ဖွံ့ဖြိုးမှုသို့ သွားရာလမ်း – တရုတ်

အနောက်နိုင်ငံအများစုဟာ တရုတ်ရဲ့ တရုတ်နည်းတရုတ်ဟန်ဒီမိုကရေစီဆိုတာကို ဝေဖန်စောကြောကြတယ်။ အထူးသဖြင့် နိုင်ငံသားလွတ်လပ်ခွင့်မှာ နိုင်ငံရေးလွတ်လပ်ခွင့်ကို စောဒကတက်ကြတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်စောကြောနေပါစေ၊ တရုတ်ပြည်ဆိုတဲ့ ရထားကြီးကတော့ သူ့လမ်းကြောင်းပေါ်မှာ မှန်မှန် ခုတ်မောင်း လျက်…။ သမိုင်းသင်ခန်းစာ တရုတ်ဟာ သူလျှောက်မယ့်နိုင်ငံရေးပလက်ဖောင်းကို သူ့ဘာသာ ခင်းတယ်။ တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်တဲ့ အစိုးရဖြစ်လာခဲ့တယ်။ အလွဲလွဲအမှားမှားတွေလည်း ကြုံခဲ့၊ ချွတ်ယွင်းချက်တွေလည်း ဒုနဲ့ ဒေး...

စိနဗေဒ နှင့် မြန်မာ

မူရင်း - မောင်အောင်မျိုး၊ In The Name of Pauk-Phaw (Myanmar’s China Policy Since 1948)ဘာသာပြန် - စိန်ဝင်းစိန် ၊ ပေါက်ဖော်တဲ့…လား။ပန်းဆက်လမ်းစာပေ၊ ပထမအကြိမ်။၂၀၁၅ ဇွန်။ တရုတ် - မြန်မာအရေးနှင့်ပတ်သက်ပြီး ပညာရပ်ဆန်ဆန်၊ သုတေသနနည်းကျ ရေးသားထုတ်ဝေထားသော စာအုပ် သည် မြန်မာဘာသာနဲ့ များများစားစား မရှိပါ။...

တရုတ်မျိုးချစ်

မြန်မာကိုင်ဆွဲထားတဲ့ အမျိုးသားရေးဝါဒနဲ့ တရုတ်အမျိုးသားရေးဝါဒ အကြား ထိပ်တိုက်တွေ့မှုဖြစ်လာနိုင် သလား။ Nationalist-China-by-Min-ThaytDownload မြန်မာပြည်မှာ အမျိုးသားရေးဝါဒလို့ ပြောရင် များသောအားဖြင့် မြန်မာ့တပ်မတော်ကိုသွားမြင်ကြတယ်။ နောက်ပြီး မဘသ အုပ်စုကို မြင်ကြပါလိမ့်မယ်။ အမျိုးသားရေးဝါဒဆိုတာကို လက်နက်ကိုင်မြန်မာတပ်နဲ့ မဘသ အုပ်စုနှစ်ခုကိုပဲ ကိုင်ပြီး အနက်ဖွင့်မယ်ဆိုရင် အင်မတန် ကျဉ်းမြောင်းရာကျပါတယ်။ အမျိုးသားရေးဝါဒဆိုတာ ကျယ်ပြန့်နက်ရှိုင်းတဲ့သဘောဆောင်ပါတယ်။ မြန်မာပြည်မှာ တပ်နဲ့ မဘသ အုပ်စုဟာ...

တရုတ်၏ ဆူးကြီး သုံးချောင်း (သို့) တီ သုံး တီ

T-Three-T-by-Min-ThaytDownload တရုတ်ပြည်မှာ ယခုအချိန်အထိ နှစ်ဝင်နေတဲ့ ဆူးကြီး သုံးချောင်းရှိတယ်။ အင်္ဂလိပ်လို တီသုံးတီ လို့ခေါ်ကြတယ်။ (၁) တရုတ်ထိုင်ဝမ် (Taiwan) (၂) တီယံမင် (Tiananmen) (၃) တိဘက် (Tibet) အရေးကိစ္စ သုံးခုဖြစ်တယ်။ (၁) တရုတ် တိုင်ပေ ၁၈၈၅ ခုနှစ်မှာ၊ ဂျပန်က တရုတ်နဲ့ စစ်ဖြစ်ပြီး ထိုင်ဝမ်ကျွန်းကို ကိုလိုနီနယ်မြေအဖြစ်...

တရုတ်နဂါး

တရုတ်တွေကို သွားမနိုးလိုက်နဲ့… သူတို့ အိပ်နေပါစေ… သူတို့နိုးလာရင် ကမ္ဘာကြီးကို လွှမ်းမိုးသွားလိမ့်မယ်… နပိုလီယံဗိုနာပတ် - ပြင်သစ် ဧကရာဇ် ပြင်သစ်ဘုရင် နပိုလီယံက တရုတ်တွေနဲ့ပတ်သက်ပြီးတော့ ပေးထားခဲ့ဖူးတဲ့ မှတ်ချက်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ (၂၀၁၉ ၊ အောက်တိုဘာ ၁ ရက်) ဟာ တရုတ်ပြည်ကြီးကို စုစည်းတည်ထောင်လိုက်တဲ့ နှစ် (၇၀) ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ သိပ်မကြာခင်ရက်ပိုင်း...

ဘေဂျင်း (သို့မဟုတ်) ပီကင်း ယခင် / ယခု

Bejing-or-Peking-by-Min-ThaytDownload • တရုတ်ကို လေ့လာဖို့ • တရုတ်ကို ပေါင်းဖို့ မဟုတ် တရုတ်မုန်းတီးရေး အမြင်နဲ့ပတ်သက်ပြီး မြန်မာတွေ သတိထားဖို့ လိုတဲ့အချက်ရှိပါတယ်။ အဲဒါကတော့ တရုတ် မုန်းတီးရေးစိတ်အခံနဲ့ တရုတ်ကို မပစ်ပယ်ဖို့၊ တရုတ်ကို လျစ်လျှူမရှုဖို့ ဖြစ်ပါတယ်။ တရုတ်မုန်းတီးရေးအမြင်နဲ့ အတူ တရုတ်ကို အလေးမထား၊ ဂရုမစိုက်ဘဲ ထားရင် မြန်မာတွေအတွက် ပိုဆိုးနိုင်တဲ့ အခြေအနေတွေ...

မြန်မာဖြစ် တရုတ်မုန်းတီးရေးအမြင်

Chinese-Fever-by-Min-ThaytDownload ၂၀၁၉ ဇွန်လထုတ် ၊ ချိုင်းနားတူဒေး မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပါ ဖော်ပြချက်နဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာ မှာ မြန်မာတော်တော်များများဝေဖန် ရှုတ်ချတာကို တွေ့ရပါတယ်။ ဒါကို ဧရာဝတီသတင်းဌာနမှာ သတင်းတို တစ်ပုဒ်တွေ့ရတယ်။ သံရုံးထုတ် မဂ္ဂဇင်းတွေကတော့ နှစ်နိုင်ငံချစ်ကြည်စွာ ပေါင်းစည်းနေထိုင်ကြောင်း ပြသနိုင်မယ့် အပြုသဘော ဆောင် ရေးသားထုတ်ဝေမှုတွေကို လုပ်လေ့ရှိပါတယ်။ နှစ်ဖက်ကို လူမျိုးအားဖြင့်လည်းကောင်း၊ နိုင်ငံရေး အားဖြင့်လည်းကောင်း၊...