မျှော်လင့်မထားသော နေ့စွဲ

ကျွန်တော့်ဘဝမှာ၊ ဆရာတော်ဦးဇောတိကကို အပြင်မှာ တစ်ခါမှ မဆုံဖူးပါ။ မကြုံဖူးပါ။ အမှန်တကယ်တော့ မဖူးဖူးပါလို့ သုံးသင့်သည်။ ကျွန်တော်အနေဖြင့်၊ ဤသို့ မသုံးပါ။ အကြောင်းမှာ၊ ဆရာတော်ဦးဇောတိကကို ဗုဒ္ဓ ဘာသာသံဃာတစ်ပါးကို သာမန်ကြည်ညိုရုံသဘော သက်သက်မျှသာ မဟုတ်၍ ဖြစ်သည်။ ဤထက် ပိုပါ သည်။ ကျွန်တော့်စိတ်ထဲတွင်၊ ဆရာတော် ဦးဇောတိက နှင့်ပက်သက်၍ သတ်မှတ်ပြဌာန်းထားချက်များရှိသည်။ ဆရာတော့်ကို သာမန်သီလသမာဓိ...