▣ ဗမာ့စိတ်ထား

ပုံပြင်တွေဟာ သမိုင်းမဟုတ်ပေမယ့်၊ သမိုင်းကို ခြေရာကောက်တဲ့နေရာမှာ အတော်အသုံးဝင်တဲ့အရာတွေ ဖြစ်ပါတယ်။ လူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ စတိုရီ (ပုံပြင်) တွေ ပြောပြီး၊ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို နားလည်အောင် လက်ဆင့်ကမ်းခဲ့ကြတယ်။ ပုံပြင်တွေဟာ လူ့အဖွဲ့အစည်းရဲ့ အတွင်းစိတ်ဓာတ်ခံကို ညွှန်ပြနေပါတယ်။ သမိုင်းကို လေ့လာတဲ့နေရာမှာ၊ အချက်အလက်မှတ်တမ်းတွေကိုချည်းပဲ မလေ့လာဘဲ၊ အတိတ်သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့လူ့အဖွဲ့အစည်းရဲ့ ဝိညာဉ်ကိုလည်း ရှာဖို့ လိုပါတယ်။ သမိုင်းကို လေ့လာတဲ့အခါ...

ဦးဝိစာရ (သို့မဟုတ်) အာဏာဖီဆန်ရေး၏ သင်္ကေတ၊ တော်လှန်သော သတ္တိရှေ့ဆောင်

ဆရာတော် ဦးဝိစာရကို ဆရာတော် ဦးဥတ္တမထက် ပိုပြီး ထင်ရှားလူသိများစေတဲ့အရာတွေ ရှိပါတယ်။ တကယ်တော့၊ ဆရာတော် ဦးဥတ္တမဟာ ဆရာတော် ဦးဝိစာရရဲ့ နိုင်ငံရေးလမ်းပြ ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ သို့သော် ဆရာတော် ဦးဝိစာရဟာ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ထင်ရှားပါတယ်။ ကိုလိုနီအစိုးရကို အာဏာဖီဆန်တဲ့နေရာမှာ၊ အဆုံးစွန်ဆုံးအထိ မလျော့သောဇွဲနပဲနဲ့ အာခံမှုဟာ ပြင်းထန်လွန်းတာကြောင့် ဦးဝိစာရကို လူအများက ပိုပြီး သတိရတာဖြစ်ပါလိမ့်မယ်။...

သခင်ကိုယ်တော်မှိုင်း (၁၈၇၆ – ၁၉၆၄)

★ (နိုင်ငံရေး နှင့် စာပေနယ်ပယ်) • ၁၈၇၆ ၊ မတ်လ ၂၃ ရက်နေ့တွင် မွေးဖွား။• ပြည်ခရိုင်၊ ရွှေတောင်မြို့ ဝါးလည်ရွာ ဇာတိ။• အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်း ။• မွေးချင်း (၅) ယောက်အနက် ဒုတိယမြောက်သား။• အမည်ရင်း မောင်လွန်း။• ကဗျာစာဆို• စာရေးဆရာ• ငြိမ်းချမ်းရေးတမန်တော်• အမျိုးသားရေးခေါင်းဆောင်•...

ဆရာစံ လယ်သမားတော်လှန်ရေး

ဆရာစံ လယ်သမားလက်နက်ကိုင်တော်လှန်မှု • ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာလ။• သာယာဝတီခရိုင် အခြေပြု။• ဆရာစံဦးဆောင်သော လယ်သမား ဂဠုန်တပ်ဖွဲ့။• လွတ်လပ်ရေးလှုပ်ရှားမှုအတွက်။• လယ်သမား လက်နက်ကိုင် သူပုန်တပ်မကြီး။• ဗြိတိသျှ အင်္ဂလိပ်ကို တော်လှန် ပုန်ကန် ထကြွ။ ဆရာစံ ဦးဆောင်တဲ့ လယ်သမားလက်နက်ကိုင်ပုန်ကန်မှုဟာ အင်္ဂလိပ်အစိုးရကို အတော်အတန် တုန်လှုပ်စေခဲ့ တယ်။ လက်နက်ကိုင် ပုန်ကန်မှုက ချို့ယွင်းချက်တွေ...

မြန်မာ့နိုင်ငံရေးလေ့လာချက်

မြန်မာ့နိုင်ငံရေးလေ့လာချက်နှင့်ပတ်သက်ပြီး၊ စာရေးသူ သင်ကြားထားသည့် Power Point ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို သမိုင်းပြက္ခဒိန် အလိုက်စဉ်၍ ၊ ပြုစုစီရင်ထားပါသည်။ မြန်မာ့ခေတ်သစ်နိုင်ငံရေးသမိုင်း အကျဉ်းချုပ်ကို လေ့လာသိရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လေ့လာချင်လျှင် ၊ အောက်ပါ link တွင် …. PDF Download ရယူနိုင်ပါသည်။ Myanmar-Politics-by-Min ThaytDownload