မောင်စူးစမ်း (၁၉၂၇ – ၂၀၁၇)

• ၁၉၂၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၄ ရက်နေ့တွင် မွေးဖွား။• ပျဉ်းမနားမြို့ ဇာတိ။• မွေးချင်း (၇) ယောက်အနက် အကြီးဆုံးသား။• အမည်ရင်း ဦးချမ်းအေး။• ရဲဘော်ချမ်းအေး။• ဗမာပြည်ကွန်မြူနစ်ပါတီဝင်။• တောတွင်းလက်နက်ကိုင် ကွန်မြူနစ်။• တော်လှန်ရေးကောင်စီ၏ စီးပွားရေး အကြံပေး။• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဦးဆုံး ဗဟိုကော်မတီဝင်။• စာရေးဆရာ။• နိုင်ငံရေးသမား။• တော်လှန်ရေးသမား။• စာရေးဆရာ။• သတင်းစာဆရာ။•...

ဒီမိုကရေစီ လူ့ဘောင်သို့

မြန်မာပြည်အသွင်းကူးပြောင်းရေးနဲ့ပတ်သက်ပြီး ရေတို၊ ရေရှည်အကဲဖြတ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ တိုင်းပြည် အုပ်ချုပ်ခြင်းအလုပ်ဆိုတာဟာ လတ်တလောအကျိုးအတွက် ကြည့်ပြီး လုပ်ရတာတွေ ရှိတယ်။ ထိုနည်းလည်း ကောင်း၊ ရေရှည်မြော်မြင်ပြီး လုပ်ရတာတွေလည်း ရှိပါတယ်။ ရေတို / ရေရှည်သဘော အခုရေတွင်းတူး အခုရေကြည်သောက် ဖြစ်ချင်လို့ မရတဲ့ ကိစ္စတွေလည်း ရှိတယ်။ နှစ်ရှည်ပင်စိုက်သလို၊ စိုက်ထားပျိုးထားပြီး လေးငါးဆယ်နှစ်လောက်ကြာမှာ အသီးအပွင့် စ,ပြလာမယ့်ကိစ္စတွေလည်း ရှိနေပြန်တယ်။...

▄ နီတိ လေးပါး၊ အပြုံးသက်သေ

Four-Literacy-by-Min-ThaytDownload “အ” သုံးလုံးကြေ ဆိုရှယ်လစ်ခေတ်က မြန်မာပြည်မှာ၊ “အ” သုံးလုံးကြေရင် စာတတ်တယ်လို့ သတ်မှတ်ခဲ့ကြတယ်။ ဒါ့ကြောင့် ‘အ’ သုံးလုံး သင်ကြားရေးတွေ နယ်အနှံ့ဆင်းပြီး၊ သင်ကြ ကြားကြတယ်။ ပြီးတော့ ကမ္ဘာကို ကြေညာတယ်။ မြန်မာပြည်မှာ စာတတ်သူ ဦးရေ ဘယ်လောက် ဘယ်မျှ စသည်ဖြင့်။ “အ” သုံးလုံးဆိုတာ၊ အရေး အဖတ် အတွက်ကို...

▄ ဒီမိုကရေစီဉာဏ်သက်ရင့်လာပြီလား…..

• နိုင်ငံရေးသင်ပုန်းကြီး• ဒီမိုကရေစီ ကကြီး ခခွေး နှင့်• အခြေခံ နိုင်ငံရေးဖတ်စာ။ အသက်ကြီးလာတာနဲ့အမျှ၊ သတိထားနေရတဲ့ကိစ္စ ရှိပါတယ်။ အဲဒါကတော့ အသက်ကြီးပြီး လူကြီးဖြစ်မလာတဲ့ ကိစ္စဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ၊ အသက်နံပါတ်ကြီးလာပေမယ့် စိတ်သက်ရင့်မလာခြင်းကိစ္စဖြစ်ပါ တယ်။ အသက်ကြီးပြီး သူငယ်နာမစင်တာတွေလည်း ရှိပါတယ်။ ဒဿနပါမောက္ခ ဟာရီအိုဗာစထရိက “လူ့အဖွဲ့အစည်းတစ်ခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့လူကြီးတွေပဲဖြစ်တယ်” လို့ ရေးခဲ့ဖူးပါတယ်။ ရင့်ကျက်တယ်ဆိုတာ...

လူထု အထိန်းအထေ

”ဒီဆောင်းပါးမှာ၊ အိုင်တီနည်းပညာကြောင့် တိုက်ရိုက်ဒီမိုကရေစီသဘောဖြစ်ထွန်းလာတဲ့ အခြေအနေကို တင်ပြထားပြီး၊ မတူကွဲပြားမှုအပေါ် နိုင်ငံရေးခန္တီတရားမြှင့်လျက် အသွင်ကူးပြောင်းရေးမှာ ဖြေလျော့ရေးလုပ်ငန်း စဉ်တွေ ဆက်လက်လုပ်ဆောင်နိုင်ပြီး၊ တည်ငြိမ်တဲ့ မျှခြေကို ထိန်းသိမ်းထားကာ လူထုက ထိန်းကျောင်းတဲ့ အစိုးရစနစ်ကို တည်ဆောက်ကြဖို့ ရေးသားတင်ပြထားပါတယ်။” ဒီမိုကရေစီကို အခြေခံအားဖြင့်၊ တိုက်ရိုက်ဒီမိုကရေစီနဲ့ ကိုယ်စားပြုဒီမိုကရေစီဆိုပြီး အကြမ်းဖျင်းခွဲကြည့်နိုင်ပါ တယ်။ ဂရိရောမ အေသင်မြို့ပြမှာ လမ်းဆုံးခဲ့တဲ့ တိုက်ရိုက်ဒီမိုကရေစီဟာ ၂၁...

◾ ပြုပြင်ပြောင်းလဲရေးကိစ္စ။

မြန်မာပြည်ရဲ့ပြုပြင်ပြောင်းလဲရေးကိစ္စကို အနည်းငယ်ပြောချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလို့ ပြောတဲ့ နေရာမှာ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုတာ ရှိတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ ရှိတယ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ပြီး၊ ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ကာလမှာ ပြုပြင် ပြောင်းလဲရေးကိစ္စကို အပြောများကြတယ်။ နိုင်ငံရေးကိစ္စနဲ့ စီးပွားရေးကိစ္စ။ နိုင်ငံရေးကိစ္စမှာ၊ ဒီမိုကရေစီ ကျင့်ထုံးတွေ အသက်သွင်းတဲ့ကိစ္စပါဝင်တယ်။ ဒီမိုကရက်တစ်အင်စတီကျူးရှင်းတွေ တည်ဆောက်မှု အပိုင်းပါတယ်။ ပြည်သူ့အခြေပြုမူဝါဒတွေကို ဘယ်လိုချမှတ်မလဲ၊ ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတဲ့ကိစ္စပါတယ်။...