▣ ဖေ့ဘုတ်ခ် ဆိုတာ ပန်းခြံလား

ဖေ့ဘုတ်ခ် (FACEBOOK) ဆိုတာ ပန်းခြံလားလို့ မေးလိုက်တော့ အမေးခံရသူရဲ့ အမြင်မှာ၊ သစ်ပင်ပန်းမန်တွေ စုံလင်ဖူးပွင့်နေတဲ့ ပဒေသစုံပန်းခင်းကြီးကို သွားမြင်လိမ့်မယ်။ သို့တည်းမဟုတ် နှင်းဆီပန်းတွေ၊ စံပယ်ပန်းတွေ၊ သစ်ခွပန်းတွေ စိုက်ပျိုးထားတဲ့ ပန်းခြံလေးကို သွားမြင်မိမယ်။ အနီးစပ်ဆုံးတော့ ကိုယ်ရောက်ဖူးခဲ့တဲ့ ကြည်နူးဖွယ် ပန်းခြံလေး၊ ပန်းခင်းလေးတွေကို ပြေးမြင်မိကြလိမ့်မယ်။ ကောင်းတဲ့အာရုံ၊ ကြည်လင်တဲ့အာရုံ၊ ငြိမ်းချမ်းတဲ့အာရုံ၊ အေးမြတဲ့အာရုံဓာတ်ကို စွဲလမ်းသူအဖို့ ဒီလို...