ဘာ့ကြောင့် ဖက်ဒရယ်

       ဘာ့ကြောင့် ဖက်ဒရယ်စနစ်လုပ်ရမလဲ - ဆိုတဲ့ မေးခွန်းမှာ၊ ကြောင်းကျိုးပြ နားလည်ထားရမယ့်ကိစ္စတွေ ရှိပါတယ်။ အများကဖက်ဒရယ်ဆိုလို့ ကိုယ်က လိုက်ပြီး ဖက်ဒရယ်ဆိုတာမျိုးထက်၊ ဂဃနဏ နားလည်သင့်တယ်။ လူထု နားနဲ့ သဘောပေါက်နိုင်အောင် ရိုးရိုးရှင်းရှင်း တင်ပြပါ့မယ်။ တစ်ဦးချင်းလွတ်လပ်ခွင့် (Individual Liberty) လစ်ဘရယ်ဒီမိုကရေစီ အပျံ့ကျယ်လာလေလေ၊ လူသားတွေဟာ တစ်ဦးချင်းလွတ်လပ်ခွင့်အရသာကို ပိုပြီး ခံစားနိုင်လာကြလေလေဖြစ်ပါတယ်။ လွတ်လပ်ခွင့်ကို...

ယဉ်ကျေးမှုမြေပုံနှင့် အမျိုးသားရေး

အမျိုးသားရေးကို လုပ်ဆောင်တဲ့နေရာမှာ၊ စာပေ ဂီတ ယဉ်ကျေးမှု အနုပညာမှာ အားသစ်လောင်းတဲ့ကိစ္စဟာ သိပ်အရေးကြီးပါတယ်။ နယ်စပ်မျဉ်းတွေဟာ နိုင်ငံရေးအကွဲအပြဲကြောင့် အပြောင်းအလဲဖြစ်နိုင်တယ်။ ဒါပေမယ့် ယဉ်ကျေးမှုအားဖြင့် စည်းနှောင်ထားတဲ့ ဧရိယာကို နယ်ခြားမျဉ်းတွေ အပြောင်းအလဲလုပ်သလို လုပ်ဖို့ မလွယ်ဘူး။ ဒါ့ကြောင့် ယဉ်ကျေးမှုအားဖြင့် စည်းနှောင်ထားတဲ့ အမျိုးသားနိုင်ငံတွေဟာ ကြာရှည်တည်တံ့တာကို တွေ့ရတယ်။ အကယ်၍ နိုင်ငံရေးနဲ့ စစ်ရေးအပြောင်းအလဲတွေကြောင့်၊ နယ်စပ်မျဉ်းတွေ ခြားနားသွားရင်တောင်...

ဗဟိုဦးစီးစနစ်မှသည် ဖက်ဒရယ်စနစ်ဆီသို့

ဗဟိုဦးစီးစနစ်မှသည် ဗဟိုဦးစီးစနစ်တွင် ဗဟိုအစိုးရ၏ အခန်းကဏ္ဍကြီးမားသကဲ့သို့ တင်းကျပ်၍ ရှည်လျားသောချုပ်ကိုင်ရေး လက်တံများလည်း ရှိသည်။ဗဟိုဦးစီးစနစ်ကို၊ အာဏာရှင်နိုင်ငံများနှင့် စပ်ကြားအစိုးရစနစ်များတွင် တွေ့ရလေ့ရှိသည်။အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးဟူသော အာဏာခွဲဝေထားခြင်း မရှိတတ်ချေ။ဗဟို၌အာဏာခွဲဝေကျင့်သုံးမှုရှင်နေလျှင်လည်း၊ များသောအားဖြင့် လူတစ်စု၊ အဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုး၊ ပါတီတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားလေ့ရှိတတ်သည်။ပြည်နယ်အစိုးရအဖွဲ့ရယ်လို့ မရှိ။ အကယ်၍ ပြည်နယ်အစိုးရအဖြစ် နာမည်တပ်ဖွဲ့စည်းထားလျှင်လည်း၊ လွတ်လပ်သောလုပ်ပိုင်ခွင့် မရှိ။ အခန်းကဏ္ဍတိုင်းကို ဗဟိုအစိုးရတစ်ရပ်တည်းကသာလျှင်၊ ဦးစီးချုပ်ကိုင်ထားသည်။ပြည်နယ်အစိုးရများသည်၊...

အဆုံးသတ်တိုက်ပွဲကို မျှော်ကြည့်ခြင်း

တော်လှန်ရေးကာလကိုလည်း စိုးရိမ်တယ်။ တော်လှန်ရေးလွန်ကာလရောက်ခဲ့သည်ရှိသော်၊ တော်လှန်ရေးအလွန် ကာလကိုလည်း စိုးရိမ်တယ်။ ဘာလို့ စိုးရိမ်တာတွေချည်းပဲ ရေးတာလဲ၊ ပြောတာလဲ။ အပျက်သဘောလား။ မဟုတ်ပါ။ တော်လှန်ရေးတောင် အောင်အောင် မနည်းလုပ်နေရတာ တော်လှန်ရေးလွန် ကာလကို တွေးပြီး စိတ်ပူနေမိသေးတယ်၊ မုန့်ဆီကြော်က ဘယ်နေမှန်းမသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလား ဆိုတာ လိုမျိုး ဖြစ်နေပြီ။ မဟုတ်ပါ။ မဟုတ်ပါ။ တတ်နိုင်သရွေ့ အခင်းအကျင်းတွေကို...

သက်ရှိ ရီဗျူး (သို့) ကိုကိုကြီး

နိုင်ငံတော်သစ်နှင့် အမျိုးသား အမှတ်သရုပ် ကိုကိုကြီး စာအုပ်အညွှန်း မင်ခြစ်ကောက်ကြောင်းများ စာအုပ်၌၊ ပုံနှိပ်ဖော်ပြပြီး စာမူဖြစ်ပါသည်။ စာအုပ်ရီဗျူးများ ရေးရင်း၊ ဒီတစ်ခါတော့ စာအုပ်ကို ဖတ်ရင်း လူကို ရီဗျူး လုပ်ရတော့မှာပဲ ဟူ၍ တွေးမိလိုက် သည်။ နိုင်ငံတော်သစ်နှင့် အမျိုးသား အမှတ်သရုပ် စာအုပ်သည် ဟောပြောချက်များကို စာအုပ်လုပ်ထားခြင်း ဖြစ်၍ စကားများမှ စာအုပ်အသွင်ဖြစ်လာသော သဘောဖြစ်သည်။...

အက်ဆေးတစ်ပုဒ် ရေး၍ ဖိတ်ကြားခြင်း

လွန်ခဲ့သော ရက်သတ္တပတ်က၊ ကျနော် ကိုအောင်သန်းထွဋ် နှင့်တွေ့သည်။ ကျနော်တို့ စာကြည့်တိုက်မှာ၊ ပြန်/ဆက်ဝန်ထမ်းများကို သင်တန်းပေးရန် သူကလာရောက်ခြင်းဖြစ်သည်။ ကျနော်က၊ စာကြည့်တိုက်ထဲမှာ ကိုယ့်ဘာသာ ကွန်ပြူတာကို အာရုံစိုက်နေသည်။ လူတစ်ချို့ဝင်လာတာ သိသည်။ ကျနော် မကြည့်အားသေး။ ကွန်ပြူတာထဲက၊ ဝက်ဆိုဒ်တစ်ခုထဲ မဲပြီး ကြည့်နေမိသည်။ ကျနော့် နဘေးမှာ၊ ဤလူများဝင်ထိုင်သည်။ ကျနော့်ပါးစပ်မှ၊ သီချင်းလေး တိုးတီးရွတ်နေသည်။ ပြီးတော့မှ...