ထွက်ပေါက်မဟာဗျူဟာ အယူအဆ

၁။ ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ပတ်သက်ပြီး၊ မောင်စူးစမ်းက မဟာဗျူဟာ ပြဿနာတချို့ကို တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မောင်စူးစမ်းတင်ပြခဲ့တဲ့ မဟာဗျူဟာနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေ၊ လူအများ မနှစ်မြို့ခဲ့တာတွေ အတော်များများရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးဓလေ့မှာ မဖောက်ထွက်နိုင်သေးတဲ့ အကျင့်ဓလေ့တွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။ အခုလည်း မောင်စူးစမ်းတင်ပြခဲ့ဖူးတဲ့ မဟာဗျူဟာ အယူအဆတွေထဲက၊ ထွက်ပေါက်ပေးရေး မဟာဗျူဟာနဲ့ပတ်သက်ပြီး တိုက်ဆိုင်တာတွေ ရှိနေလို့၊ ထပ်မံ...