သတင်းစာဆရာ နှင့် နိုင်ငံရေးသမား

သတင်းစာဆရာ နှင့် နိုင်ငံရေးသမား… အပြန်အလှန် ထိန်းထိန်းညှိညှိ…. နိုင်ငံရေးသမားက၊ ဆင်လိုပဲ။ အရေထူတယ်။ တော်ရုံနဲ့ ပြုတ်မနူးဘူး။ စုန်းပြူးလို့တော့ မပြောချင်ပါဘူး။ ဒီစကားက၊ နားထဲဝင်တာ နုပ်လို့။ ပြီးတော့၊ ကန့်လန့်ကြီး ဝင်သွားတော့… အဝင်ဆိုးတယ်။ စာနယ်ဇင်းဆိုတာ၊ ကလောင်နဲ့ အုပ်ချုပ်တဲ့ အစိုးရလို့ ဆရာကြီး လူထုစိန်ဝင်း ရေးတာ ဖတ်ဖူးတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကို၊ စတုတ္ထမဏ္ဍိုင်လို့ ဆိုကြတယ်...