ဧကစာရီကျင့်နေသော စစ်ကောင်စီ

အိမ် မသာ လို့ဧည့် မလာလာတဲ့ ဧည့်သည် လူမိုက်နှယ်ဧည့်မျှော် လူပါးဧည့်လာ ရှားဟွန်ဆန်နဲ့သာ ညား။ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအစမှာ၊ စစ်ကောင်စီဟာ သံခင်းတမန်ခင်း ရှေ့တန်းစစ်မြေပြင်မှာ အောင်နိုင်ဖို့ ကြိုးစားမှု ပြင်းပြခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း ထင်သလောက် မလွယ်ကူတာကို တွေ့ရတဲ့အခါ၊ စစ်ကောင်စီရဲ့ နောက်ဆုံးကျည်တောင့်ဖြစ်တဲ့ ရုရှားဆီကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာတွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်ကလို၊ တရုတ်နဲ့တောင် စီးစီးပိုးပိုး...

အနာဂတ္တိဆရာတစ်ဦး၏ စိုးရိမ်သောက

နောက်ကြောင်းပြန်အရေး သတိပေးချက် ကျော်ဝင်းဟာ ဘယ်လိုအရာတွေကို ဇောင်းပေးပြောခဲ့ပါသလဲ။ ကျော်ဝင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးနည်းနာဖြစ်စဉ်၊ ဖြစ်အင်တွေကို ဇောင်းပေးပြောခဲ့ပါတယ်။ အထူးသဖြင့် လစ်ဘရယ်စိတ်အခံ ထုထည် ကြီးမားလာအောင် သူ့ကလောင်နဲ့ ကျေးဇူးပြုခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးဓလေ့အရ အစွန်းရောက်ဓလေ့ဟာ လစ်ဘရယ်စိတ်အခံနဲ့ ဖီလာကန့်လန့်ဖြစ်နေပါတယ်။ ဒါကို တတ်နိုင်သရွေ့ ပြန်ဆွဲတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရယ်ဒီကယ်ချောက်ကမ်းပါးဆိုတဲ့ အသုံးအနှုန်းကို ကျော်ဝင်းဟာ သူ့ရဲ့နိုင်ငံရေးဆောင်းပါးတွေမှာ...

စီနီယာ ဗိုလ်ချုပ်ကြီးတွေရဲ့ လုပ်ရပ်ကို ကဖျက်ယဖျက် လုပ်လေသလား ဖျက်လိုဖျက်စီး လုပ်တာလား

၁။ လမ်းပြ မြေပုံ (၇) ချက်ချပြီး၊ လမ်းစဉ်အတိုင်း အကောင်အထည်ဖော်ခဲ့တဲ့၊ ဗိုလ်သန်းရွှေနဲ့ သူ့နောက်လိုက်များ။ ဦးသိန်းစိန်၊ သူရရွှေမန်း၊ ဦးတင်အေး၊ ဦးတင်နိုင်သိန်း၊ ဦးစိုးသိမ်း၊ ဦးအောင်မင်း။ သူတို့ဟာ စစ်ဘက်ဗိုလ်ချုပ်ကြီးဟောင်းတွေ ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်ပါတယ်။ ၂။ ၁၉၅၀ တစ်ဝိုက်က၊ တောင်ကိုရီးယားနိုင်ငံက သမ္မတ ပတ်ချုံဟီးဟာ၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအစိုးရအသွင် အုပ်ချုပ်ခဲ့ပါ တယ်။ ရွေးကောက်ပွဲကျင်းပပေးပြီး...

▄ တွေ့ဆုံဆွေးနွေးရေး…. မမျှော်လင့်နိုင်သေး

• တော်လှန်တဲ့ နိုင်ငံရေးမှာ၊ တွေ့ဆုံဆွေးနွေးရေးနည်းနာနဲ့ အကျပ်အတည်းတွေကို ဖြေရှင်းတာက၊ အညင်သာဆုံးနဲ့ ပြည်သူ့အတွက် အထိနာမှု အနည်းဆုံးလမ်းကြောင်းဖြစ်ပါတယ်။ သို့ပေမယ့် မြန်မာပြည်တော်လှန်ရေးမှာ၊ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်ဖို့ ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်သေးပါ။ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းအချက်တွေကတော့ မြောက်မြားစွာ ရှိနေပါတယ်။ အကြောင်းရင်းတွေထဲမှာ လတ်တလော အကြောင်းနဲ့ နောက်ခံက အကြောင်းတရားတွေ ရှိနေပါတယ်။ ▄ လတ်တလော အကြောင်း...

လက်နက်ကိုင်လမ်းစဉ်

လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေးလမ်းစဉ်။ အကြမ်းဖက်နိုင်ငံရေးနဲ့ အကြမ်းမဖက် နိုင်ငံရေးဆိုပြီး ကွာတာပဲ။ မြန်မာပြည်နိုင်ငံရေးအင်အားစုဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရင် ဘာဖြစ်နိုင်သလဲ။ တနည်း အောင်မြင်နိုင်သလား။ ကျရှုံးနိုင်သလား။ လက်ရှိအခြေအနေမှာတော့၊ အောင်မြင်နိုင်ဖို့ ကျရှုံးသွားဖို့ ဆိုတာထက် ဇာတ်မျောကြီးဖြစ်သွားဖို့ ပိုနီးနေတယ်။ အောင်မြင်ဖို့အတွက်ဆိုရင် ဘာလုပ်ရမလဲ။ ဘာဖြစ်ရမလဲ။ နံပါတ်တစ် - လူမျိုးစု လက်နက်ကိုင်အင်အားကြီးအဖွဲ့တော်တော်များများ ညီရင် ရတယ်။ ကေအိုင်အေ၊ ကေအန်ယူ၊...

ဒေါ်အောင်ဆန်းစုကြည် (၁၉၄၅ – )

• ၁၉၄၅ ခုနှစ် တွင်မွေးဖွား။• အဖ ဦးအောင်ဆန်း ၊ အမိ ဒေါ်ခင်ကြည်။• ရန်ကုန်မြို့ ဇာတိ။• မွေးချင်း (၃) ယောက်အနက် အငယ်ဆုံး သမီး။• အာဏာရှင်တော်လှန်ရေး၏ တပ်ဦး• လူထုခေါင်းဆောင်• နိုင်ငံရေးသမား• ဒီမိုကရက်တစ်ဘက်တော်သား• လူထုတပ်ဦး• အမျိုးသားခေါင်းဆောင်• နိုင်ငံတော်အတိုင်ပင်ခံ• သမိုင်းအစဉ်အလာကြီးမားတဲ့ အသိုက်အဝန်းက ဆင်းသက်လာသူ• တိုင်းပြည်အတွက် အရာအားလုံးကို စွန့်ရဲသူ•...

ယုတ်မာမှုတွေကို စောင့်ကြည့်မယ်။

• ယုတ်မာမှုကို စောင့်ကြည့်ကြ….• မိုက်ရိုင်းမှုကို စောင့်ကြည့်ကြ…… • ယုတ်မာမှုတွေကို စောင့်ကြည့်ရမယ်။• ဘာလို့လဲဆိုတော့ ငါတို့ ကလေးတွေကို သွန်သင်ဖို့၊ ငါတို့ မျိုးဆက်ကို သွန်သင်ဖို့၊ ငါတို့တတွေလို မညံ့ကြဖို့။ • မိုက်ရိုင်းမှုတွေကို စောင့်ကြည့်ရမယ်။• ယုတ်မာမှုတွေကို မှတ်တမ်းတင်ရမယ်။• ဘာလို့လဲဆိုတော့ ငါတို့ မျိုးဆက်ကို သွန်သင်ဖို့။• ငါတို့ကလေးတွေကို ပြန်ပြောပြဖို့။• ယုတ်မာမှုတွေကို မချစ်တတ်ဖို့။•...

သူခိုးတွေ သူခိုးတွေ

• သူခိုးတွေ ပြန်တက်လာပြီ။• သူခိုးတွေ ပြန်တက်လာပြီ။ • ဒီတစ်ခါတော့၊ သူခိုးတွေတင် မဟုတ်။ သူဝှက်တွေလည်း ပါသည်။ သရဲ ၊ သဘက်တွေလည်း ပါသည်။ သူရဲထက် သဘက်က ပိုဆိုးသည်။ တစ္ဆေအခြောက်ခံရသော ဘဝမှ၊ သဘက်များ၏ ဂုတ်ချိုးစားခံရမည့် ကိန်း။ • သူခိုးနဲ့အတူ ဓားပြများလည်း ပါသည်။ လူမိုက်များလည်း ပါသည်။ သူခိုး၊...