ပုံပြောတဲ့ အကောင် 

စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် သူ့မှာ မဖြစ်မနေ ပါလာရမယ့် ဉာဉ် တစ်ခု ရှိတယ်။ စာရေးဆရာမှ မဟုတ်ပါဘူး၊ အနုပညာသမားတိုင်းလိုလိုမှာ ဒီဉာဉ်လေးက ပါလာတယ်လို့ ထင်တယ်။ အဲဒါကတော့ storyteller လို့ ခေါ်တဲ့ ပုံပြင်ပြောတတ်စရိုက်ဉာဉ် လို့ ပြောချင်တယ်။ ဒီနေရာမှာ အရပ်သုံးစကားဖြစ်တဲ့ “ဒီကောင် ငါ့ကို ပုံပြင်ပြောသွားပြီ” ဆိုတဲ့ အသုံးနဲ့တော့ ထပ်တူ မပြုစေချင်ဘူး။ အဲဒါ...

ရွေးချယ်နိုင်ခွင့် မရှိတဲ့ဘဝ

ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း မရှိရင် ရွေးချယ်တာကို မလုပ်ရင် လူတစ်ယောက်ဟာ လူအဆင့်မှာ မရှိတော့ပါဘူး။ (ဦးဇောတိက၊ လွတ်လပ်သောစိတ်၊ ၂၀၀၆ ၊ စာ ၇၈) လွတ်လပ်သောစိတ် စာအုပ်ဟာ ကျနော့်ဘဝရဲ့ ရာခိုင်နှုန်းအတော်များများကို လွှမ်းမိုးပြုပြင်ခဲ့တဲ့ စာအုပ်ဖြစ်ပါ တယ်။ လွတ်လပ်မှုနဲ့ ဆက်စပ်တွေးခေါ်ရတဲ့ ရွေးချယ်ခွင့်ဆိုတာကို ကျနော် ရှာဖွေခဲ့တယ်။ ရွေးချယ်နိုင်တဲ့ အခွင့်အလမ်း…တဲ့။ရွေးချယ်တာကို မလုပ်ရင်….တဲ့။လူ့အဆင့်မှာ မရှိတော့ဘူး….တဲ့။...

ယဉ်ပါးနိုင်စွမ်း နှင့် မထိုးရသေးတဲ့ဂီယာတွေ

ဘဝမှာ အပြောင်းအလဲတစ်ခုကို လုပ်ဖို့၊ ကြံရွယ်တိုင်း ကျနော် လက်စွဲထားတဲ့ ဒဿနတစ်ခုဖြစ်တဲ့ “ကျနော်တို့ ဘဝမှာ မထိုးရသေးတဲ့ ဂီယာတွေ အများကြီး” ဆိုတဲ့ အဆိုအမိန့်က အမြဲတမ်းလိုလို သတိပေးနေတယ်။ ထိုနည်း လည်းကောင်း တစ်ခုခုကို အောင်မြင်အောင်လုပ်ဖို့အတွက် နည်းလမ်းရှာကြံရခက်ပြီး အကြပ်တွေ့နေရင်လည်း ဒီ ဒဿနကပဲ ကျနော် မတွေ့မိ၊ မသုံးမိသေးတဲ့ နည်းလမ်းတွေကို ဖော်ပြပေးခဲ့တယ်။ “ကျနော်တို့...

အရေးမကြီးဟု ထင်ရသော အသေးအဖွဲလေးတွေ

ကောင်းတာတွေကို အခု လုပ်နိုင်သလောက် လုပ်နေဖို့ အရေးကြီးတယ်။ နည်းနည်းဖြစ်ဖြစ် လုပ်ဖို့ အရေးကြီးတယ်။ အခု လုပ်လို့ ဖြစ်တာလောက်ကို မလုပ်ဘဲနဲ့ အကြီးအကယ်လုပ်မယ်လို့ စဉ်းစားနေတဲ့သူ ဟာ ဘာမှ လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒီလိုလူဟာ မကြီးပွားဘူး။ ဒါကြောင့် နည်းနည်းဖြစ်ဖြစ် လုပ်လို့ ရသလောက်ကို လုပ်မယ်ဆိုတဲ့စိတ် ရှိရမယ်။ (ဆရာတော် ဦးဇောတိက၊ တွေးမိတိုင်းပျော်တယ်၊ ၂၀၀၇...

စာအုပ်တွေကြားက အကျဉ်းသား

လူငယ်ဆယ်ကျော်သက်ဘဝမှာ၊ စာအုပ်တွေကို အရူးအမူးဖြစ်ခဲ့စဉ်က တွေးခဲ့ဖူးတဲ့ အတွေးတစ်ခုရှိတယ်။ အဲသည့် အတွေးကို၊ ဆရာ ဖေမြင့်ရဲ့ စာဖတ်သမား၏ မှတ်စုများ ဆိုတဲ့ စာအုပ်ကလေးကို ဖတ်ပြီးရခဲ့တာ။ အကယ်၍များ ထောင်ကျခဲ့ရင် စာအုပ်တွေနဲ့သာ အကျဉ်းချလိုက်ပေါ့တော့…လို့ တွေးမိတယ်။ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိတ်ဆွေတွေ နဲ့ အတူအကျဉ်းကျရတာ အဆိုးတွေထဲက အကောင်းပေါ့။ စာအုပ်တွေဟာ အခုအချိန်အထိ ကျနော့် မိတ်ဆွေ၊ ကျနော့်သူငယ်ချင်းအရင်းအဖြစ်...

▄ ပါရမီစက်ဝန်း

အခုဖော်ပြထားတဲ့စက်ဝန်းကို - ပါရမီစက်ဝန်း လို့ နာမည်ပေးချင်တယ်။ စက်ဝန်းရဲ့ အလယ်တည့်တည့်မှာ - တစိုက်မတ်မတ် ဆိုတဲ့ စကားလုံးကို တွေ့ပါလိမ့်မယ်။ တစိုက်မတ်မတ် လုပ်ခြင်း ဆိုတာ ပါရမီဖြစ်ခြင်းရဲ့ အခြေခံအကြောင်းရင်းဖြစ်တယ်။ တစိုက်မတ်မတ် လုပ်ခြင်းဆိုတာ ဇွဲနပဲနဲ့ ထပ်ခါထပ်ခါ လုပ်ခြင်း၊ ကြိမ်ဖန်များစွာ လုပ်ခြင်း၊ ထပ်ဖန်တလဲလဲ ဖြည့်ကျင့်နေခြင်း၊ ဆည်းပူးနေခြင်း၊ လေ့ကျင့်နေခြင်း စတဲ့အနက်သဘောတွေ ပါဝင်ပါတယ်။...

▄ ရိုးတဲ့သူ ဖြောင့်တဲ့သူ

• ကွန်ဖြူးရှပ်ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ စာရိတ္တကောင်းတဲ့သူဟာ စိုးရိမ်ကြောင့်ကြမှု ကင်းတယ်။ ပညာရှိတဲ့သူက တွေဝေခြင်းကင်းတယ်။ ရဲရင့်တဲ့သူက ကြောက်ရွံ့ခြင်းကင်းတယ်တဲ့။ စကားလုံးအတွဲ အစပ်ကလေးက သိပ်လှတာပဲ။ • စာရိတ္တဆိုတာ တနည်းအားဖြင့် ကိုယ်ကျင့်။ ကိုယ်ကျင့်တရား။ ကိုယ်ကျင့်ထားတဲ့တရား။ ကိုယ်ကျင့်ထားတဲ့ဓမ္မ။ ကိုယ်ကျင့်တရားဆိုတာ ကိုယ်ကျင့်ထားတဲ့ ဓမ္မကို ခေါ်တာ။ ကိုယ်ကျင့်ထားတဲ့ အဓမ္မကို ခေါ်တာ မဟုတ်ဘူး။ အဓမ္မဆိုတာ မတရားတာကို...

▄ လူငယ်တစ်ယောက်၏ အလုပ်

လူငယ်တစ်ယောက်ရဲ့အလုပ်ကို ခေါင်းစဉ်တပ်ပြီးရေးရလောက်အောင် အရေးကြီးတဲ့အလုပ် ရှိလို့လား။ ဒါမှ မဟုတ် ဒီအလုပ်ဟာ အင်မတန် အရေးကြီးတဲ့အလုပ်ဖြစ်ရမယ်။ တနည်းအားဖြင့် လူငယ်တစ်ယောက် မဖြစ် မနေ လုပ်ရမယ့် အလုပ်ကို ပြောဖို့ ဖြစ်လိမ့်မယ်။ အဲဒါဆို ဘာလဲ။ လူငယ်တစ်ယောက်မှာ မဖြစ်မနေ လုပ်ရမယ့် အလုပ်ဆိုတာ ဘဝနဲ့ ချီပြီး အရေးကြီးတာ ရှိလို့လား။ အရေးကြီးတာတွေက အများကြီး မဟုတ်ဘူးလား။...

▄ စာမေးပွဲကျတဲ့ကောင်။

• အကောင်းဆုံးကို လိုချင်ရင် သာမန်နဲ့တော့ ဘယ်ရမလဲ။• အကောင်းတွေ လုပ်ရင်း အကောင်းတွေ စုလာကာ အကောင်းဆုံးတွေ ဖြစ်လာကြသည်။ မှတ်မှတ်ရရ။ ကျနော် ပထမနှစ်တက္ကသိုလ်ကျောင်းသားဘဝက ဖြစ်ပါသည်။ အဲသည့်တုန်းက ကျနော် စာတို ပေစတွေ လျှောက်ဖတ်ခါစ။ စာဖတ်ရကောင်းမှန်း သိလာသည့် ဆယ်ကျော်သက်ဘဝ။ စာကို အငမ်းမရ စဖတ် နေသည့်အချိန်။ ဘယ်စာအုပ်မဆို ဝါးမြို ကြိတ်ချေလိုက်မည်ဟု...

ဘဝနေနည်း စိတ်ထားနည်း

ပညာရေးရဲ့ရည်ရွယ်ချက်က ဘာလဲလို့ မေးလိုက်ရင်၊ အဖြေတွေ အများကြီးထွက်လာလိမ့်မယ်။ လူတော်တော် များများက ကိုယ့်ထောင့်ကနေ ကိုယ်ကြည့်ကြတယ်။ ကိုယ်ကြည့်တာကိုယ် မြင်တယ်။ ကိုယ်မြင်ချင်တာ ကိုယ် ရွေးကြည့်ကြတယ်။ ဒါကတော့ ထုံးစံ။ ပညာရေးလို့ ပြောရင် အတွေ့အကြုံနဲ့ အတွေးအကြံကို လက်ဆင့်ကမ်းတာလို့ ပြောတယ်။ ထိုနည်းလည်း ကောင်းပဲ ပညာရေးရဲ့ ရည်ရွယ်ချက်ဟာ စဉ်းစားတတ်ဖို့ လို့ ဆိုတယ်။ တစ်ဆင့်တက်ပြီးတော့...