အခန်း (၃) ဖြတ်သန်းရမှု

နွယ်နှင့်အနေဝေးခဲ့သော နေ့ရက်များသည် များပြားခဲ့ပါသည်။ ဤသို့သော နေ့ညများသည်ကိုလည်း ပြင်းထန် ဖြတ်သန်းခဲ့ရသည်။ ဤဒုက္ခတရားသည် ဘယ်ဆီက လာပါသနည်း။ ချစ်ခြင်းမေတ္တာသည် ဒုက္ခတရားကို မွေးဖွား သည်ဟု ဆိုလျှင် ကျနော် မယုံကြည်နိုင်ပါ။ လိင်မှုကိစ္စသည် ဒုက္ခဖြစ်ခြင်း အစစ်အမှန်ဖြစ်ပါရဲ့လား။ ဤသို့ ပြောရလောက်အောင်လည်း နွယ်နှင့်ကျနော့်အကြားမှာ လိင်တပ်မက်မှု ရမ္မက်ပြင်းထန်လွန်းခဲ့သည် မဟုတ်ပါ။ သိမ်မွေ့သော သံယောဇဉ် တုပ်နှောင်ခဲ့မှုများတော့ ရှိခဲ့ပါသည်။...