များများဖတ်ဖို့ထက် နာနာဖတ်ဖို့

တချို့စာတွေက၊ မျက်လုံးနဲ့ ဖတ်ရုံနဲ့ မရဘူး။ လက်နဲ့ ဖတ်မှရမယ်။ လက်နဲ့ ဖတ်တယ်ဆိုတာ၊ လိုင်းသား၊ မျဉ်းသား၊ ခရေပွင့်ပြ၊ မှတ်စုထုတ်၊ မှတ်ချက်ရေး… စတာတွေကို ပြောတာ ဖြစ်ပါတယ်။ စာအုပ်တွေ ဖတ်တဲ့နေရာမှာ၊ များများ ဖတ်ဖို့ထက်၊ နာနာဖတ်ဖို့ကိုပဲ တိုက်တွန်းချင်တယ်။ ဒါ… ကျနော့် စာဖတ်သက်တစ်လျှောက်လုံးမှာ၊ ကျနော် ရခဲ့တဲ့ နည်းပဲ။ များများဖတ်ဖို့လည်း မလိုဘူးလား...