သူရဲကောင်းလက်မှတ်ရဲ့ ကျေးကျွန်

သူရဲကောင်းလက်မှတ်က အရေးကြီးသလား လူထုအကျိုးစီးပွားက အရေးကြီးသလား  မြန်မာ့နိုင်ငံရေးသမိုင်းနောက်ခံကို လေ့လာကြည့်တဲ့အခါမှာ၊ နိုင်ငံရေးခေါင်းဆောင်အတော်များများဟာ အယူဝါဒရဲ့ ကျေးကျွန်ဘဝကနေ ရုန်းမထွက်နိုင်ခဲ့တာကို တွေ့ခဲ့ရတယ်။ ဘာအယူဝါဒရဲ့ လက်အောက်ခံမှ မဖြစ်ခဲ့ဘူးလို့ သတ်မှတ်ကြတဲ့ခေါင်းဆောင်တချို့တွေထဲမှာတောင် အယူဝါဒကို မကျော်နိုင်တာတွေ တွေ့ရတယ်။ ခေါင်းဆောင်ဆိုတာလည်း လူပဲဖြစ်တာမို့ ၊ အကန့်အသတ်တွေရှိနေမှာပါပဲ။ အယူဝါဒကနေ လွတ်လပ်အောင် ကြိုးစားခြင်းကိုယ်၌က အယူဝါဒတစ်ခုဖြစ်တယ်လို့ အမည်ပညတ်ကြလေတော့၊ ပြောရလည်း ခက်ပါတယ်။  ခေါင်းဆောင်တွေဟာ...

ဗမာ့လူ့အဖွဲ့အစည်းထဲက မဟာခေါင်းဆောင်ကြီးဝါဒ

★ လက်ရှိ ပစ္စုပ္ပန်အတွက် ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ပြိုလဲပြီလားလို့ မေးခွန်းထုတ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်စွဲအားကြီးတဲ့ ဗမာလူ့အဖွဲ့အစည်းထဲမှာ၊ မဟာခေါင်းဆောင်ကြီးဝါဒ ကြီးစိုးနေတာ မဆန်းပါဘူး။ ယခင်ကလည်း ကြီးစိုးတယ်။ ယခုလည်း ကြီးစိုးတယ်။ မဟာခေါင်းဆောင်ကြီးဝါဒ နောက်ကွယ်မှာ၊ ပေါ်ပြူလစ်ဇင်လို့ခေါ်တဲ့ အများကြိုက် (တနည်း) လူပိန်းကြိုက်ဝါဒ ရှိနေတတ်တယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် လို့၊ မြန်မာစကားမှာ ရှိတယ်။...

ဗမာ့လွတ်မြောက်ရေးတိုက်ပွဲတွင်းက ဆရာတော်နှစ်ပါး

မြန်မာထုရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွင်းမှာ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ် အမြောက်အမြား ရှိခဲ့ပါတယ်။ ထိုလူတွေထဲမှာ၊ မျိုးချစ်တွေ ပါတယ်။ ပညာတတ်တွေ ပါတယ်။ ကျောင်းသားတွေ ပါတယ်။ သတင်းစာဆရာတွေ ပါတယ်။ စာပေ အနုပညာသမားတွေ ပါတယ်။ နိုင်ငံရေးသမားတွေ ပါတယ်။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေလည်း ပါဝင်ကြတယ်။ လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ကြတယ်။ ပြည်ပမှာ ပညာသင်ကြားလာတဲ့ မြန်မာပညာတတ်တွေ ပါဝင်ကြပါတယ်။ နောင်အခါမှာ၊...