▄ ကျနော် ဝေဖန်ရေးသမား ဟုတ် / မဟုတ်

ကျနော့်စာများကို ဖတ်ဖန်များသည့် မိတ်ဆွေတစ်ချို့နှင့် ရင်းနှီးသူစာဖတ်သမားတစ်ချို့က ကျနော့်ကို ဝေဖန်ရေးဆရာဟု မှတ်ချက်ပေးလေ့ရှိသည်။ ထိုသို့ပြောသောအခါ၊ ကျနော် ရယ်ကျဲကျဲနှင့် ဘာအဖြေမှပြန် မပေးဘဲ ရယ်နေတတ်သည်။ အကြောင်းမှာ၊ ကိုယ့်စာများကို ကိုယ်ပြန်သတိရမိ၍ဖြစ်ပါသည်။ စာဖတ်သူမိတ် ဆွေများက၊ သဘောရိုးဖြင့် မှတ်ချက်ပေးကြခြင်းဖြစ်ပါသည်။ ကျနော့်၏ ပြင်းထန်သော စကားလုံးရိုက်ချက်များ ကြောင့် အောက်သက်သက်ဖြစ်သွားကြသော လူပုဂ္ဂိုလ်များ၏ မေတ္တာဓာတ်ကို ကျိတ်၍ ခံယူနေရကြောင်းကိုမူ ကျနော်...