*** [Comparative Politics]

နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ၊ မဖြစ်မနေ သင်ရတဲ့ ဘာသာရပ် တစ်ခုရှိတယ်။ အဲဒါကို [Comparative Politics] လို့ ခေါ်တယ်။ မြန်မာလို အနက်ပြန်ရရင်တော့ “နှိုင်းယှဉ်နိုင်ငံရေး” လို့ ခေါ်ပါတယ်။ နှိုင်းယှဉ်နိုင်ငံရေး [Comparative Politics] ဟာ နိုင်ငံရေးသိပ္ပံရဲ့ ထီးရိပ်အောက်က ဘာသာရပ်ခွဲတစ်ခုလို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးစနစ်တွေ၊ အစိုးရတွေ၊ နိုင်ငံရေးအပြုအမူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို နိုင်ငံအလိုက်...

အလွန် အင်မတန် လိုအပ်နေပါတယ်

ကိုယ့်နည်းကိုယ့်ဟန်နဲ့ နိုင်ငံရေးဗေဒ လေ့လာဆည်းပူးနေသူ လူငယ်များအတွက် လက်တွေ့ ကာယကံမြောက်စွာ ဖြစ်ဖြစ်မြောက်မြောက် ဖေးမကူညီနိုင်မယ့် ဒေါင်းဒေါင်းပြေး သိနားလည်ထားသော ဆရာ့ ဆရာကြီးများ အလွန် အင်မတန် လိုအပ်နေပါတယ်။  ကျနော့်ဆီကို မကြာခဏဆိုသလို အနယ်နယ်အရပ်ရပ် ဒေသအသီးသီး အလွှာအသီးသီးက လူငယ်အတော်များ များက နိုင်ငံရေးနဲ့ပတ်သက်ပြီး လေ့လာရမယ့် အကြောင်းအရာတွေ၊ ဖတ်ရမယ့် စာအုပ်တွေ၊ သူတို့ သိနားလည် ချင်တဲ့...

ဆင်စွယ်နန်းပေါ်က ပညာတတ်

★ ကျနော် အခုရေးသားတဲ့ ဆောင်းပါးဟာ၊ လက်ဝဲဒဿနကနေ ဆင်းသက်တဲ့ အယူအဆလို့ မထင်မှတ်စေလို။ လူ့အဖွဲ့အစည်းကို တကယ်အကျိုးပြုဖို့အတွက် လက်တွေ့ကျသော ချည်းကပ်မှု လို့ နားလည်ပေးစေလိုပါတယ်။ အကန့်အသတ်တွေ မြန်မာပြည်မှာ ပညာတတ်အရေအတွက်ဟာ နည်းပါးလွန်းတဲ့ ပမာဏမှာ မရှိပါဘူး။ တစုံတရာ ပညာတတ် အဆင့် အတန်း ရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ သို့သော်လည်း တတ်မြောက်ထားတဲ့ ပညာရပ်တွေဟာ...

အသေးအဖွဲလေးက အစ တော်လှန်ပါ။

• ပညာအစ မေးခွန်းက လို့ ပြောတယ်။ ကျနော်တို့ ပညာရေးမှာ မေးခွန်း ထုတ်တတ်ဖို့ မသင်ပေးနိုင်သေးဘူး။ မြန်မာပြည် ပညာရေးက အစိုးရနဲ့ လူကြီးတွေ သိစေချင်တဲ့ အဖြေတွေကို ကလေးတွေကို ကျက်မှတ်ခိုင်းထားတာမျိုးဖြစ်ပါတယ်။ ကျက်မှတ်ခိုင်းတဲ့နေရာမှာလည်း၊ ကြောင်းကျိုးပြပြီး ရှင်းလင်းပြတာမျိုး မဟုတ်ဘူး။ ထိုးထည့်တာ။ သိပ်ထည့်တာ။ အဖြေဆိုတာကို ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနဲ့။ ကိုယ့်ဘာသာကို စဉ်းစားပြီး အဖြေထုတ်တဲ့သူဟာ...

ကိုလိုနီခေတ် ဗမာ

ဗမာတစ်ပြည်လုံး ကိုလိုနီလက်အောက်ကျရောက်စဉ်အချိန်က၊ ဗမာ့စရိုက်သည် ဘယ်သို့ဘယ်ပုံရှိခဲ့ပါသလဲ။ ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းကတော့၊ ကိုလိုနီစနစ် နှစ်ပေါင်းရာကျော် အသက် ရှည်ခဲ့ရခြင်းအကြောင်းတရားဟာ၊ ဗမာ့စရိုက်ဓာတ်ခံကို သိစွမ်းနိုင်မှုအပေါ် အများကြီး အမှီသဟဲပြုခဲ့ပါတယ်။ အင်္ဂလိပ်ဟာ အသိဉာဏ်မဲ့စွာ အုပ်ချုပ်ခဲ့တာ မဟုတ်။ အကင်းပါးပါးနဲ့ ပါးရည်နပ်ရည်ရှိရှိ အုပ်ချုပ်ခဲ့တာလို့ ပြောလို့ရနိုင်ပါ တယ်။ ဗမာ့စရိုက်သဘောဝနဲ့ ဓလေ့ထုံးတမ်းကို ကောင်းကောင်း မသိရှိဘဲ အခုလို နှစ်ပေါင်း...

▄ နီတိ လေးပါး၊ အပြုံးသက်သေ

Four-Literacy-by-Min-ThaytDownload “အ” သုံးလုံးကြေ ဆိုရှယ်လစ်ခေတ်က မြန်မာပြည်မှာ၊ “အ” သုံးလုံးကြေရင် စာတတ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ဒါ့ကြောင့် ‘အ’ သုံးလုံး သင်ကြားရေးတွေ နယ်အနှံ့ဆင်းပြီး၊ သင်ကြ ကြားကြတယ်။ ပြီးတော့ ကမ္ဘာကို ကြေညာတယ်။ မြန်မာပြည်မှာ စာတတ်သူ ဦးရေ ဘယ်လောက် ဘယ်မျှ စသည်ဖြင့်။ “အ” သုံးလုံးဆိုတာ၊ အရေး အဖတ် အတွက်ကို...

▄ မြန်မာ့ပညာရေးတန်ဖိုး

မြန်မာတွေ ယုံကြည်သက်ဝင်ထားတဲ့ ပညာရေးအတွေးအခေါ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ မြန်မာတွေလို့ ပြောတဲ့ နေရာမှာ၊ နာမည်တပ်ပြောရမယ့်အရာတွေ ရှိပါတယ်။ မြန်မာပြည်၊ ခေတ်အဆက်ဆက်မှာ အုပ်ချုပ်မင်းလုပ်ခဲ့ တဲ့ အစိုးရတွေဟာ ပညာရေးကို ဘယ်လိုပြဌာန်းစီရင်ခဲ့ပါသလဲ။ ပညာရေးသမိုင်း ပြန်ကြည့် ပဒေသရာဇ်ခေတ်၊ ဘုန်းကြီးကျောင်းပညာရေး မှစပြီး လေ့လာဖို့လိုပါတယ်။ ထိုနည်းလည်းကောင်း၊ ကိုလိုနီ ခေတ်၊ ဗြိတိသျှအစိုးရက ပုံဖော်တည်ဆောက်တဲ့ ပညာရေးလမ်းစဉ်ဟာ ဘာဖြစ်နိုင်ပါသလဲ။ ကိုလိုနီသူ့ကျွန်...

▄ သိမှုမှသည် နားလည်မှုအဆင့်သို့

သိခြင်းနဲ့ နားလည်ခြင်းဟာ မတူပါဘူး။ ကျနော် ဆယ်ကျော်သက်အရွယ်တုန်းက၊ ဆရာ ဦးအောင်သင်းရဲ့ ဟောပြောပွဲတစ်ခုကို နားထောင်ဖူးပါတယ်။ “If you don’t ask me, I know. If you ask me, I don’t know.” တဲ့ ။ “မမေးရင် သိတယ်။ မေးရင် မသိဘူး…” လို့...

▄ လူထုပညာရေး

စာအုပ် ၊ စာရေးဆရာ ၊ စာပေ • စာအုပ်ဆိုတာ စာရေးဆရာရဲ့ တမန်တော်ဖြစ်ပါတယ်။• စာရေးဆရာဆိုတာ လူထုရဲ့ ပညာရေးမှူးဖြစ်ပါတယ်။• စာပေဆိုတာ တိုင်းပြည်ရဲ့ သင်ရိုးညွှန်းတမ်းဖြစ်ပါတယ်။ ဒီနေရာမှာ စာအုပ်ရဲ့ သဘော။ စာရေးဆရာရဲ့ အလုပ်နဲ့ စာပေရဲ့ တာဝန်အကြောင်းကို ပြောချင်ပါတယ်။ စာအုပ်ရဲ့သဘော စာအုပ်ရဲ့ တာဝန်ဟာ၊ စာရေးဆရာရဲ့ ဝိညာဉ်ကို သယ်ဆောင်ပေးဖို့ဖြစ်ပါတယ်။ စာရေးဆရာရဲ့...

▄ ပြည်ပရောက် ပညာတတ်ပြဿနာ

• အဖိုးနည်းရင် အိုးကွဲပဲရမယ်။• ငှက်ပျောသီးပေးရင် မျောက်တွေပဲလာလိမ့်မယ်။• သူ့အိုးသူ့ဆန် တန်ရုံပဲ ရမယ်။• အိုးရွဲ့ရင် စလောင်းရွဲ့နဲ့ ဖုံးမှ အတော်ပဲ။• ပြည်သူဟာ သူနဲ့ တန်တဲ့အစိုးရကို ရတယ်။ ဒီစကားတွေကို ရပ်ထဲရွာထဲမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ တရားပွဲတစ်ခုမှာဖြစ်ဖြစ်၊ စာသင်ခန်းတစ်ခုမှာပဲ ဖြစ်ဖြစ်၊ ဟောပြောပွဲတစ်ခုမှာဖြစ်ဖြစ်၊ စာတစ်အုပ် စာပုဒ်မှာဖြစ်ဖြစ် တွေ့ဖူးမြင်ဖူး၊ ကြားဖူး၊ ပြောဖူးပါလိမ့်မယ်။ သရုပ်ခွဲ အဖိုးနည်း...