စိတ်လုံချင်တယ် စိတ်သန့်ချင်တယ်

• ကျနော် စိတ်သန့်ချင်တယ် • ကျနော် စိတ်လုံချင်တယ် အလုပ်တစ်ခုကို လုပ်နေတိုင်း၊ အလုပ်တစ်ခုကို လုပ်ပြီးသွားတိုင်း ကျနော့်ကို ကျနော် ပြန်ပြန်မေးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲဒီ့မေးခွန်းက စိုင်းထီးဆိုင်ရဲ့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုဖြစ်ပါတယ်။ ထိုက်တန်တဲ့ရင်းနှီးမှုရှိရဲ့လား…. ဆိုတဲ့ မေးခွန်း။ ကျနော်ကိုယ်တိုင် အလုပ်တစ်ခုခုကနေ အကျိုးရလဒ်တစ်ခုခုကို ခံစားမိတိုင်း ဒီရလဒ်နဲ့ ငါဟာ ထိုက်တန်ရဲ့ လားလို့ ကိုယ့်ကိုယ်ကို ခဏ...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

ဘဝပင်လယ်ဆီမှ /

The-LIFE-by-Min-ThaytDownload ဘဝပင်လယ်ဟာ လှိုင်းလည်း ထူတယ်။ ဝဲလည်း ရှိတယ်။ ငါးလိပ်မကန်းတွေလည်း ပေါတယ်။ မုန်တိုင်းလည်း ထန်တယ်။ ကျယ်လည်း ကျယ်တယ်။ နက်လည်း နက်တယ်။ ဆန်းလည်း ဆန်းကျယ်တယ်။ ဘဝဟာ ပင်လယ် နဲ့ တူတယ်။ ဘဝပင်လယ်မှာ မျောနေတဲ့သူတွေ ရှိတယ်။ မြုပ်သွားတဲ့သူတွေ ရှိတယ်။ မသေရုံ ကူးခတ်နေတဲ့သူ တွေ ရှိတယ်။ ကမ်းတစ်နေရာရာကို...

တည်နေရာ ရန်ကုန် ငပိရည် အက်ဆေး

ဗမာတွေဟာ အပုပ်အစပ်ကြိုက်တတ်သော သတ္တဝါပေလား မသိ။ ငပိနှင့် ငံပြာရည်ကို အတော်စားသည်။ အငံ လည်း အစားများသည်။ သီချင်းတွေကတောင် စပ်ဆိုသေးသည်။ ‘မြန်မာဆိုရင် ငပိကို မမေ့နဲ့…. စာပေမှာ ဗျည်းနဲ့သရ….တို့’ ။ ကျနော်ငယ်ငယ်တုန်းက ကြားခဲ့ဖူးသော သီချင်းဖြစ်သည်။ တွံတေးသိန်းတန် ဆိုတာဖြစ် သည်။ စပ်ဆိုသော တေးရေးဆရာကပဲ ဗမာ့ငပိကို တင်စားချင်လို့များလား မသိ။ ဗမာတွေ...

ကျောင်းသားဘဝ

ကျောင်းသားဘဝကို ကျနော် လွမ်းသည်။ ကျောင်းသား ဘဝက၊ ကျနော်တို့ ရိုးသားနိုင်ကြသည်။ အခုတော့ အဲ သလို မဟုတ်ကြတော့။ အသက်တွေ ကြီးလာတာနဲ့ အမျှ ကျနော် ရိုးသားမှုများ ပျောက်ဆုံးကုန်သည်။ ဘယ်လို ဘယ်ကဲ့သို့ကြောင့်မှန်းမသိ၊ ကျောင်းသားဘဝတွေကို ကျနော် မကြာမကြာ လွမ်းတတ်လာသည်။ ကျောင်းသား ဘဝဆိုသည်မှာ၊ တက္ကသိုလ်ကျောင်းသားဘဝထက်၊ အခြေခံပညာကို သင်ယူခဲ့သည့် ကျောင်းသားဘဝကို ပို၍...

မဒကသ မှ တစ်ဆင့်

“ကျည်ဆန်ထက် မြေဖြူကို ပိုကြောက်နေသလော….” သို့တည်းမဟုတ်…. ကျည်ဆန်ထက် မြေဖြူက စွမ်းလို့… သင်းသတ်ခြင်းလော…. အရှိတရားကို ဆန်းစစ်ကြပါ။ ပညာရေးစနစ်အတွင်းက သားကောင်များ နှင့် ပညာရေးစနစ်အတွင်းက သားကောင်းများ။ ကျနော်တို့ ဘာကို ရွေးချယ်ကြမည်နည်း။ ဖြတ်သန်းမှုများဖြင့် ကျနော့်အခြေခံပညာရေးဖြတ်သန်းမှုက၊ သူငယ်တန်းအပါအဝင် ဆယ့်တစ်နှစ်။ တက္ကသိုလ်ကျောင်းသားဘဝက ၅ နှစ်။ ပေါင်း ဆယ့်ခြောက်နှစ်တိတိ ကျောင်းသားဘဝကို ကျင်လည်ခဲ့သည်။ အသက်ခြောက်ဆယ်က၊...

“ မန္တလေး မန္တလေး မန္တလေး ”

မန္တလေးနှင့်ပက်သက်လျှင်၊ ကျနော့်မှာ အမှတ်တရတွေများလှပါသည်။ မန္တလေးသည်၊ ကျနော်မွေးဖွားရာ ဇာတိ မြေဖြစ်သည်။ ကျနော့်နှလုံးသားအခြေတည်၊ အစပြုရာလည်းဖြစ်သည်။ မန္တလေးသည်၊ သမိုင်းအစဉ်အလာကြီး သည်။ ယဉ်ကျေးမှု အနုအလှတွေပေါသည်။ ချစ်စရာ လုံမပျိုတွေနှင့်လည်း ပဒေသာစုံလှသည်။ မန္တလေးသည် ကျနော့် အိမ်၊ ကျနော့်နားခိုရာ ရင်ခွင်ဖြစ်သည်။ မန္တလေးနှင့် ကျနော် မခွဲနိုင်။ ကျနော့်စိတ်သည် ဇာတိစွဲစိတ် အားကြီးလှသည်။ ဇနပုဒ်ကို အစွဲပြုသည့်...

မျှော်လင့်မထားသော နေ့စွဲ

ကျွန်တော့်ဘဝမှာ၊ ဆရာတော်ဦးဇောတိကကို အပြင်မှာ တစ်ခါမှ မဆုံဖူးပါ။ မကြုံဖူးပါ။ အမှန်တကယ်တော့ မဖူးဖူးပါလို့ သုံးသင့်သည်။ ကျွန်တော်အနေဖြင့်၊ ဤသို့ မသုံးပါ။ အကြောင်းမှာ၊ ဆရာတော်ဦးဇောတိကကို ဗုဒ္ဓ ဘာသာသံဃာတစ်ပါးကို သာမန်ကြည်ညိုရုံသဘော သက်သက်မျှသာ မဟုတ်၍ ဖြစ်သည်။ ဤထက် ပိုပါ သည်။ ကျွန်တော့်စိတ်ထဲတွင်၊ ဆရာတော် ဦးဇောတိက နှင့်ပက်သက်၍ သတ်မှတ်ပြဌာန်းထားချက်များရှိသည်။ ဆရာတော့်ကို သာမန်သီလသမာဓိ...

စာဖတ်ကောက်ကြောင်းများ

ကျွန်တော် စာအုပ်အများကြီး မဖတ်နိုင်ပါ။ ကျွန်တော်က မှတ်ဉာဏ် သိပ်ကောင်းတဲ့သူထဲမှာ မပါ။ သို့ပေမယ့် စာဖတ်ခြင်းကို ဘိန်းစွဲသလို စွဲခဲ့ဖူးသည့် ကာလရှည်တစ်ခုကို ဖြတ်သန်းခဲ့သည်။ အခုတော့ စာတွေက ကျွန်တော့်ကို ရင်ခုန်အောင် မလုပ်နိုင်တော့။ ဘာ့ကြောင့်လဲ ကျွန်တော် မသိ။ သို့သော်လည်း စာတော့ အမြဲ ဖတ်နေဖြစ်သည်။ စာဖတ်နေရင်းနှင့် ဘယ်စာက ငါ့ကို ရင်ခုန်စေသလဲ ဆိုပြီး၊...

ရွှေတောင်တက် ဒဿန

တကယ်တော့ ကျွန်တော်က တောင်တက်သမား စစ်စစ် မဟုတ်ပါ။ သို့သော် တောင်တက်သမား အတုလည်း မဟုတ်ပါ။ တောင်တက်ခြင်းကို ဝါသနာထုံသော်လည်း အမြဲတမ်း တစ်စိုက်မတ်မတ် မလိုက်စားနိုင်သော ကြောင့်၊ တောက်တက်သမား စစ်စစ် မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ ပရော်ဖက်ရှင်နယ် တောင်တက်သမားများ နှင့်ယှဉ်လိုက်လျှင်မူ၊ ကျွန်တော့် စွမ်းရည်မှာ မည်ကာမတ္တအဆင့်သာ။ မည်သို့ပင်ဆိုစေ၊ တောင်တက်ခြင်းကို ကျွန်တော် နှစ်သက်သည်။ တောင်တက်ခြင်းဖြင့်ရသော၊...