ဒေါ်ခင်ရီ၏ ခင်ပွန်း ဒေါက်တာသန်းထွန်း

ကျနော် ဒေါက်တာသန်းထွန်းအကြောင်းကို၊ စံပြအတုယူပြီး ရေးဖြစ်တိုင်း စာဖတ်မိတ်ဆွေ တစ်ယောက်က၊ ဒေါက်တာသန်းထွန်းဇနီး (ဒေါ်ခင်ရီ) အကြောင်းလည်း ရေးပါအုံးလို့ တိုက်တွန်းလေ့ရှိတယ်။ ကျနော့်ကို နှစ်ခါ သုံးခါလောက်တိုက်တွန်းတာတွေ့ရတယ်။ ဇနီးမယားတွေဟာ မှတ်တမ်းတင်မခံရဘူး… ဆိုတဲ့ အမြင်ကိုလည်း အဲသည့် စာဖတ်မိတ်ဆွေဆီက ရတယ်။ ကျနော် တာဝန်မကျေသလို ခံစားနေရတယ်။ တကယ်တမ်း ကျနော်လည်း ရေးချင်ပါတယ်။ သို့သော်လည်း ကျနော် ပျက်ကွက်နေခဲ့တယ်။...

သုတေသနနည်းနာ

ဒေါက်တာသန်းထွန်း၊ သုတေသနထုံးစာအုပ်စျေးစာပေ၊ ပထမအကြိမ်၂၀၀၃ မေ။သမိုင်းသုတေသနရေးသားနည်း။ ဒေါက်တာသန်းထွန်းသည် သမိုင်းသုတေသနကို တစ်သက်လုံးလုပ်သွားခဲ့သူဖြစ်ပါသည်။ သူ့ကို လူအများက သမိုင်းပညာရှင်ဟု ခေါ်ကြသည်။ ဒေါက်တာသန်းထွန်းကတော့ သူ့ကိုယ်သူ “သမိုင်းပညာရှာ” ဟုသာ ခံယူသည်။ ပညာရှင် မဟုတ်။ ပညာရှာဖြစ်သည်။ ကျနော် စီးရီးလိုက်ဖတ်သည့် စာရေးဆရာ၊ ပညာရှင်တချို့၏ စာအုပ်များ ရှိ ပါသည်။ မောင်စူးစမ်း၊ ကျော်ဝင်း၊ ဒေါက်တာအောင်ခင်၊ ဒေါက်တာမြင့်ဇော်၊...