“ကိုဝ” နှင့် သူ၏ စာအုပ်

နာမည်အရင်းက “ရဲနိုင်အောင်”။ ကလောင်အမည်က “ကိုဝ”။ ကိုဝဟာ ကျနော်နဲ့ မျိုးဆက်ချင်း ကွာပါတယ်။ “ကိုဝ” က ၈၈ မျိုးဆက်ကျောင်းသားအုပ်စုထဲက။ ကျနော်က ၉၀ မျိုးဆက်လို့ ပြောရမယ့်သူ။ ဆိုလိုတာက “ကိုဝ” တို့ နိုင်ငံရေးလှုပ်ရှားနေတုန်းကာလမှ ကျနော့်ကို မွေးတာ။ ဒီတော့ မျိုးဆက်အားဖြင့် ခြားတယ်၊ ကွာတယ်။ အထူး သဖြင့် ၈၈ မျိုးဆက်အုပ်စုထဲက...