိုတဲ့စကား ရှိပါတယ်။ ဒါဟာ တရားသေ မဟုတ်ပေမယ့်၊ ယေဘုယျတွက်ဆကြည့်ရင် မှန်ကန်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ လမ်းစဉ်ဟာ အကြမ်းမဖက်သော အာဏာဖီဆန်ရေးလမ်းစဉ်နဲ့ လက်နက်ကိုင်လမ်းစဉ် နှစ်ခု ယှဉ်ပြီး သွားနေပါတယ်။ အဟိံသလမ်းစဉ်နဲ့ လက်နက် ကိုင်လမ်းစဉ်ကို မျဉ်းပြိုင်သဘောမျိုး တွေ့ရပါတယ်။ ထိုနည်းလည်းကောင်း ရထားသံလမ်းလို့ နှစ်လမ်းအပြိုင် ရွှေ့မှ ရွေ့မယ်ဆိုတဲ့သဘောတွေကိုလည်း တွေ့ရပါတယ်။ အထူးသဖြင့်...

▄ အာဏာသိမ်းမှုအကြောင်းဆက်

▄ အခြေခံဥပဒေမူဘောင် ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အရင်ပြောချင်ပါတယ်။ ။ အခြေခံဥပဒေမှာ လွတ်လပ်ခွင့်အတွက် ခွင် (ဂွင်) တွေကို ဖန်တီးပေးထားသလို၊ အကယ်၍ စစ်တပ်အတွက် ဘေးအန္တရာယ်ကျရောက်နိုင်မယ့်လားရာကို ဦးတည်နေရင်၊ နဂိုမူလ အတိုင်းပြန်လည်ထိန်းချုပ်နိင်ဖို့ အကန့်အသတ်တွေကိုလည်း ထည့်သွင်းပြဌာန်းထားတယ်။ အာဏာသိမ်းမယ်ဆိုရင်တောင် နိုင်ငံတကာမှာ အကြောင်းပြချက်ကောင်းအောင် နဂိုမူလကတည်းက ရည်ရွယ်ပြီး စီရင်ထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်က စပွန်ဆာလုပ်ပြီး...

သူတို့ ဒီမိုကရေစီကို မုန်းတယ်၊ ဘာ့ကြောင့်လဲ….

ဒီမိုကရေစီဆိုတာ အကောင်းဆုံး အစိုးရပုံစံတော့ မဟုတ်ဘူး။ ဒါပေမယ့် စစ်အစိုးရထက် ပိုကောင်းတယ်။ စစ်အာဏာရှင်အစိုးရ ပုံစံထက် ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ၊ ဒီမိုကရေစီမှာ လူသား လွတ်လပ်ခွင့်တွေ ရှိတယ်။ ကိုယ့်ကြမ္မာ ကိုယ်ပြဌာန်းခွင့်ရှိတယ်။ ကိုယ့်ဘဝကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ခွင့် ရှိတယ်။ လွတ်လပ်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ ဖြစ်တယ်။ လွတ်လပ်ခွင့်သာ ရှိရင် ကိုယ်စွမ်းကိုယ်စတွေ...